ဧတဒဂ်ဘွဲ့တံဆိပ်တော်ရ_ရဟန်းမိန်းမ ၁၃-ပါး
💐💐💐💐💐💐💐
(၁) မိထွေးတော် မဟာပဇာပတိ ဂေါတမီ ထေရီ- 'အဂ္ဂ ရတ္တညူ' ဘွဲ့တံဆိပ်တော်ရသည်။
(၂) ခေမာ ထေရီ 'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်တော်ရသည်။
(၃) ဥပ္ပလဝဏ် ထေရီ- 'တန်ခိုးကြီး' ဘွဲ့တံဆိပ်တော်ရသည်။ ဘုရားရှင် ယမိုက်ပြာဋိဟာ ပြခါနီး၌အရှင်ဘုရား တန်ခိုးပြတော်မမူပါနှင့်တော့၊ တပည့်မသည် အလျား ၁၂-ယူဇနာ၊ အနံ ၁၂-ယူဇနာ၊ အဝန်း ၃၆-ယူဇနာ၊ ဗိုလ်ထုနှင့် စကြာမင်းဟန်ဖန်ဆင်း၍ ခြေတော်မြတ်ကို ဦးတိုက်ပါမည်ဟု လျှောက်ထားရာတွင်ဧတဒဂ် ဘွဲ့ထူးရလေသည်။
(၄) ပဋာစာရီ ထေရီ- ဝိနည်းဓိုရ်အရာ၌ 'အဂ္ဂ ဝိနယ ဓါရီ' ဘွဲ့တံဆိပ်တော်မြတ်ရသည်။
(၅) ဓမ္မဒိန္နာ ထေရီ 'အဂ္ဂ ဓမ္မကထိက' ဘွဲ့တံဆိပ်တော်ရသည်။ ဝိသာခါ ဒါယိကာမကြီးက တရားဟောရန်လျှောက်ထားတောင်းပန်သောကြောင့် အထူးထူးသောနည်းတို့ဖြင့် ခက်ခဲနက်နဲသိမ်မွေ့သောမူလပဏ္ဏာသကျမ်း၌ "စူဠဝေဒလ္လ" သုတ်ကိုဟောတော်မူရာ ငါဘုရားဟောသော်လည်း သည်အတိုင်းပင် ဟောရတော့မည်ဟု ကောင်းချီးပေးလျက် ဧတဒဂ်ဘွဲ့ထူးကို အပ်နှင်းချီးမြှောက်လေသည်ဟူ၏။
(၆) နန္ဒာ ထေရီ- ဈာန်ဝင်စားသောအရာ၌ 'အဂ္ဂ ဈာယိကာ' ဘွဲ့ထူးတံဆိပ်တော်ရသည်။
(၇) သောဏာ ထေရီ- 'လုံ့လ ဝီရိယကောင်း' ဘွဲ့တံဆိပ်တော်ရသည်။
(၈) ဗကုလာ ထေရီ- 'ဒိဗ္ဗစက္ခုဉာဏ်' ဘွဲ့တံဆိပ်တော်ရသည်။ (အချို့မူ၌ "သကုလာ"ဟု ရှိသည်။)
(၉) ဘဒ္ဒါ ကုဏ္ဍလ ကေသာ ထေရီ- အဘိညာဉ်အရာ၌ လျင်မြန်သောကြောင့် 'အဂ္ဂ ခိပ္ပါဘိည' တံဆိပ်တော်ရသည်။
(၁၀) ဘဒ္ဒါ ကပိလာနီ ထေရီ- 'ပုဗ္ဗေနိဝါသဉာဏ်' တံဆိပ်တော်ရသည်။
(၁၁) ရာဟုလာမယ်တော် ဘဒ္ဒကဉ္စနာ ယသော်ဓရာ ထေရီ- 'ဉာဏ်အမြင်ကြီးရာ၌' တံဆိပ်တော်
ရသည်။
(၁၂) ကိသာ ဂေါတမီ ထေရီ- ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ 'အဂ္ဂ လူခ စီဝရ ဓါရီ' တံဆိပ်တော်မြတ်ရသည်။
(၁၃) သိင်္ဂါလ မာတာ ထေရီ- သဒ္ဓါတရားကောင်း 'သဒ္ဓါဓိမုတ္တ' ဘွဲ့တံဆိပ်တော်မြတ်ရလေသည်။
Creadit...
No comments:
Post a Comment