စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

လူ့သက်တမ်း

လူ့သက်တမ်း
🔥🔥🔥🔥🔥
.
အခုလို ဒုစရိုက်တွေလုပ်တာနှင့် လူ့ရဲ့သက်တမ်းဟာ 
ဘာကြောင့်လျော့ကျရသလဲ? 
ကြောင်း၊ ကျိုးဆီလျောမှု 
ရှိရဲ့လားလို့ စဉ်းစားကောင်း စဉ်းစားမိကြပါလိမ့်မယ်။ 
လူနဲ့ ပြင်ပကမ္ဘာဆိုတာ အမြဲတမ်းဆက်စပ်ပြီးတော့
နေတာပါ။ 

လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ
 ကျဆင်းသွားတာနဲ့
တစ်ပြိုင်နက် ဘာတွေကို သွားထိခိုက်သလဲ
ဆိုလို့ရှိရင် ရာသီဥတုကို သွားထိခိုက်တယ်။ 
လူတွေရဲ့ စိတ်ဓာတ်ပေါ်မူတည်ပြီးတော့ ရာသီဥတုတွေ 
ဖောက်ပြန်လာတယ်။

လူတွေ စိတ်ဖောက်ပြန်တာကို 
အကြောင်းပြုပြီး 
ရာသီဥတုတွေ ဖောက်ပြန်လာတယ်။ 
ထိုအခါ ရာသီဥတုတွေ
ပေါ်မှာမှီပြီး စိုက်ပျိုးရတဲ့သီးနှံတွေ၊ သီးပင်စားပင်တွေမှာ 
အဆီသြဇာတွေ ယုတ်လျော့သွားတယ်။ မကောင်းတဲ့ 
ရာသီဥတုကိုမှီပြီး ပေါက်လာရတဲ့ သီးနှံတွေမှာ 
အဆီသြဇာတွေ ယုတ်လျော့သွားသည့် အတွက်ကြောင့် 
ထိုအဆီသြဇာ ယုတ်လျော့သွားတဲ့ အာဟာရတွေကို 
စားသုံးရတဲ့ လူတွေရဲ့ သက်တမ်းဟာ ကျပြီးတော့
သွားတာပါ။

ဒါကြောင်မို့လို့ လူ့လောကမှာ ကံတရားသာ အဓိက
မဟုတ်ပါဘူး။ 
လူတွေ လူ့ဘဝရောက်ရှိလာတဲ့အခါမှာ 
အသက်ရှည်မှု၊ 
အသက်တိုမှု ဆိုတဲ့ အရာကို 
“ဥတုနဲ့အဟာရ” က အဆုံးအဖြတ်ပေးပါတယ်။ 
“ဥတုနာ ဘောဇနေန အာယု ဟာယတိပိ ဝဎုတိပိ”
ဥတုနှင့်အာဟာရသည် လူတွေရဲ့ သက်တမ်းကို
ယုတ်လျော့စေတယ်၊ 
တိုးလဲတိုးစေတယ်။ 
အဲဒီဥတုကို ဘယ်သူကနေပြီး ထိန်းချုပ်နေသလဲ။ 
control လုပ်နေသလဲဆိုရင် လူတွေရဲ့ ကံကြမ္မာတွေက
ထိန်းချုပ်၊ control လုပ်နေတာပါ။

လူတွေရဲ့ သန္တာန်မှာ ကောင်းတဲ့စိတ်တွေ မွေးလို့ရှိရင် 
ရာသီဥတုတွေဟာ ကောင်းမွန်လာတယ်။ 
လူတွေရဲ့ စိတ်ထဲမှာ မကောင်းတာတွေ မွေးလာလို့ရှိရင် 
ရာသီဥတုတွေဟာ ဖောက်ပြန်လာတယ်။ သက်ရှိကမ္ဘာနှင့် 
သက်မဲ့ပြင်ပကမ္ဘာတို့ဟာ အမြဲတမ်း တစ်ခုနှင့်တစ်ခု 
ဆက်စပ်ပြီးတော့ နေတာပါ။ 
ဒါကြောင်မို့လို့ လူတွေ 
အကျင့်စာရိတ္တပျက်တာကို အကြောင်းပြုပြီး ရာသီဥတုတွေ 
ပျက်ပြားလာတယ်။ 
ရာသီဥတု ပျက်ပြားတာကို 
အကြောင်းပြုပြီး ရာသီဥတုကိုမှီပြီး စိုက်ပျိုးကြရတဲ့
သီးနှံတွေမှာ အဆီသြဇာ ယုတ်လျော့တယ်။ ဒီလိုဖြစ်တာ။

