ကံအကျိုးပေးဆိုသည်မှာ
🔥🔥🔥🔥🔥🔥🔥🔥🔥
မြတ်စွာဘုရားဟောထားတာရှိတယ်။ ဆားခဲလေးတစ်ခုကို ဖန်ခွက်တစ်ခွက်ထဲမှာရှိတဲ့ ရေထဲကို ထည့်လိုက်လို့ရှိရင် အဲဒီရေသည် သောက်မရအောင် ငန်သွားနိုင်တယ်။
သို့သော် အဲဒီဆားခဲကိုပဲ ရေကန်ကြီးထဲ၊ မြစ်ထဲမှာ ထည့်လိုက်မယ်ဆိုလျှင် ဘာအရသာမှ မပေါ်ဘူး၊ ဘာမှမဖြစ်ဘူး။
အဲဒါလိုပဲ လူမှာ တချို့ပုဂ္ဂိုလ်တွေမှာ ကောင်းတာတွေလုပ်ထားတာက အများကြီး၊ မကောင်းတဲ့ အကုသိုလ် မတော်တဆ လုပ်မိဦး။ သူ့ကျတော့ ပျောက်သွားတယ်။ မဝင်လာတော့ဘူး။
တချို့ကျတော့ ကောင်းတာက မရှိဘူး။ မကောင်းတာတွေက များနေတယ်ဆိုလျှင် ခုနက ဆားခဲကို ဖန်ခွက်ထဲကရေထဲ ထည့့်လိုက်သလိုပဲ။ သူကျတော့ ပိုခံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ အခြေအနေကောင်းတွေ မရှိဘူးလေ။ လောဏကပလ္လသုတ်မှာ ဟောထားတာရှိတယ်နော်။
အဲဒီလိုပဲ ကံက အကျိုးပေးတယ်ဆိုတဲ့နေရာမှာလည်း အခြေအနေတွေပေါ်မှာ မူတည်တယ်။ တစ်ဦးနဲ့တစ်ဦးဟာ အခြေအနေချင်း မတူဘူး။ မတူလျှင် အကျိုးပေးတာချင်းလည်း မတူနိုင်ဘူးပေါ့။ ဒီသဘောတရားတွေကို ထည့်စဉ်းစားဖို့လိုတယ်ပေါ့။
.
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
မူရင်းရေးသားတင်စက်သူများကို
No comments:
Post a Comment