သံသရာ၌.မတော်ဘူးသည့်ဆွေမျိုးသည် မရှိဖြစ်၏၊ မရောက်ဘူးသည့် ဘုံဘဝလည်း မရှိကြသလို၊ မကြုံဘူးသည့် ဒုက္ခလည်း.မရှိ ဖြစ်ကြရ၏။
သုဂတိဘုံသို့လည်းရောက်လိုက်၊ ဒုဂ္ဂတိဘုံဖြစ်သည့်.အပါယ်ငရဲသိုလည်း အကြိမ်ကြိမ်ရောက်ကြပြီး၊ လူဘဝသို့ရောက်ပေါင်းလည်း.များခဲ့ကြမည်ဖြစ်၏၊ ဒီလိုနဲ့ ၃၁ဘုံမှာ ခန္ဓာဝဋ်ကိုထမ်းဆောင်ရင်းဖြင့် သံသရာလည်နေကြရ၏။
မြတ်စွာဘုရား၏ သစ္စာတရားဖြင့် မတွေ့ခဲကြပါ၍ ကုသိုလ်နဲ့အကုသိုလ် ကံတွေကြောင့်.ကံခန္ဓာကြီးကို.ရကြပြီး ကံစီမံရာအတိုင်း ၃၁ဘုံ၌မျောနေခဲ့ကြရ၏။
အဆိုပါကံတွေကို ဥာဏ်မှ.တစ်ကြိမ် ဖြတ်တောက်နိုင်ပါက ဒုဂ္ဂတိ ကင်း၍.အပါယ်ငရဲဘုံများမှထာဝရလွတ်ကာ.သုဂတိချမ်းသာ၌တည်ပြီး နောက်ဆုံးဘဝသည်.နိဗ္ဗာန်သို့ဝင်ရ၏။
ကံကိုဥာဏ်မှလေးကြိမ် ဖြတ်တောက်နိုင်ပါက ခန္ဓာဝဋ်ကျွတ်၏၊ သံသရာပြတ်၏၊ အကြင်ပုဂ္ဂိုလ်သည် ဒုက္ခကုန်ကာ ရဟန္တာ ဖြစ်၍ ဘဝရပ်သွားပြီဖြစ်၏။
သံသရာ၌ ငိုကြွေးခဲ့ကြရသည့်မျက်ရည်တွေသည် .သမုဒ္ဒရာလေးစင်းလောက်ရှိနိုင်၏ ၊ ရခဲ့ကြသည့်ဒုက္ခတွေသည် မဟာပထဝီမြေကြီးလောက် ရှိနိုင်၏၊. သေခဲ့ကြရသည့် ဘဝတွေသည်.အရိုးတွေတောင်လိုပုံနေကြမည်.ဖြစ်၏။
ရဟန္တာ မဖြစ်သေးသရွေ့ အငိုမရပ်သေးကာ၊ အသေမရပ်ကြသေးပါ၍ ဒုက္ခမကုန်ရှိကြသေး၏၊ .ထိုကြောင့်.မြတ်စွာဘုရား၏ လမ်းပြမှုအတိုင်း လိုက်၍ သစ္စာသိသောဥာဏ်ကို ရှာဖွေနိုင်ကြမှသာ အပါယ်ငရဲမှလွတ်ရပြီး အို၊ နာ၊သေ ကင်းမည့် ကျွတ်တမ်းဝင်နိုင်သည့် နိဗ္ဗာန်သို့ရနိုင်၏။
ခန္ဓာကြီးသည် ဒုက္ခသစ္စာ ဖြစ်၏၊ ခန္ဓာရလာသည်နှင့် လိုချင်ဖြစ်ချင်သော လောဘ၊.လုပ်တိုင်းမဖြစ်တော့ အလိုမပြည့်ကြ၍ ဒေါသ၊ ထိုလောဘနှင့်.ဒေါသဖြစ်နေသည်ကို မသိ၍ ဆက်မှားနေသည်က အဝိဇ္ဇာဆိုသည့် မောဟတရားကြောင့် ဖြစ်၏။
ခန္ဓာကြီး၌ ဤကဲ့သို့ ကိလေသာကြီးသုံးပါး မှ.အစဥ်အတိုင်း ဝင်ရောက်နေကြ၏၊.ကိလေသာကို ချယ်လှယ်အုပ်ချုပ်သည်က တဏှာဖြစ်၏။