ဒီအဆီသြဇာယုတ်လျော့တဲ့ သီးနှံတွေ စားရတဲ့အခါ 
ထိုသီးနှံတွေရဲ့ စွမ်းအင်သတ္တိ အာဟာရဓာတ်တွေဟာ 
လူ့ရဲ့ သက်တမ်းကို ရှည်အောင်မထိန်းနိုင်တော့ဘူးတဲ့။ 
ဒါကြောင်မို့လို့ လူတွေရဲ့ ကံကြမ္မာ အလျောက် 
သက်တမ်းတွေဟာ တဖြည်းဖြည်းနှင့် အခုလို 
ကျဆင်းသွားတာဖြစ်ပါတယ်။
 အဲဒီမှာ လူတွေဟာ 
ရှစ်သောင်းသက်တမ်းကနေ တဖြည်းဖြည်းပဲ 
ဆုတ်ယုတ်လာလိုက်တာ နှစ်ပေါင်းတော်တော်ကြာ
လာတဲ့အခါ လူ့ရဲ့ သက်တမ်းဟာ တစ်ထောင်တမ်း
အထိအောင် ကျလာတယ်။ 

▬▬▬▬▬▬▬▬
“တစ်ထောင်တမ်း” 
▬▬▬▬▬▬▬▬
.
အဲဒီ တစ်ထောင်တမ်း ရောက်တဲ့အခါ ဘာဖြစ်လဲဆိုတော့ 
လူတွေမှာ အယူအဆကွဲပြားမှုတွေ များလာတယ်။ 
မှားယွင်းတဲ့အယူအဆတွေ တွေးတောပြီး ယုံကြည်
လက်ခံလာကြတယ်။
 အေး၊ 
လောကမှာ ကုသိုလ်ဆိုတာ 
မရှိပါဘူး။ 
ကုသိုလ်လုပ်လို့ ကုသိုလ်ရဲ့အကျိုးတရား
ဆိုတာ မရှိပါဘူး။ 
အကုသိုလ်ဆိုတာလည်း မရှိပါဘူး။ 
အကုသိုလ်ရဲ့ အကျိုးတရားဆိုတာလည်း မရှိပါဘူး။ 
တမလွန်လောက နောက်ဘဝဆိုတာလည်း မရှိဘူး
ဆိုတဲ့ အမှန်တရားကို ငြင်းပယ်တဲ့ အယူဝါဒတွေ 
“နတ္တိက” လို့ခေါ်တဲ့ ကံ, ကံရဲ့ အကျိုးတရားကို 
ငြင်းပယ်တဲ့ ဝါဒတွေ လူ့လောကမှာ ထွန်းကားလာတယ်။ 
လူတွေကဒါကို philosophy လို့ခေါ်ပါတယ်။ 
မှန်ကန်တဲ့ အယူအဆတစ်ရပ်ကို ပြောင်းပြန်
မြင်လာတယ်။
 စာလိုပြောရရင်တော့ “မိစ္ဆာဒိဋ္ဌိ”
မိစ္ဆာအယူဝါဒတွေ လူ့လောကကြီးကို လွှမ်းမိုးလာတယ်ပေါ့။

