စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, May 27, 2022

အဆင့်မြင့်ဆုံး ဥပေက္ခာ

အဆင့်မြင့်ဆုံး ဥပေက္ခာ ...
🌷🌷🌷🌿🌷🌷🌷

ကိုယ်ကိုယ်တိုင် ပထမဆုံး ငြိမ်းချမ်းအောင် လုပ်ရမယ်။
ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းချင်ဖို့ ဘာလုပ်ရမလဲဆိုရင်
ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေရဲ့ အကျိုးကို လိုလားတဲ့ မေတ္တာထားပါ။
ဆင်းရဲဒုက္ခရောက်လာတဲ့ ပုဂ္ဂိုလ်ကို ကူညီပါ။ ကရုဏာထားပါ။
ချမ်းသာတဲ့ပုဂ္ဂိုလ်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ပါ။ 
မုဒိတာ ပြားပါ။

လူ့လောကဆိုတာ
ချမ်းသာတာလည်း သူ့ကံနဲ့ သူပဲ။
ဆင်းရဲတာလည်း သူ့ကံနဲ့သူပဲ။
စိတ်လှုပ်ရှားမှု ကင်းကင်းနဲ့
အေးအေးချမ်းချမ်း နေချင်တယ်ဆိုရင်တော့ 
ဥပေက္ခာ ပွားပါ။
ဥပေက္ခာရဲ့ သဘောတရားကို
မြန်မာလူမျိုးတွေက အဓိပ္ပါယ်ကောက် လွဲနေတယ်။
မခေါ်မပြော၊ဂရုမစိုက်ဘဲနေတာကို ဥပေက္ခာ လို့ ထင်နေကြတယ်။
အမှန်မှာ ဥပေက္ခာ က မေတ္တာထက် လည်း သာတယ်။
ကရုဏာထက်လည်း သာတယ်။
မုဒိတာထက်လည်း သာတယ်။

ဥပေက္ခာဆိုတဲ့ သဘောတရားက
လူဆိုတာ သူ့ကံနဲ့သူဖြစ်တာ။
ဆဲသွားရင်လည်း ငါ့ဆဲရမလားလို့ စိတ်မဆိုးနဲ့။
ဥပေက္ခာသမားသည် လာရောက်ပြီးတော့ ချီးမွမ်းပြီးတော့
အကူအညီပေးရင်လည်း အော် ဒီကောင် က တော်တယ်၊
ငါ့ကို ချီးမွမ်းဖော်ရတယ်၊ ငါ့ကို ကူညီဖော်ရတယ်ဆိုပြီးတော့ ဝမ်းမသာဘူး။
ဆိုလိုတာက စိတ်ဓာတ်အလွန်တည်ငြိမ်တဲ့
ပုဂ္ဂိုလ်အနေအထားမျိုးကို ဥပေက္ခာလို့ ခေါ်တယ်။
စိတ်ဓာတ် အလွန်တည်ငြိမ်တယ်။
စိတ်ဓာတ် တည်ငြိမ်ပြီး လူကို လျစ်လျူ မရှုဘူး၊
လူရဲ့ အပြုအမူကိုသာ လျစ်လျူရှု ပြီး လုပ်သင့်တာ လုပ်တယ်။

ဆိုပါစို့….လူတစ်ယောက် အကူအညီ လိုနေတယ်။
ဒုက္ခရောက်နေတယ်။
သို့သော် သူက ဆဲပြီးတော့ ခိုင်းတယ်။ စိတ်မဆိုးဘူး။ လုပ်ပေးတယ်။
တစ်ယောက်က ချော့ပြီးတော့ ခိုင်းတယ်။ 
ဝမ်းမသာဘူး လုပ်ပေးတယ်။
အဲဒါ ဥပကျခော။
ဝမ်းသာတယ်တို့ စိတ်ဆိုးနေတယ်တို့ ဆိုတာက
စိတ်မှာ တည်ငြိမ်မှု မရှိတာကို ပြတယ်။
တည်ငြိမ်မှု မရှိတဲ့ သဘောကိုပြနေတာ။

ဥပေက္ခာမှာ တည်ငြိမ်မှု မရှိဘူးဆိုတာ မရှိဘူး။
ဒါကြောင့်မို့ ဥပေက္ခာကို ဘာသာပြန်တဲ့ အခါမှာ
(equinimity) နဲ့ ပြန်တာ (mental calmness)
စိတ်က တည်ငြိမ်နေတာ စိတ်ဓာတ်တည်ငြိမ်နေတာ။
အခု မြန်မာတွေက ဘယ်လိုအဓိပ္ပာယ်ကောက်လဲ ဆိုလို့ရှိရင်
ဥပေက္ခာဆိုတာ အေး ကိုယ်နဲ့မတည့်တဲ့သူ
ဒီကောင် မခေါ်မပြောဘဲ နေလိုက်တယ်၊
ဥပေက္ခာပြု ထားတယ် မခေါ်မပြောဘူး၊
စကားလည်း မပြောဘူး၊ သူ့ ဘာမှ မလုပ်ဘူး၊
အဲဒါ ဥပကျခော။ ဒီလိုပဲ မဟုတဘြူး။
အဲဒီ ဥပေက္ခာက တစ်မျိုး..။
ဒီမွန်မြတ်တဲ့ ဥပေက္ခာ မဟုတ်ဘူး။

