နံနက်ဖြစ်စေ၊ ညဖြစ်စေ...
ဘုရားရှိခိုးပါပြီတဲ့၊.....
ဩကာသတစ်ပုဒ် လုံးဆုံးတဲ့အထိ... ဘုရားဆီ စိတ်ရောက်ရဲ့လား။
ဘုရားဆွမ်းကပ်တော့ရော.....
ဆွမ်းတော်ကပ် ကန်တော့ချိုးအတိုင်း စိတ်လိုက်သွားရဲ့လား။
သံဃာ ဆွမ်းလောင်းတော့ရော...
စိတ်ပါလက်ပါ ရှိရဲ့လား။
စေတနာဆိုတာ စိတ်နောက်မှာ အမြဲကပ်ပါနေတယ်။
ဒီတော့ စိတ်မပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေမှာ...
စေတနာမှန် ... အဆန်ပြည့်ကိန်းဖို့မလွယ်ဘူး။.
စပါးဆိုရင်တောင်မှ အဆန်မပြည့်၊ အဆန်မပါတဲ့ “စပါးဖျင်း” မျိုးလို့ ဆိုရမယ်။
"အင်း … ငါဆွမ်းလောင်းမယ်၊ ဆွမ်းကပ်မယ်” ဆိုတဲ့ ရှေ့ပြေး စေတနာ။.
ဒီစေတနာအတိုင်း•••
#ဗုဒ္ဓဓာတ်၊
#ဓမ္မဓာတ်၊
#သံဃာ့ဓာတ်ဆီ ပြေးကပ်မိတဲ့....
စေတနာလေးတွေလောက်သာ~••••
မိုးမှောင်ကြီးကြား လျှပ်စီးတစ်လက်စာလောက်သာ.....
လူမျိုးစေ့၊ လူ့အခွင့်အရေးလေးများ တောက်ပခွင့်သာစေခဲ့ပါတယ်။
ဒါပေမဲ့ လှူတဲ့အခါမှာလည်း.....
ပုဂ္ဂိုလ်စွဲလောက်သာ ...စိတ်စေတနာ ကျရောက်နေရင်....
#သဒ္ဓါငုပ်ပြီး #တဏှာ ခြေကုပ်ဝင်ယူသွားတော့မယ်။
အဲဒါမှာ ပြုတာက #ဒါန၊
ရတာက #ပြိတ္တာမျိုးစေ့။
မိမိလှူတဲ့ပစ္စည်းအပေါ်မှာ စိတ်စေတနာ ကျရောက်သွားပြန်ရင်လည်း...
တဏှာခြေကုပ်ဝင်ယူသွားလို့
ပြိတ္တာမျိုးစေ့ပဲ ရပြန်လိမ့်ဦးမယ်။
ငါလှူတယ်ဆိုပြီး....
ကိုယ့်အပေါ် ကိုယ့်စိတ်စေတနာ ပြန်ကျရောက်နေရင်လည်း....
#ပညာငုပ်ပြီး #မာနခြေကုပ်ရသွားမယ်။
ငါပိုင် ငါစွဲ ဒိဋ္ဌိစုပွဲကြီးသာ ဖြစ်တော့မယ်။
ဒိဋ္ဌိတဏှာဆိုတာ လူပြန်ဖြစ်ရန် မျိုးစေ့မဟုတ်။.
ဒီတော့....
ဘာသာရေးကောင်းမှုကုသိုလ်အဖြစ် လုပ်တာတောင်•••
အာရုံမှန်၊
စေတနာမှန်၊
အကြောင်းခံသုံးမျိုး•••
(အလောဘ၊ အဒေါသ၊ အမောဟ)နဲ့
မညီညွတ်ရင်....
လူပြန်ဖြစ်ဖို့ မျိုးစေ့ရဖို့ မလွယ်ပါဘူး။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏🙏🙏
No comments:
Post a Comment