"လူတွေဟာ အနေတတ်ဖို့ လိုသလို
အသေတတ်ဖို့ လိုသေးတယ်"တဲ့။
ဒါကြောင့်"မြတ်စွာဘုရား"က
ဒီ"သုတ္တန်"မှာ"အနေ တတ်ဖို့ လိုသလို
အသေတတ်ဖို့ လို သေးတယ်"တဲ့။
အေး..
"နေမကောင်း ထိုင်မသာဖြစ်ပြီးတော့
ရောဂါ ဝေဒနာဖြစ်နေတဲ့
ပညာရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက်" ကို
"ပညာရှိတဲ့ မိတ်ဆွေ တစ်ယောက်"က
အားပေးစကား ပြောသင့်တယ်။
အကျိုးရှိလို့ပြောတာ။
အားပေးစကား ပြောရမှာ။
မြန်မာပြည်မှာ တချို့
"သေငယ်ဇောနဲ့မျောနေတဲ့ လူ တစ်ယောက်"ကို အားပေးစကားမပြောပဲနဲ့...
"ဘဏ်စာအုပ် ဘယ်နားထားခဲ့လဲ"လို့မေးတယ်။
"လက်ကောက် တို့ စိန် နားကပ်တို့
ဘယ် နား ထား တုန်း"... သေတဲ့လူ
ဖြောင့်ပါ့မလား၊အဲဒီလိုမေးရင်။
"ဘုန်းကြီး"တွေလည်း"ပျံလွန်တော်မူ"ခါနီးရင်"ကျောင်းကို ဘယ်သူ့အပ်ခဲ့မှာတုန်း" ကလာ သေး တာ။
အဲဒါ အားပေးစကားဖြစ်ပါ့မလား။မတူဘူး..။တွန်းလွှတ်တာနဲ့တူနေတယ်။
"အဲ့ဒါမျိုး မဖြစ်သင့်ဘူး"တဲ့။
တကယ်က"အားပေးစကား"ပဲပြောရမယ်။
ဒါဖြင့်...
"အားပေးစကားပြောရမယ်"ဆိုရင်-
"ဘယ်လိုအားပေးစကားပြောရမလဲ?"ဆိုတော့..."အချက် (၄)ချက်"နဲ့ပြောရမယ်။
"လူ ဥပသကာ"ကို "အချက် (၄)ချက်"နဲ့ပြောရမယ်။
(၁) "မင်းမှာ ဘုရားအပေါ်မှာ နှစ်နှစ်ကာကာနဲ့"အသိ ဥာဏ်"နဲ့ "ဘုရား"အပေါ်မှာယုံကြည်တဲ့"သဒ္ဓါတရား" တွေရှိနေတယ်ဘာမှ ကြောက်စရာမလိုဘူး။
စိတ်အေး လက်အေး နေနိုင်တယ်။
မကောင်းတဲ့ဘဝ ဘယ်တော့မှမရောက်ဘူး။ အဲဒါတွေကကယ်သွားလိမ့် မယ်။
ဒါလေးကို အားကိုး။
"ဘယ်လိုအားပေးတာလဲ"ဆိုတော့...
"မြေအိုးကိုခွဲ၍ ရွှေအိုးကြီးကို ရယူသလိုပဲ"တဲ့။
၂။ နောက်တစ်ချက်က..."ဘာမှအားမငယ်နဲ့။ မင်းမှာ"ဓမ္မ"အပေါ်မှာ ယုံကြည်တဲ့ အသိဥာဏ်သက်၀င်တဲ့" သဒ္ဓါတရား"တွေရှိတယ်။
"ဓမ္မ"ကို နှစ်နှစ်ကာကာ ယုံကြည်တယ်။
"မြတ်စွာ ဘုရား"ဟောတဲ့ တရားသည်
ဘယ်တော့မှ လွဲမှားတာ မရှိဘူး။
"ကုသိုလ်ကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ်"ဟာ
အားငယ် စရာ ဘာတစ်ခုမှ မရှိဘူး။
"ကုသိုလ်"တွေက ကြိုနေကြမှာ။
ဘယ်ဘုံကို သွားသွား
ကိုယ်လုပ်ထားတဲ့"ကုသိုလ်"တွေ
ကိုယ့်ရင်ထဲ နှလုံးထဲမှာ
စိတ်ဓာတ်ထဲမှာ ဖြူစင်ပြီးတော့
"ကုသိုလ်" တွေက ကိုယ့်ကို ကြိုနေကြမှာ။
ကောင်းတာတွေ လုပ်တဲ့ အချိန်ကစပြီးတော့နှလုံး သွင်းလိုက်မယ် ဆိုရင်စိတ်ဟာ ကြည်နူးဖွယ် ဖြစ်တယ်။"
၃။နောက်တစ်ခု အားပေးစကား က...
