စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, May 1, 2022

သညာ.. ၁၀ ပါး

နာမကျန်း ဖြစ်တဲ့အခါ သညာ ( ၁၀ )ပါး တရားကို နာရင်၊နှလုံးသွင်းရင် နေကောင်းသွားလိမ့်မယ်”တဲ့။

သညာ( ၁၀ )ပါး ဆိုတာ...

( ၁ ) အနိစ္စသညာ =
မမြဲဘူးဆိုတဲ့ အမှတ်သညာ။

( ၂ ) အနတ်တသညာ =
အတ္တ မဟုတ်ဘူး။ ခိုင်မြဲတဲ့အရာ ကိုယ်ပိုင်တဲ့အရာ 
တစ်ခုမှ မရှိဘူးဆိုတဲ့ အမှတ် သညာ။

( ၃ ) အသုဘသညာ =
ခန္ဓာကိုယ်ကြီးဟာ မတင့်မတယ် 
ရွံ့စဖွယ်ဖြစ်တယ် ဆိုတဲ့ အမှတ်သညာ။

( ၄ ) အာဒီနဝသညာ =
ခန္ဓာကိုယ်မှာ ရောဂါဝေဒနာတွေ ဖြစ်တယ်ဆိုတာ
သဘာဝပဲဆိုတာ သိတဲ့အမှတ်သညာ။

သဘာဝတရားကို စဉ်းစားပြီး အပြစ်အနာအဆာကို
ရှုမြင်တတ်ဖို့ နှလုံးသွင်းရမယ်။ သင်ယူရမယ်။

( ၅ ) ပဟာနသညာ =
မကောင်းတဲ့ အတွေးတွေ ကို 
ဖယ်ရှားပစ်ရမယ် ဆိုတဲ့ အမှတ်သညာ။

လူဆိုတာ မကောင်းတဲ့ အတွေးတွေ 
တွေးနေ တတ်တယ်။ ဆိုပါစို့၊
နှစ်သက်စရာ အာရုံတွေ့ရင် 
ခံစားချင်တဲ့ အတွေးတွေ တွေးတယ်။

မကောင်းတဲ့ အာရုံနဲ့တွေ့ရင်
မုန်းတီးတဲ့ အတွေးတွေ တွေးတယ်။
အဲဒီ မကောင်းတဲ့ အတွေး အပြစ်ရှိတဲ့အတွေးတွေကို လက်မခံဖို့ 
မြတ်စွာဘုရားက ဟောတယ်။

အပြစ်ရှိတဲ့ အတွေးနဲ့ အပြစ်မရှိတဲ့အတွေး ခွဲခြားသိရမယ်။ 
အပြစ်ရှိတဲ့ အတွေးမျိုးကို ဖယ်ရှားပစ်ရမယ်။

( ၆ ) ဝိရာဂသညာ =
ဘဝကြီးတစ်ခုပေါ်မှာ တပ်မက်မှု
ကင်းတဲ့ အမှတ်သညာ။

( ၇ ) နိရောဓသညာ =
ဘဝကြီးပေါ်မှာ ဒုက္ခတွေအဆုံးသတ် ချုပ်ငြိမ်းဖို့အမှတ်ထားတဲ့ အမှတ်သညာ။

( ၈ ) သဗ္ဗလောကေ အနဘိရတသညာ =
လောကကြီး တစ်ခုလုံးဟာ 
ပျော်စရာဆိုတာ မရှိပါဘူး။
တကယ်စဉ်းစားကြည့်ရင် 
ပျော်စရာ မရှိဘူးဆိုတဲ့ အမှတ် သညာ။

နောက်တစ်ခုက...
( ၉ ) သဗ္ဗသင်္ခါရေသု အနိစ္စာသညာ =
သင်္ခါရ အားလုံး ဟာ ဘာမှ မက်မောစရာ
မရှိဘူးဆိုတဲ့ အမှတ်သညာ။

၁၀ခု မြောက်က..
( ၁၀ ) “အာနာပါနဿတိ”တဲ့။

သညာအနေနဲ့ကတော့ ၉-ပါး၊
အာနာပါန သတိနဲ့ ထည့်လိုက်တဲ့အခါ ၁၀-ပါး။

ဒီနေရာမှာ အာနာပါန သတိက 
သညာမဟုတ်ပေမယ့် များရာကိုကြည့်ပြီး သညာ ၁၀-ပါးလို့ပဲ ခေါ်လိုက်တာနော်။

အထက်ပါ သညာ(၁၀)ပါးကို 
ဂိရိမာနန္ဒရဟန်းတော် နေမကောင်းထိုင်မသာဖြစ်နေတဲ့အချိန်မှာ မြတ်စွာ ဘုရားက“အာနန္ဒာ ဟောဒီ သညာ ၁၀-ပါး 
ကမ္မဋ္ဌာန်း တရားကို ဟောပြလိုက်တဲ့"။ဆိုပြီး အရှင် အာနန္ဒာမထေရ်မြတ်ကို 
သင်ပေးခဲ့တာ ဖြစ်တယ်။ 

အဲဒီလို ဟောလိုက်လို့ ရှိရင် တရားနာပြီးတာနဲ့ တစ်ပြိုင်နက် ဂိရိမာနန္ဒ ရဟန်း နေကောင်းကျန်းမာသွားလိမ့်မယ်”တဲ့။

မြတ်စွာဘုရား အမိန့်ရှိတဲ့အတိုင်းပဲ 
အရှင်အာနန္ဒာ မထေရ်မြတ်က 
အဲဒီ ဂိရိမာနန္ဒရဟန်းဆီကိုသွားပြီး 
သညာ ၁၀-ပါး တရားကို 
အသေးစိတ် ဟောကြားလိုက်တဲ့အခါ 
ဂိရိမာနန္ဒဟာ တရားနာရင်းနဲ့ သူ့ သန္တာန်မှာရှိတဲ့ရောဂါဝေဒနာပျောက်သွားတယ်။

side effect မပါဘူး။
တစ်ခါတည်း ပျောက်တာတဲ့။
ဆေးစားစရာတောင် မလိုတော့ဘူး။

ဒါ psychotherapy(ဆေးဝါးနှင့် အခြား 
ဆေးကုသမှုအစား ခံစားနေရသော 
စိတ်ဝေဒနာ၏ သဘောကို နားလည်လာနိုင်အောင်ဆွေးနွေးခြင်းအားဖြင့် ကုသနည်း)ပဲနော်။

ပါမောက္ခချုပ်ဆရာတော်ကြီး
  ဒေါက်တာ နန္ဒမာလာဘိဝံသ
 🙏🙏🙏🙏🙏

Credit..

No comments:

Post a Comment