အဲဒီလို လွှမ်းမိုးလာတာကို အကြောင်းပြုပြီးတော့ 
ရာသီဥတုတွေ ပျက်ပြားဆုတ်ယုတ်လို့ တစ်ထောင်တမ်း 
အသက်ရှည်တဲ့ လူသားတွေရဲ့ သားသမီးမျိုးဆက်တွေ
ကျတော့ တစ်ထောင်ကနေ လျော့ကျသွားတာ 
ဘယ်အထိ ရောက်သွားတုန်းဆိုတော့ “ငါးရာတမ်း”
အထိအောင် ကျသွားတယ်။ လူ့ရဲ့ သက်တမ်းဟာ 
အနှစ်ငါးရာတမ်း ရောက်သွားပြီ။

▬▬▬▬▬
“ငါးရာတမ်း”
▬▬▬▬▬
ကြည့်လေ၊
 ရှစ်သောင်းတမ်း
ကနေပြီးတော့ စလာတဲ့ 
ဒုစရိုက်တွေဟာ အနှစ်တစ်ထောင်တမ်း ရောက်တဲ့အခါ 
လူ့လောကမှာ ဒုစရိုက် (၁၀)ပါးစလုံး ပြည့်သွားတယ်။ 
ဒုစရိုက် (၁၀)ပါးစလုံး ကုန်သွားပြီး ဘေးထွက်ဆိုးကျိုး 
side affect တွေ တစ်ခုပြီးတစ်ခု တက်လာတာ 
ပြဿနာက ဖြေရှင်းလို့ မရဘူး။ နှစ်တစ်ထောင်ထိအောင် 
သက်တမ်းတွေ လျော့ကျလာတယ်။ 
အဲဒီ အနှစ်တစ်ထောင်တမ်း ကနေတစ်ခါ အခု 
ငါးရာတမ်း အထိအောင် လျော့ကျလာတယ်။

ရပ်သွားသလား၊ မရပ်ဘူး။ 
ဒုစရိုက်တွေဟာ 
ဆက်လက်ထွန်းကား နေတဲ့အတွက်ကြောင့် 
အနှစ်ငါးရာတမ်း ရောက်တဲ့အခါကျတော့ အင်မတန်မှ 
ဆိုးဝါးတဲ့ အတွေးအခေါ်၊ အယူအဆတွေ၊ 
စိတ်နေစိတ်ထားတွေဟာ ပေါ်ပေါက်လာပြန်တယ်။

ဘာတွေလဲဆိုလို့ရှိရင် “အဓမ္မရာဂ” တဲ့။ 
“အဓမ္မရာဂ” ဆိုတာ တရားနည်းလမ်းနှင့် သဘာဝကို
ဆန့်ကျင်တဲ့ တဏှာရာဂစိတ်တွေ ပေါ်လာတာ။ 
ဘယ်လို သဘာဝကိုဆန့်ကျင်တဲ့ တဏှာရာဂတုန်း
ဆိုတော့ သားသမီးနှင့်မိဘ ဆိုပါတော့။ 
သားက အမေကိုပြန်ပြီးတော့ ကာမစိတ်တွေ
ဖြစ်လာတယ်။ 
အဖေက သမီးကို ကာမစိတ်တွေ 
ဖြစ်လာတယ်။
 ညီအစ်ကို မောင်နှမအချင်းချင်း 
ကာမစိတ်တွေ ဖြစ်လာတယ်။ 
မဖြစ်သင့်၊မဖြစ်ထိုက်
တာတွေ ဖြစ်လာတယ်။ မိသားစုထဲမှာ သဘာဝကို 
ဆန့်ကျင်လာတဲ့ တဏှာရာဂတွေပေါ်လာတယ်တဲ့။ 
အဲဒါကို “အဓမ္မရာဂ” လို့ခေါ်တယ်။ 
လိင် (sex) နှင့် ပတ်သက်တဲ့ တရားတွေဟာ 
အင်မတန်မှ ဆိုးဝါးလာတယ်။

လူတွေရဲ့ သက်တမ်းငါးရာမှာ နောက်တစ်ခုက 
“ဝိသမလောဘ”၊ ဝိသမလောဘ ဆိုတာ ရှိသင့်တာထက်
ပိုတဲ့ ကာမစိတ်တွေဟာ ပိုများလာတယ်လို့ ဆိုတယ်။ 
ဇနီးမောင်နှံ အချင်းချင်းတောင်မှပဲ ရှိသင့်တာထက်
ပိုလာတဲ့ တဏှာရာဂစိတ်တွေ များလာတာကို 
“ဝိသမလောဘ” လို့ ဒီနေရာမှာဆိုတယ်။

