စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, May 16, 2022

သောတာပန်မဖြစ်လို့ စိတ်မညစ်နဲ့

"သောတာပန်မဖြစ်လို့ စိတ်မညစ်နဲ့"
🌷🌿🌷🌿🌷🌿🌷🌿🌷🌿🌷🌿

တို့တရားအားထုတ်နေတာ 
သောတာပန်လည်းမဖြစ်ဘူး၊ဒါဆိုရင်
အလကားဖြစ်ရတော့မှာလား၊
ဒီလိုလည်းမဟုတ်သေးပါဘူး။

ရုပ်နာမ်ဖြစ်သဘော၊ 
ပျက်သဘောကိုမြင်တဲ့ အဆင့်ဆိုရင်
သောတာပန်တွေမြင်တတ်တဲ့
အငြိမ်းဓာတ်မျိုးမြင်နိုင်ပါပြီ။

ဒါဟာနိဗ္ဗာန်အစစ်မဟုတ်ပေမဲ့ 
နိဗ္ဗာန်နဲ့တော်တော်နီးနီးကပ်ကပ် 
အငြိမ်းဓာတ်မျိုးခံစားနိုင်တဲ့
အနေအထား ရှိပါတယ်။

အဲ့ဒီလောက်ခံစားနိုင်ပြီဆိုရင် 
သောတာပန်မဖြစ်သေးပေမဲ့ 
ကိုယ့်ဘဝရဲ့ ပြည့်စုံမှုတစ်ခုတော့
ရသွားတာပါပဲ။

ဒါကဘာကိုပြောတာလည်းဆိုရင် 
ဒီပုဂ္ဂိုလ်ဟာအပါယ်တော့ 
မရောက်နိုင်တော့ဘူး။

အပါယ်ဘေးကို 
ဒါနကုသိုလ်နဲ့လည်း မပါယ်နိုင်ပါဘူး၊
သီလကုသိုလ်နဲ့လည်း မပါယ်နိုင်ပါဘူး၊
သမထကုသိုလ်နဲ့လည်း မပါယ်နိုင်ဘူး၊ 
အခုလို ဝိပဿနာကုသိုလ်နဲ့မှ 
ပါယ်နိုင်တာပါ။

ဝိပဿနာအလုပ်ကိုမလုပ်ရင် 
အပါယ်ဘေးက စိတ်မချရဘူး၊
စိတ်မချရဘူးဆိုတာ အဆင်မသင့်ရင် 
အပါယ်ရောက်နိုင်တယ်လို့ပြောချင်တာ။

ဘုန်းကြီးတို့အနေနဲ့ 
မြတ်စွာဘုရားကိုယ်တိုင်
အာမခံထားတဲ့အတိုင်း ဒီတရားကို 
ရုပ်သဘော၊နာမ်သဘော၊
ဖြစ်သဘော ပျက်သဘောကို
ပိုင်ပိုင်နိုင်နိုင်သိအောင်
အားထုတ်နိုင်မယ်ဆိုရင်
အပါယ်မရောက်ဘူးဆိုတာ အာမခံတယ်။

*ကျိုက္ကလော့ဆရာတော်
  ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ

Credit Original Writer.

No comments:

Post a Comment