ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သည့်ဗုဒ္ဓ၏မှတ်တိုင်နေ့ထူးနေ့မြတ် (၂၀)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
၁။🙏 မဟာသက္ကရာဇ် (၆၇)ခုနှစ်ဝါဆိုလပြည့်ကြာသပတေးနေ့ သန်းခေါင်ယံ အချိန်၌ ပဋိသန္ဓေ တည်နေတော်မူ၏။
၂။🙏 မဟာသက္ကရာဇ်(၆၈)ခုနှစ် ကဆုန်လပြည့် သောကြာနေ့ နေမွန်းတည့်ချိန်၌ ဖွားမြင်တော်မူ၏။
၃။🙏 မဟာသက္ကရာဇ် (၈၃)ခုနှစ် (၁၆)နှစ်သား
အရွယ်ကဆုန်လတွင်ထီးနန်းအုပ်ချုပ်မင်းလုပ်တော်မူ၏။
၄။🙏 မဟာသက္ကရာဇ် (၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့ သန်းခေါင်ယံအချိန်၌ တောထွက်တော်မူ၏။(၂၉)နှစ်အရွယ်။
၅။🙏 မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အရုဏ်တတ်ချိန်၌ ဘုရားဖြစ်တော်မူ၏။(၃၅)နှစ်အရွယ်။
၆။🙏 မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ဝါဆိုလဆန်း(၅)ရက် ဗုဒ္ဓဟူးနေ့၌ သဟမ္ပတိဗြဟ္မာမင်းကတရားဟောရန် တောင်းပန်သဖြင့် တရားဟောတော်မူခြင်း။
၇။🙏 မဟာသက်ကရာဇ်(၁၀၃)ခုနှစ် ဝါဆိုလပြည့်စနေနေ့ နေဝင်ချိန်၌ ပဉ္စဝဂ္ဂီငါးဦး
အားဓမ္မစကြာတရားကိုဟောတော်မူ၏။
၈။ 🙏 မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ဝါဆိုလပြည့်နေ့ (သို့)ဝါဆိုလဆုတ်(၄)နေ့ သံဃာအဖွဲ့အစည်းစတင်ပေါ်ပေါက်လာ၏။
၉။🙏မဟာသက္ကရာဇ် (၁၀၃)ခုနှစ် သီတင်းကျွတ်လပြည့်ကြာသပတေးနေ့၌ သံဃာတို့အားသာသနာပြုစေလွှတ်တော်မူ၏။
၁၀။ 🙏 မဟာသက္ကရာဇ်(၁၀၃)ခုနှစ် တန်ဆောင်မုန်းလပြည့်သောကြာနေ့၌ရသေ့ညီနောင်"ကဿပ"
စသောရှင်တစ်ထောင်တို့ကိုချေချွတ်တော်မူရန်ဥရုဝေဠတောသို့ရောက်တော်မူ၏။
၁၁ ။🙏 မဟာသက္ကရာဇ်(၁၀၃)ခုနှစ် တပိုတွဲလပြည့်နေ့၌သာဝကသန္နိပါတ=(သာဝကအားလုံးစုံညီစည်းဝေးပွဲ)တွင်သြဝါဒပါတိမောက် ပြတော်မူ၏။
၁၂။မဟာသက္ကရာဇ်(၁၀၄)ခုနှစ် ကဆုန်လပြည့်ကျော်(၁)ရက်နေ့၌မြတ်စွာဘုရား
သည်မိမိမွေးဇာတိမြေသို့ ရောက်၍ဗုဒ္ဓဝင်တရားဟောတော်မူ၏။
၁၃။🙏 မဟာသက္ကရာဇ်(၁၀၇)ခုနှစ် ဝါတွင်းကာလဝေသာလီမြို့ မဟာဝုန်တောကုဋာဂါရကျောင်း၌သီတင်းသုံး
တော်မူစဉ် ဘီက္ခုနီ သာသနာတော်ကိုစတင်ခွင့်ပြုတော်မူ၏။
(သက်တော်၄၀ အရွယ်ဝါတော်ငါးဝါအရ)
၁၄။🙏 မဟာသက္ကရာဇ်(၁၀၈)ခုနှစ်တွင် တန်ခိုးပြတော်မူ၍ တာဝတိ ံသာနတ်ပြည်သို့ ကြွတော်မူ၏။(၄၁နှစ်အရွယ် ခုနစ်ဝါအရ)
၁၅။🙏 မဟာသက္ကရာဇ်(၁၀၈)ခုနှစ် ်သီတင်းကျွတ်လပြည့်နေ့၌ တာဝတိ ံသာနတ်ပြည်မှ သင်္ကဿနဂိုရ်မြို့သို့သက်ဆင်းတော်မူ၏။
လောကဝိဝရဏတန်ခိုးပြသောနေ့မှာလည်းဤနေ့ပင်ဖြစ်၏။
၁၆။ 🙏မဟာသက္ကရာဇ်(၁၂၃)ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့၌သာမညဖလသုတ်တော်ကို အဇာတသတ်မင်းအားဟောတော်မူ၏။(ဝါတော်၂၀ သက်တော်ငါးဆယ့်ငါးနှစ်အရွယ်)
၁၇။🙏 မဟာသက္ကရာဇ်(၁၄၇)ခုနှစ် တပိုတွဲလပြည့်နေ့၌အာယုသင်္ခါရလွှတ်တော်မူ၏။(သက်တော်၈၀အရွယ်ဝါတော်၄၅ဝါအရ)
၁၈။🙏 မဟာသက္ကရာဇ်(၁၄၈)ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့မိုးသောက်ယံအချိန်၌ပရိနိဗ္ဗာန်စံတော်မူ၏။
(သက်တော်၈၀ ဝါတော်၄၅ဝါအရ)
၁၉။🙏 မဟာသက္ကရာဇ်(၁၄၈)ခုနှစ် ်တွင်ကဆုန်လဆုတ်(၁၂)ရက်တနင်္ဂနွေနေ့၌တေဇောဓာတ်လောင်တော်မူ၏။
၂၀။ 🙏မဟာသက္ကရာဇ်(၁၄၈)ခုနှစ် နယုန်လဆန်း(၅)ရက်နေ့၌ဓါတ်တော်ဝေပွဲကျင်းပ၏။
🙏🙏🙏🙏🙏🙏🙏🙏🙏
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
🙏🙏🙏🙏🙏🙏🙏🙏🙏
ပြန်လည်တင်ဆက်သည်။
🙏🙏🙏🙏🙏🙏🙏🙏
No comments:
Post a Comment