နောက်တစ်ခုက “မိစ္ဆာဓမ္မ” တဲ့။ wrong practice ပေါ့။ 
အဲဒါက ဘာတုန်းလို့ဆိုတော့ ဒီကနေ့ခေတ်သိနေကြတဲ့ 
homosexuality ပေါ့။ 
လိင်တူချင်းဆက်ဆံတဲ့ 
ကာမစိတ်တွေ ထွန်းကားလာတယ်။ 
အဲဒီအချိန် 
လူ့လောကမှာ ဒီ homosexuality ဆိုတာ လူတွေရဲ့ 
သက်တမ်း နှစ်ငါးရာကစပြီးတော့ ပေါ်လာတာပါ။ 
အခုမှပေါ်တာ မဟုတ်ဘူး။

အဲဒီ homosexuality ပေါ်လာသည့်အတွက်ကြောင့် 
ကျား ကျားချင်း၊ မ မချင်း ဆိုတာလို ကမ္ဘာ့ရိုးရာမဟုတ်တဲ့ 
ကာမစိတ်တွေ လူတွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်ပြီးတော့
လာတယ်။ ဒီကနေ့ခေတ်မှာ ဆိုလို့ရှိရင် ဒါတွေဟာ 
အထွတ်အထိပ် ရောက်နေတယ်လို့ ဆိုရမယ်။ 
တချို့နိုင်ငံတွေမှာဆိုရင် ကျား ကျားချင်း၊ မ မချင်း 
လက်ထပ်ခွင့်တွေ ပြုထားပြီးပါပေလို့ခေါ်တဲ့ ပုဂ္ဂိုလ်တွေရဲ့
အဖွဲ့အစည်း တရားဝင်အဖြစ် တည်ထောင်လာကြတယ်။ 
homosexuality ကို တရားဝင်ဖြစ်အောင်၊ တကယ့် 
ပင်ကိုယ် သဘာဝတရားအဖြစ် လက်ခံလာအောင် 
ကြိုးစားလာကြတယ်။

သြော်၊ ဒီကိစ္စတွေဟာ လွန်ခဲ့တဲ့ လူတွေရဲ့သက်တမ်း
အနှစ်ငါးရာတုန်းက စပြီး ပေါ်လာတာပါ။ 
ခုမှ ပေါ်တာ မဟုတ်ဘူး။

 မြတ်စွာဘုရားက အဂုင်္တ္တရနိကာယ် 
“ပလောကသုတ်”မှာ ဟောထားပါတယ်။ 
ပလောက ဆိုတာ “ပျက်စီးခြင်း”လို့ အဓိပ္ပါယ် ရတယ်။ 
ပုဏ္ဏားကြီးတစ်ယောက်က မြတ်စွာဘုရားကို 
လျှောက်ဖူးတယ်။ 

အရှင်ဘုရား၊
 တပည့်တော် ကြားဖူးတာ ရှေးယခင်တုန်းက
ဟောဒီ လူ့ပြည်လောကကြီးဟာ သိပ်ပြီးတော့ 
သာယာအေးချမ်းတယ်။
 မြို့တွေ ရွာတွေဟာလည်းပဲ
ကြက်ပျံမကျ စည်ကားတယ်လို့ တပည့်တော် ကြားဖူးတယ်။ 
အခုကျတော့ လူနေအိမ်တွေ အင်မတန်ကျဲပြီး 
မြို့ပျက်ကုန်းတွေ၊
 ရွာပျက်ကုန်းတွေ ပေါ်လာတယ်။ 
ဒီလို လူတွေ ပျက်စီးရတာဟာ ဘာကြောင့်ပါလဲ။