.နိဗ္ဗာန်ခရီးသို့ သွားရာ၌.တဏှာကိုပယ်သတ်ရမည့်အကြောင်း၊ တဏှာ၏.သဘောသဘာဝ.တရားတွေကို.ရှင်းလင်းဟောကြားသည့်တရားကို မနက်ကနာကြားလိုက်ရ၏။
တဏှာဆိုသည်က တပ်မက်ခြင်းပင်ဖြစ်၏၊ ဘယ်အပေါ်၌ တပ်မက်သနည်းဆိုပါက.မိမိ၏အသက်ကိုတပ်မက်ခြင်း၊ မိမိ၏ခန္ဓာအား တပ်မက်ခြင်း၊ မိမိ၏ဇနီး၊ လင်၊ သားသမီးအပေါ်၌ တပ်မက်ခြင်း၊.မိမိ၏စည်းစိမ်ဥစ္စာ အပေါ်၌ တပ်မက်ခြင်း ဖြစ်သည်ဟု ထိုတရားကို နာကြားရပါသည်။
ဒုက္ခကုန်ခမ်းသည့် နိဗ္ဗာန်သို့ရောက်လိုပါက.ဒုက္ခဖြစ်စဥ်တွေကို စွန့်မှရောက်ပါမည်၊ မိမိ၏စိတ်သဏ္ဍန်၌ တွယ်ကပ်နေသည့် .ကိလေသာနှင့်တဏှာတွေရင်ဝယ်ပိုက်ပြီး.နိဗ္ဗာန်သို့သွားနေပါက.ရောက်မည်က အပါယ်သံသရာသာ ဖြစ်၏။
မိမိ၏.စည်းစိမ်ဥစ္စာကိုစွန့်၍.ဒါနပြုခြင်းသည် အပြင်တဏှာကို ဖြိုဖျက်နေခြင်းဖြစ်၏၊ မိမိ၏ရင်တွင်းမှ ကိလေသာတရား တွေကို ဝိပဿနာဥာဏ်ဖြင့်.ချေဖြတ်နေခြင်းသည်.အတွင်းတဏှာကို သတ်နေခြင်းဖြစ်၏။
လူ့သံယောဇဥ်စွန့်မှ နိဗ္ဗာန်သို့ရောက်နိုင်၏၊ တောထွက်ပြီး၊ မိသားစုကို ပြစ်၍ လူသံယောဇဥ်.စွန့်ခိုင်းသည်မဟုတ်၊ ခန္ဓာသို့ဥာဏ်ဆိုက်နေချိန် ဖြစ်ပျက်မဂ်ကိုက်အောင် မဂ္ဂင်ရှစ်ပါး ဖြင့် ဥာဏ်အလုပ် ပြုလုပ်နေချိန်သည် လူ့သံယောဇဥ်စွန့်နေချိန်ဖြစ်၏။
ဤသို့လူသံယောဇဥ်စွန့်နေချိန်၊ ခန္ဓာသို့ဥာဏ်ရောက် နေပြီး.ဖြစ်ပျက်မဂ်ကိုအောင်.ဥာဏ်အလုပ်ဖြင့် ဝီရိယထားပြီးနိဗ္ဗာန်သို့သွားနေပါ၍ ကံထလာပြီးဥာဏ်ကြီးဝင်လာပါက.မဂ်ကျလာပြီး ဖိုလိုက်လာပါက နိဗ္ဗာန်သို့ မြင်မည်ဖြစ်၏။
နိဗ္ဗာန်မြင်လိုက်သည်နှင့် အပါယ်ငရဲသို့ လုံးဝမရောက်တော့ပါ၊ အပါယ်တံခါးပိတ်သွားရ၏၊ ပုထုဇဥ် နယ်မှ အရိယာနယ်သို့ ရောက်၍ သောတာပန် တည်၏၊.အကြင်ပုဂ္ဂိုလ်သည် အများဆုံးခုနှစ်ဘဝ၊အနည်းဆုံး တစ်ဘဝဖြင့် သုဂတိမှတစ်ဆင့် နတ်စည်းစိမ်ချမ်းသာကို စံစားပြီး နိဗ္ဗာန်ဝင်ကြရ၏။