မွန်မြတ်တဲ့ ဥပေက္ခာ ဆိုတာ
တစ်ဖက်သား လုပ်တာကို ဂရုစိုက်ပြီးတော့ မနေဘူး၊လုပ်သင့်တာလုပ်တယ်၊
ဒါမှ တကယ့် ဥပေက္ခာ။ဆဲလည်း ဂရုမစိုက်ဘူး၊လုပ်သင့်တာ လုပ်မယ်၊ချီးမွမ်းရင်လည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်၊လုပ်သင့်တာကို လုပ်ပေးတယ်၊
စိတ်ဓာတ်ကတော့ တည်တည်ငြိမ်ငြိမ်ထားတယ်၊ဒါမှ တစ်ကယ့် ဥပေက္ခာ ပါ။

ဆိုလိုတာက ဥပေက္ခာ သည်
လူပုဂ္ဂိုလ်ကို လျစ်လျူရှုတာ မဟုတ်ဘူး။
ပုဂ္ဂိုလ်လုပ်တဲ့ အပြု အမူကို လျစ်လျူရှုတာ၊သူပြောချင်တာတွေ ပြောပါစေ ၊ဂရုမစိုက်ဘူး။ငါ လုပ်သင့်တာ ငါ လုပ်သွားမယ်။ အဲဒါမှ ဥပေက္ခာ။

ကြည့်လေ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် က

“ဝဓကေ ဒေဝဒတ္တေ စ ၊စောရေ အဂုင်္လိမာလကေ။
ဓနပါလေ ရာဟုလေ စ၊သဗ္ဗတ္ထ သမကော မုနိ။”

မြတ်စွာဘုရားကို သတ်ဖို့ ကြိုးစားတဲ့ ဒေဝဒတ် ၊နောက်က ဓားကြီးနဲ့ ခုတ်မလို့လိုက်တဲ့ အင်္ဂုလိမာလ၊ထိုးသတ်မလို့လာတဲ့ နာဠာဂိရိဆင်ကြီး ၊ရာဟုလာ သားတော် အဲဒီ လေးယောက်အပေါ်မှာ
စိတ်ဓာတ် တူညီအောင် ထားနိုင်တယ်ဆိုတာ စဉ်းစားသာကြည့်။

ဘုန်းကြီးတို့ တစ်တွေ ထားနိုင်မှာလား။
တစ်ညီတည်းကို စိတ်ထားနိုင်တာ။
အဲဒါ ဥပေက္ခာ ပေါ့။ခွဲခြားပြီးတော့ မမြင်တော့ဘူး။သတ်ဖို့ ဓားထမ်းပြီးတော့ လိုက်တဲ့ လူသတ်သမားနဲ့
သားတော် ရာဟုလာ ခွဲခြားပြီး မမြင်ဘူး။ တူတူပဲ၊စိတ်ဓာတ်တည်ငြိမ်နေတာ။

ဘာဖြစ်လို့ မြတ်စွာဘုရား
စိတ်ဓာတ် တည်ငြိမ်တုန်းဆိုတော့
ဘုရားမှာ လောဘ၊ ဒေါသ မှ မရှိတာ။
ဘက်လိုက်တယ်ဆိုတာလောဘတို့ ၊
ဒေါသတို့ ၊မောဟတို့ ရှိမှ ဘက်လိုက်တာ။

လောဘ ရှိရင် ဘက်လိုက်ပြီ၊ ဆန္ဒာဂတိ ၊
ဒေါသဆိုရင်လည်း ဘက်လိုက်ပြီ၊ ဒေါသာဂတိ၊ အမှန်မသိရင်လည်းဘဲ ဘက်လိုက်ပြီ ၊ မောဟာဂတိ၊
ကြောက်လို့ ဘက်လိုက်တယ်၊ ဘယာဂတိ၊ဟော အဂတိ လေးပါး ဆိုသည်မှာ
လောဘ၊ ဒေါသ၊ မောဟ မကင်းတဲ့
ပုဂ္ဂိုလ်တွေမှာ လောဘ၊ ဒေါသ၊ မောဟ ကြောင့်စ်ိတ်ဓာတ်ယိမ်းယိုင်မှုကို ဆိုတာ။

လောဘ၊ ဒေါသ၊ မောဟ ကင်းတဲ့
ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ဟာ တည်ငြိမ်နေတယ်။Equanimity အမြဲတမ်း တည့်မတ် တည်ငြိမ်နေတယ်။ဟိုဘက် သည်ဘက် လှုပ်ရှားယိမ်းယိုင်မှု မရှိဘူး။တည့်မတ်တည်ငြိမ်သွားတာ။အဲဒီလိုဖြစ်အောင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဆိုတဲ့
တရားတွေ ပွားများပြီးတဲ့ အခါမှာ
အဆင့်မြင့်ဆုံးဖြစ်တဲ့ ဥပေက္ခာ တရားကို ပွားရတယ်။အဲဒီလို ဥပေက္ခာ တရားကို ပွားလိုက်တဲ့ အခါမှာအဲဒီ ပုဂ္ဂိုလ်ဟာ တကယ့် စိတ်ဓာတ်တည်ငြိမ်တဲ့ သူတော်စင် ဖြစ်သွားပြီ၊ အလွန်မြင့်မြတ်သွားပြီ။

(ကျေးဇူးတော်ရှင်အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်
ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ)

မှန်ကန်သော ဓမ္မအသိတို့ဖြင့် အကျိုးရှိရှိ နေနိုင်ကြပါစေ ကုန်သတည်း။

Post by KO Kaung Myat Thu

#နှလုံးသားမှာ ဘုရားတည်ကြမည်

No comments:

Post a Comment