အဲဒီလိုမေးတော့ အဲဒီသုတ္တန်မှာ မြတ်စွာဘုရားက 
ဒီတရားသုံးပါးကို ဟောထားပါတယ်။ အေး၊ လူ့လောကမှာ 
“အဓမ္မရာဂ”လို့ခေါ်တဲ့ မဖြစ်သင့်၊ 
မဖြစ်ထိုက်တဲ့ 
တဏှာစိတ်တွေ၊ 
“ဝိသမလောဘ”ဆိုတဲ့ အလွန်အကျွံ
ဖြစ်တဲ့ တဏှာစိတ်တွေ၊
 “မိစ္ဆာဓမ္မ” လို့ခေါ်တဲ့ 
ကျား ကျားချင်း၊ မ မချင်း လိင်ဆက်ဆံချင်တဲ့ စိတ်တွေ၊
ဒီစိတ်မျိုးတွေကြောင့်မို့လို့ လူ့လောကကြီးမှာ 
ကိုယ်ကျင့်တရားတွေ ပျက်လာတယ်။ ပျက်လာသည့်
အတွက်ကြောင့် ရာသီဥတုတွေပျက်တယ်။ ရာသီဥတုတွေ 
ပျက်သည့်အတွက်ကြောင့် ကပ်ဆိုက်ပြီးတော့ လူတွေရဲ့
သက်တမ်းဟာ တိုလာရတယ်။
 ဒါကြောင်မို့လို့ 
လူ့လောကမှာ “ဒုမ္ဘိက္ခန္တရ”ကပ်တွေ ဖြစ်လာလို့
အစာရေစာ ခေါင်းပါးတယ်၊
 ငတ်မွတ်တယ်။ 
“ဒုမ္ဘိက္ခန္တရ”ကပ်ကို အကြောင်ပြုပြီးတော့ 
ရောဂါတွေ ဖြစ်လာရတယ်။ 
ရောဂါတွေ ဖြစ်လို့ လူသေဆုံးမှု များလာတယ်။ 
မမြင်ရတဲ့ အန္တရာယ်တွေ ပါဝင်လာတယ်လို့ 
မြတ်စွာဘုရားက ဒီသုတ္တန်မှာလည်း ဟောထားတာ
ရှိပါတယ်။ အဲတော့ ဒီကနေ့ခေတ်အခါမှာ ဒီ 
homosexuality ဆိုတာ ပေါ်လာတာမဟုတ်။ 
ရှေးတုန်းကတည်းက ပေါ်လာတာ။

ဘုန်းကြီးတို့ နိုင်ငံခြားမှာနေတုန်းက နိုင်ငံတစ်နိုင်ငံမှာ 
သတင်းစာထဲ ဖတ်လိုက်ရတယ်။ 
အဲဒီနိုင်ငံမှာ 
ယောက်ျားကလေး ပြည့်တန်ဆာ သုံးထောင်ထိအောင် 
ရှိတယ်လို့။ 
သူတို့နိုင်ငံမှာ ယောက်ျားလေးတွေ 
ဟိုတယ်ကို မသွားရဘူး ဆိုပြီးတော့ တားမြစ်ထား
ရတာတွေတောင်မှ ကြားခဲ့ရတယ်။
 အဲတော့ 
ဒီကိစ္စတွေများများဖြစ်လာလေ လူ့လောကကြီးမှာ
ရောဂါဘယတွေ ပေါ်လာပြီးတော့ သက်တမ်းတွေဟာ 
ဆုတ်ယုတ်လာတာ ဖြစ်ပါတယ်။

▬▬▬▬▬▬
“နှစ်ရာတမ်း”
▬▬▬▬▬▬
.
ဒါကြောင်မို့လို့ လူတွေရဲ့ သက်တမ်း အနှစ်ငါးရာတမ်းမှာ
ဟောဒီ sex နဲ့ပတ်သက်တဲ့ တရားသုံးမျိုး 
ထွန်းကားလာတာနဲ့ တစ်ပြိုင်နက်တည်း လူ့ရဲ့ 
အသက်တွေဟာ အနှစ်ငါးရာတမ်းကနေပြီးတော့ 
နှစ်ရာ့ငါးဆယ်၊နှစ်ရာတမ်းထိအောင် 
လျော့ကျသွားပါတယ်တဲ့။