ထို့ကြောင့် ဝိပဿနာ ဥာဏ်အလုပ်ကို လုပ်ကြ၊.ခန္ဓာသို့ဥာဏ်ဦးအောင်လုပ်ကြဟု.မြတ်ဗုဒ္ဓနှင့် အရိယာကြီးများ၊.သံဃာတော်အရှင်သူမြတ်များမှ မိန့်ကြားခြင်းဖြစ်၏၊ ခန္ဓာသို့ ဥာဏ်ဦးမှသာ အသေမဦးခင် အပါယ်လေးပါးတံခါးကိုပိတ်နိုင်ပြီဖြစ်၏၊ လူဘဝရတုန်းလေး၌ အပါယ်အမြစ်အား ဖြုတ်ရန်မှ အဓိကဖြစ်၏၊.မဂ်လေးတန်နှင့် ဖိုလ်လေးပါးဆိုက်ပါက.အို၊နာ၊သေ ခန္ဓာရပ်၏။
ခန္ဓာသို့.ဥာဏ်မဦးပါက.တဏှာနဲ့ကိလေသာတို့က အမြဲနေရာယူကြ၏၊ ငါဆိုသောဒိဌိက ချယ်လှယ်နေပါ၍.ငါသံသရာရှည်နေကြရပြီး.၃၁ဘုံ၌ ဟိုတိုးလိုက်၊ဒီတိုက်လိုက်ဘဝဖြင့် သစ္စာမသိမြင်သမျှ အပါယ်ချောက်ထဲသို့သာ အများဆုံးကျနေကြ၏။
အပါယ်ငရဲမှလွတ်သောအလုပ်သည် ဝိပဿနာအလုပ်သာဖြစ်၏၊ .အပါယ်ငရဲသို့ မကျရောက်အောင်.မိမိကိုယ်ကို ကယ်ဆယ်လိုကြပါက.ဝိပဿနာ အလုပ်ဖြင့်.မဂ်ဖိုလ် ဆိုက်အောင် တရားအားထုတ်ကြပါဟု.တိုက်တွန်းနိုးဆော်အပ်ပါသည်ရှင်။
ဝိပဿနာတရားအားထုတ်သည်ဆိုသည်က သမထအလုပ်ကိုအရင်လုပ်ရ၏၊ သမထအလုပ်ဆိုသည်က ရုပ်ခန္ဓာကြီးကိုရှု့၍
ပေါ်လာသမျှ အားရုံတွေကို သတိပဌာန်တရားဖြင့် ဖြစ်တိုင်းသိအောင်ကြည့်ရမည်ဖြစ်၏။
ခန္ဓာ၌ဖြစ်ပေါ်နေသမျှကိုကြည်၍သိပေးရ၏၊ ဘာမှမတွေ့လည်း ထိုအာရုံကို အမှန်အတိုင်းရိုးသားစွာဖြင့် ဘာမှမမြင်ဘူးဟု သိပေးရ၏။ တွေ့လာသည့်အာရုံကိုလည်း လူဆိုးကို.ရဲမှလိုက်သလို.ထိုဖြစ်ပေါ်နေသည့်အာရုံနောက်လိုက်ကာ.ပျက်သွားသည်အထိ သိပေးရ၏။
ရုပ်ပညတ်အပေါ်၌ အာရုံတစ်ခုတည်း၌သာ စိတ်တည်ပြီဆိုပါက စိတ်သဏ္ဍာန်၌ ရှင်းသန့်သွားကာ ပညတ်ဆိုသည်ရုပ်ခန္ဓာ၏အကာကိုဖောက်၍.ခန္ဓာ၏အတွင်းထဲမှ အနှစ်ဖြစ်သည် နာမ်ခန္ဓာ၏ဖြစ်ပျက် ပရမတ်ကိုမြင်နိုင်လာမည်ဖြစ်၏.ထိုအရာသည် .သမာဓိဖြစ်၍သာ.ခန္ဓာသို့ဥာဏ်ဖြင့်မြင်နိုင်ခြင်းဖြစ်၏။
ရုပ်ခန္ဓာကြီးသည် ပညတ်ဖြစ်၏၊.ပညတ်ဆိုသည့်ရုပ်ကြီးမှ ဖောက်ပြန်နေသည့် ဝေဒနာ ၏ ပြောင်းလည်နေမှုသဘောကိုသိလျှင် ၊ ဝေဒနာ၏မတည်မြဲခြင်းသဘော.ရွေ့လျားနေသည့် ကျဥ်သဘောလေး၏ တိုးလာလိုက်.လျော့သွားလိုက်သဘောတရားကိုတွေ့လာရ၏ ။
သမာဓိတည်ကြည်သောစိတ်ဖြင့် ခန္ဓာသို့ဥာဏ်ဖြင့်ကြည့်ရာ
