" ဘာမှ မလိုချင်ကြနဲ့ "တဲ့
ဒီ အဆုံးအမကိုနားထဲ ခဏခဏပဲ ကြားဖူးပေမယ့်...သိပ်ပြီး
အလေးအနက် မထားခဲ့မိတာ အမှန်ပါ။
ဆရာတော်ဘုရားကြီး၏
ပုံတော်နဲ့ တွဲပြီး မြင်လိုက်ရတော့
အရမ်းကိုမှ လေးနက်လွန်းတယ်လို့
ခံစားလာရတယ်။
တစ်ခုလိုချင်ရင်
တစ်ခုအတွက် ဆင်းရဲရတယ်။
လိုချင်မှု များရင်များသလောက် သောကတွေ ရောက်ရတယ်။
အခုအထိကိုယ့် ကိလေသာနဲ့ကိုယ်
အလိုမကျလို့ ဆင်းရဲနေဆဲပါပဲ။
ဘာမှ မလိုချင်ကြနဲ့.. တဲ့
မလိုချင်လေ ချမ်းသာလေပေါ့
နည်းနည်း လွှတ်ချနိုင်ရင် နည်းနည်းချမ်းသာပြီးအကုန်လွှတ်ချနိုင်တဲ့ တစ်နေ့အလုံးစုံ ချမ်းသာရမှာလားလို့ တွေးနေမိသည်။
မေတ္တာဖြင့်သာ...
No comments:
Post a Comment