အဲဒီလို လျော့ကျသွားတဲ့အခါမှာ လူ့လောကမှာ ဘာတွေ 
ပေါ်လာပြန်တုန်းဆိုတော့ အမေကို ထော်လော်ကန့်လန့်
ပြောတာတွေ၊ အဖေကို ထော်လော်ကန့်လန့် ပြောတာတွေ၊ 
ဆွေထဲမျိုးထဲက ဦးကြီး၊ ဦးလေး၊ ကြီးဒေါ်၊ ဒေါ်ဒေါ်
စတဲ့ လေးစားရမယ့် ပုဂ္ဂိုလ်တွေကို အလေးအမြတ် 
မပြုတာတွေ၊ ဘာသာရေးနှင့် ပတ်သက်တဲ့ 
သူတော်ကောင်းတွေကို ပြစ်မှားစော်ကားတာတွေ၊ 
ဒီကိစ္စရပ်တွေ ပေါ်လာတယ်တဲ့။

မိဘကို မလေးစားတာတွေ၊ လေးစားရမယ့် ပုဂ္ဂိုလ်တွေကို 
မလေးစားတာတွေ၊ဒီလို လူ့လောကမှာထော်လော်ကန့်လန့်
လုပ်တာတွေ၊ အသက် နှစ်ရာတမ်းမှာ ပေါ်လာသည့်
အတွက်ကြောင့် လူတွေရဲ့ သက်တမ်းဟာ ထပ်မံပြီးတော့ 
ကျဆင်းသွားလိုက်တာ အသက်တစ်ရာတမ်း 
အထိအောင် ရောက်ရှိလာခဲ့ပါတယ်။

▬▬▬▬▬▬
“တစ်ရာတမ်း” 
▬▬▬▬▬▬
.
အဲဒီ အသက်တစ်ရာတမ်း ရောက်လာတဲ့အချိန် လောကမှာ 
ဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်လာတယ်ဆိုတာ 
အားလုံး ဗုဒ္ဓဘာသာဝင်တွေ သိတဲ့အတိုင်းပဲ။ 
ဂေါတမမြတ်စွာဘုရားဟာ ဒုစရိုက်တွေ အလုံးစုံပြီးတော့ 
ကိုယ်ကျင့်တရားတွေ အလွန်ပျက်ပြားနေတဲ့အချိန်မှာ 
ပွင့်လာရတာ ဖြစ်ပါတယ်။ ဒါကြောင်မို့လို့ 
ထိုခေတ်အခါက “ယုဂ” လေးပါးနဲ့ ကြည့်မယ်ဆိုရင် 
“ယုဂ” ဆိုတဲ့ နှစ်အပိုင်းအခြားကြီးနဲ့ တွက်ကြည့်မယ်
ဆိုလို့ရှိရင် “ကလိယုဂ” လို့ခေါ်တဲ့ အန်မတန်မှ
ဆိုးဝါးတဲ့ ခေတ်ကြီးထဲမှာ ဂေါတမမြတ်စွာဘုရား 
ပွင့်တာ။

ကလိယုဂ် ဆုတ်ကပ်ကာလမှာ ဂေါတမမြတ်စွာဘုရား 
ပွင့်လို့ အဋ္ဌကထာကျမ်းကြီးတွေကို ဖွင့်ဆိုတဲ့ 
ဋီကာဆရာကြီးတွေက ဘယ်လိုတင်စားပြီးတော့ 
ပြောတုန်းဆိုလို့ရှိရင် “ဂေါတမမြတ်စွာဘုရား
ပွင့်လာတာဟာ မီးပုံထဲကပွင့်လာတဲ့ ကြာပန်း” ပါတဲ့။ 
အဲဒီတော့ မီးနှင့်ကြာ ဆိုတာက အတူနေလို့
ရကောင်းတဲ့ဟာမှ မဟုတ်ဘဲ။ 
ဘုရားပွင့်က မီးပုံထဲကပွင့်ရတာ။ 
ရေထဲက ပွင့်တာမဟုတ်ဘူး။ ဒီလိုတင်စားပြီးတော့ 
ရေးထားကြတယ်။“မီးပုံထဲက ပွင့်လာတဲ့ ကြာပန်းကြီး”တဲ့။