"ဘာမှ မပူနဲ့။ စိတ်ထဲမှာ အားတင်းထား။
မင်းမှာ"ကိုယ် ကျင့်တရား"တွေ ရှိနေတယ်။"ငါးပါးသီလ"ဘယ်တော့မှ
မဖောက်ဖျက်ဘူး။လုံခြုံတယ်။
ဟိုတုန်းက မလုံခြုံတောင်
ခု ဆောက်တည် လိုက်ရင် လုံခြုံသွားပြီ။
ဟိုတုန်းက မလုံခဲ့လို့ ခု အိပ်ယာထဲ လှဲနေချိန်မှာ
"ငါးပါးသီလ"ဖောက်ဖျက်တာ ရှိသေးလား?
ကိုယ်မှ"သေငယ်ဇော"နဲ့မျောနေတာ။
"ခြင်"လေး တွေ ဘာတွေ သတ်ဦး မလား?
"စိတ်"ဟာ မကောင်းတာတွေနဲ့
ဘယ်လိုပဲ လုပ်ခဲ့လုပ်ခဲ့
ကောင်းတာတွေ လုပ်တဲ့ အချိန်ကစပြီး
ဆောက် တည် လိုက်မယ်ဆိုရင်
"စိတ်"ဟာကြည်နူးဖွယ်ဖြစ်တယ်။
ကိုယ့်"သီလ"လေးကို အာရုံပြု။
တစ်ချိန်တစ်ခါတုန်းက
"ငါးပါးသီလ"လေးချိုး ဖောက်ခဲ့ ပေမယ့်လို့
"ဒီအချိန်မှာမချိုးဖောက်ဘူး"လို့
"နှလုံး သွင်းလိုက်မယ်"ဆိုရင်
နှလုံးသွင်းလိုက်တာနဲ့
ချက်ချင်း ကုသိုလ် က ဖြစ်လာတာ။"
၄။ဘာ ဆက်ပြောရမလဲဆိုတော့...
"လူတွေဆိုတာ
အတွယ်အတာလေးတွေ ရှိတတ်တယ်။
ဥပမာ မယ်….
"မိဘ" တွေ ဆို ရင်
"သားသမီး"တွေ အပေါ်မှာ တွယ် တာတယ်။
"အိမ်ထောင်ဦးစီး"တွေဆိုရင်..
"သား မယား"တွေ အပေါ်မှာ တွယ်တာတယ်။
အဲဒီအခါ ကျရင်ပြောတဲ့။
"မိဘတွေ အပေါ်မှာ
တွယ်တာသလား၊မတွယ်တာဘူးလား ဆိုတဲ့.."စိတ်ရှိသလား၊မရှိဘူးလား"မေးတဲ့။
"ရှိနေသေးတယ်"ဆိုရင်
အဲဒီ"တွယ်တာတဲ့စိတ်"ကို မထားပါနဲ့ တဲ့။
"သတ္တဝါဆိုတာ-"ကိုယ့်ကံနဲ့ကိုယ်"လာတာ။တွယ်တာပြီးတော့ မနေပါနဲ့တဲ့။
တွယ်တာနေလဲ သေမှာပဲ။
မတွယ်တာနေလဲ သေမှာပဲတဲ့။
သေမှာ အတူတူတော့
တွယ်မနေပါနဲ့လို ပြောရမယ်။"
ကျေးဇူးတော်ရှင် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
No comments:
Post a Comment