နာမ်ခန္ဓာကြီးသည် တစ်ရွရွတစ်မွမွ ၊တစ်ဖျစ်ဖျစ်၊ တစ်ဖျက်ဖျက် ၊တစ်လှုပ်လှုပ်၊ အရိုးတွေပျက်စီးနေသည်မှာ အသက်ရှုလိုက်တိုင်း တစ်ဖျစ်ဖျစ် မြည်နေကြ၏၊ ခန္ဓာကြီးတွန်းထိုးစောင့်ရုန်းနေ၏၊အရည်တွေ အေးစက်စွာ စီးကျနေ၏။
အကြောတွေဆွဲ၏၊ နှလုံးခုန်သံ အကျယ်ကြီးကြားရ၏။.လက်မောင်းစောင့်ရုန်းပြုတ်ထွက်သွားသည်မှာ.အပြင်မှာတကယ်ကြီး လက်မောင်းပြုတ်ထွက်သွားသလားထင်ရ၏၊နာမ်ခန္ဓာကြီး၌.သဘောလေးအရ .ပျက်စီးနေကြခြင်းဖြစ်၏၊
မျက်နှာ၌ ပိုးကောင်သေးသေးတွေ ရွစိရွစိဖြင့်တက်နေသလိုရှိ၏၊ ခန္ဓာကြီး၌ ဖောက်ပြန်ပျက်စီးနေမှုများသည်.မရပ်မနားရှိ၏၊.စက်ကြီးတစ်လုံးလည်နေသလိုရှိ၏။ ဖြစ်ပျက်ဒုက္ခတွေကို အနုစိပ်ပြီးပြောပါက များပြားနိုင်၏။
၊ခန္ဓာကြီးကိုကြည့်၍ တရားတွေဆက်တိုက်ကျနေခဲံ့၏၊ ခန္ဓာ့ကြီးက ဒုက္ခသစ္စာစစ်စစ်ကြီးပါလားလို့ ဥာဏ်မှသိလာ၏၊.မုန်း၍လွတ်ချလိုက်ချိန်၌ မိမိခန္ဓာ၌ ဖြစ်ပျက်ဒုက္ခတွေဖြင့်.အဆက်မပြတ်လည်နေသည် ခန္ဓာပဋိစ္စ သမုပ္ပါဒ်ဒုက္ခစက်ဝန်းကြီးသည် တိကနည်းရပ်သွား၏။
ခန္ဓာပဋိစ္စ သမုပ္ပါဒ် ပြတ်ပြီး ဒုက္ခသစ္စာဆိုက်၏၊ မဂ်ကျချိန်၌ လူသည် လူသေကဲ့သို့ ထိုင်လျက်တောင့်တောင့်ကြီးဖြစ်သွားပြီး ရုပ်နာမ်ချုပ်ပျောက်သွား၏၊.ထိုဖြစ်အင်သည်
မိမိ၏အသေကို အသက်ရှင်လျက်ဖြင့် ပြန်မြင်ရခြင်းဖြစ်၏၊ဒုက္ခအဆုံး၌ ဖြစ်ပျက် ဒုက္ခတွေမရှိတော့သည် သုခနိဗ္ဗာန် ပေါ်လာ၏။ သိုပါ၍ သစ္စာသိမြင် နိဗ္ဗာန်မြင်လိုက်ရပါ၍.အပါယ်ငရဲမီးသည် ငြိမ်သွားရပြီဖြစ်၏။ အားလုံးအပါယ်ငရဲမှ လွတ်မြောက်ရာ တရားကိုရှာဖွေနိုင်ကြပါစေ။
မြတ်ဗုဒ္ဓ၏သစ္စာလေးပါးမြတ်တရားအားကိုယ်ပိုင်ဥာဏ်ဖြင့်ထိုးထွင်းသိမြင်၍သောတာပန်၊သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာ အဖြစ်သို့.ဆိုက်ရောက်နိုင်ကြပါစေကြောင်း မေတ္တာပို့သပေးလိုက်ပါသည်ရှင်။
🙏🙏🙏🙏🙏။
ရင်တွင်းတရားကိန်း၍.ငြိမ်းကြပါစေ၊သံသရာခရီးလမ်း ဖြောင့်ဖြူးနိုင်ကြပါစေ၊ သာဓုသာဓုသာဓုပါရှင် 🙏။
မေတ္တာဖြင့်.................ရှင်ငြိမ်း။
No comments:
Post a Comment