ဂေါတမမြတ်စွာဘုရားကို ဘာဖြစ်လို့ မီးပုံထဲက ပွင့်တဲ့
ကြာပန်းကြီးလို့ ပြောရတုန်း ဆိုလို့ရှိရင် တကယ့်
ခေတ်ဆိုးထဲ ပွင့်လာလို့ပါ။ ဘယ်လောက်ထိအောင် 
ဆိုးတုန်းဆိုတော့။ 

ဥပမာ- 
လေးချောင်းထောက် 
စားပွဲကြီးမှာ ခြေထောက်လေးချောင်းလုံး စုံနေတဲ့အချိန် 
ချထားလိုက်ရင် ငြိမ်နေတာပဲ။ 
ရွှေခေတ်မှာ လူတွေဟာ
အားလုံး လေးပုံပုံ လေးပုံလုံး လူကောင်းကြီးပဲ။ 
အကုန်လုံး သာယာငြိမ်းချမ်းတယ်။

အေး၊ အဲဒီကနေပြီး ခြေထောက် လေးချောင်းမှ 
တစ်ချောင်းကျိုးသွားလို့ စားပွဲကြီးဟာ နည်းနည်း
လှုပ်လာသလို လူလေးပုံမှာ တစ်ပုံလောက်က 
အကျင့်ပျက်လာပြီဆိုလို့ရှိရင် မငြိမ်တော့ဘူး။ 
နောက်တစ်ခု လေးချောင်းထောက် စားပွဲမှာ 
နောက်ခြေထောက်တစ်ချောင်း ထပ်ပြီးတော့ ကျိုးသွားပြီး
ခြေထောက်နှစ်ချောင်းထဲနှင့် ဆိုလို့ရှိရင် စားပွဲကြီးဟာ 
စောင်းသွားပြီ။

အဲဒီထဲမှာ နောက်တစ်ချောင်းထပ်ပြီး ကျိုးလိုက်တဲ့
အခါကျတော့ စားပွဲကြီးဟာ တစ်ချောင်းထဲထောက်
နေရတဲ့ အခြေအနေမျိုးလို လူတွေ လေးပုံမှာ 
သုံးပုံက အကျင့်ပျက်နေတဲ့ အချိန်မျိုးမှာ ဂေါတမ
ဘုရား ပွင့်တော်မူလာရတာ ဖြစ်တယ်။ ဒီလို ကလိယုဂ် 
ဆုတ်ကပ်ကာလဆိုတာ လူ့လောကမှာ လေးပုံတစ်ပုံပဲ
ကောင်းတယ်။ ကျန်တဲ့သုံးပုံက တရားပျက်နေပြီလို့ 
ဆိုလိုတာ။

အဲဒီလို ခေတ်ဆိုးကြီးထဲမှာ မြတ်စွာဘုရားပွင့်လာရတာ
ဖြစ်ပါတယ်။ 
မြတ်စွာဘုရား ပွင့်လာသည့် အတွက်ကြောင့်၊ 
ဘုရားရဲ့ တရားစွမ်းအားကြောင့် လူတွေရဲ့ သက်တမ်း 
တစ်ရာတမ်းဟာ ကနေ့ထိအောင်ပဲ တည်တံ့နေတယ်။ 
တစ်ရာနီးနီး၊ 
တစ်ရာကျော်ကျော် အသက်ရှည်တဲ့ 
ပုဂ္ဂိုလ်တွေ တွေ့နိုင်သေးတာပေါ့။ 
ဘုရားပွင့်ထားတဲ့ အရှိန်လေးကြောင့်မို့လို့ပါ။ ။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

မူရင်းရေးသားတင်စက်သူများကို
လေးစားစွာဖြင့် Credit ပေးပါသည်။

No comments:

Post a Comment