ပုညကိရိယ ၀တ္တု (၁၀) ပါး
~~~~~~~~~~~~~~
ပုညကိရိယ = ပြုထိုက်သည့် ကောင်းမှု။
၀တ္တု = ကောင်းကျိုးတို့၏ တည်နေရာ။
ပုညကိရိယ ၀တ္တု = ကောင်းကျိုးတို့၏ တည်ရာဖြစ်၍ ပြုထိုက်သည့် ကောင်းမှုများ။
၁။ ဒါန = စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
၂။ သီလ = ကိုယ်နှင့်နှုတ် အပြစ်ကင်းအောင် စောင့်စည်းထိန်းသိမ်းခြင်း၊ ငါးပါးသီလ ရှစ်ပါးသီလ စသည် စောင့်ထိန်းခြင်း။
၃။ ဘာ၀နာ = တရားအားထုတ်ခြင်း။
၄။ အပစာယန = ရိုသေထိုက်သူကို ရိုသေခြင်း။
၅။ ဝေယျာ၀စ္စ = ကုသိုလ် လုပ်ငန်းတို့ကို ဝိုင်း၀န်းဆောင်ရွက်ခြင်း။
၆။ ပတ္တိဒါန = မိမိပြုသည့် ကုသိုလ်အဖို့ကို အမျှဝြေခင်း။
ရ။ ပတ္တာနုမောဒန = သူတစ်ပါးပြုသည့်ကုသိုလ်ကို ၀မ်းမြောက်ခြင်း(သာဓုခေါ်ခြင်း)။
၈။ ဓမ္မဿ၀ဏ = သူတော်ကောင်းတရား နာကြားခြင်း။
၉။ ဓမ္မဒေသနာ = သူတော်ကောင်းတရား ဟောကြားခြင်း။
၁၀၊ ဒိဋ္ဌိဇုကမ္မ = အယူဝါဒ ဖြောင့်မတ်အောင်ပြုခြင်း။
ပြုသင့်ပြုထိုက်သော ဤဖော်ပြပါ ကောင်းမှုတို့ကို အခွင့်သင့်တိုင်း ပြုလျှင် ကောင်းကျိုးချမ်းသာ တိုးပွား၏။
#သစ္စာရှင်
#မြတ်ဗုဒ္ဓ၏သာသနာ page
No comments:
Post a Comment