🌹🌹 သူတော်ကောင်းတွေရဲ့အတွေး 🌹🌹
တရားနဲ့ပတ်သက်လာလို့ရှိရင်
ဇတ်တော်ကြီးဆယ်ဘွဲ့ထဲက
ဘူရိဒတ်ထ ဆိုတဲ့
နဂါးမင်းကြီးဇာတ်လမ်းကို
ဖတ်ဖူးသူတွေ တွေ့ပါလိမ့်မယ်။
ဥပုဒ္သီလ
ဆောက်တည်တဲ့ အခါမှာ
ဘုရားအလောင်းတွေက
အဓိဌာန်ထားလေ့ ရှိကြပါတယ်။
လူ့ပြည် လူ့လောကကိုလာပြီး
တောင်ပို့ပေါ်မှာ ခွေပြီးတော့
သီလဆောက်တည်ပါတယ်။
သီလဆောက်တည်တယ်ဆိုတာ
ကျင့်စရာကျင့်ဖို့ အဓိဌာန်ပြုတာပါ။
သူများအသက် သတ်တာမလုပ်ဘူး။
သူများပစ္စည်းဥစ္စာခိုးတာ
မလုပ်ဘူး ဆိုတာမျိုးပါ။
နဂါးမင်း အဓိဌာန်လိုက်ပါတယ်၊
ဘယ်နည်းနဲ့မှ…
သူများအသက်ကို မသတ်ဘူး။
ငါ့အသက်ကို လာသတ်ချင်သတ်ပါစေ၊
ငါ့ ကိုယ်ကျင့်တရားတော့
မပျက်စေရဘူး။
ဒီလိုမျိုး အဓိဌာန်ပြီးတော့မှ
အသက်စွန့်ပြီး… ဥပုဒ်စောင့်တာပါ။
ဒါကို… “သီလပရမတ္ထ ပါရမီ" လို့
ခေါ်ပါတယ်။
အလမ္ပာယ်သမားနှင့်
တွေ့တဲ့အခါကျတော့ -
ဘုရားအလောင်း ဘူရိဒတ္ထနဂါးမင်းကို
အလမ္ပာယ်ပြဖို့အတွက်
မန္တန်ရွတ် ဆေးဖျန်းပြီးတော့
အားပျော့အောင် ရိုက်နှက်ဖမ်းဆီး
ခေါ်သွားပါတယ်။
အဲဒီအချိန်မှာ
သီလဆောက်တည်ထားသည့်
အတွက်ကြောင့်…
မျက်စိကို စုံမှိတ်ထားပါတယ်။
စိတ်ဆိုးပြီး ကြည့်လိုက်ရင်
နဂါးမင်းရဲ့တန်ခိုးတေဇော်ကြောင့်
တစ်ဖက်သားက ဖွဲပြာကျသွားပါမယ်။
အဲဒီလို ကိုယ့်အသက်ကိုစွန့်ပြီး
ကိုယ်ကျင့်တရားကို တန်ဖိုးထားတာ
သူတော်ကောင်းတွေရဲ့
စိတ်နေသဘောထားပါပဲ။
ဒီလို သူတော်ကောင်းတွေရဲ့
စိတ်နေသဘောထားနဲ့
ကျန်တဲ့သူတွေရဲ့
စိတ်နေသဘောထားက
အများကြီး ကွာခြားပါတယ်။
များသောအားဖြင့် လူတွေက
ငါ့ထိ မခံဘူး၊
ငါ့ပိုက်ဆံထိ မခံဘူး၊
ငါ့သားသမီးကိုထိ မခံဘူး
ဆိုတဲ့သူက… များပါတယ်။
အေး… ကိုယ်ကျင့်တရားထိရင်
မခံဘူးဆိုတဲ့သူက
အင်မတန် ရှားပါတယ်။
တရားဓမ္မနှင့် ပတ်သက်လာလို့ရှိရင်
ကိုယ်ကျင့်တရားကို
လွယ်လွယ်ကူကူ
စွန့်လွှတ်ကြပါတယ်။
သူတော်ကောင်းတွေ ကျတော့
အဲဒီလို မဟုတ်ပါဘူး။
ကိုယ်ကျင့်တရားကို တန်ဖိုးထားပြီး
အသက်ထက် မြတ်နိုးပါတယ်။
ထိန်းသိမ်း စောင့်ရှောက်ပါတယ်။
အဲဒါ …
သူတော်ကောင်းတွေရဲ့စိတ်ဓာတ်၊
သူတော်ကောင်းတွေရဲ့
အတွေးနဲ့…
ကျန်တဲ့သူတွေရဲ့အတွေးဟာ
အများကြီးကွာပါတယ်။
အဲဒီတော့ ကိုယ့်ဘ၀ကိုယ်
မကောင်းတဲ့ စိတ်ဓာတ်
မပေါ်ရလေအောင်၊
မကောင်းတဲ့အလုပ်
မလုပ်မိရလေအောင်၊
ဘယ်အရာကိုပဲဖြစ်ဖြစ်
အကောင်းဘက်ကကြည့်ပြီး
ဓမ္မကို ကျင့်သုံးခြင်းဖြင့်
မိမိတို့၏ စိတ်နေသဘောထား
အားလုံးဟာ …
အလွန်မွန်မြတ်ပြီးတော့
တကယ့် သူတော်စင်ဘ၀ကို
ရောက်ရှိနိုင်ကြပါစေ ကုန်သတည်း။
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
No comments:
Post a Comment