စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, May 18, 2022

နေတတ်လျှင် ကျေနပ်စရာလေးပါ

နေတတ်လျှင် ကျေနပ်စရာလေးပါ 
 ......... ........ ........ ...... ...... ...... ........ ........ ...... ......

(၁) တစ်စုံတစ်ယောက်ကို မကျေနပ်လျှင် ဘါမှမတုံ့ပြန်ဘဲ မျိုသိပ်နိုင်အောင် ကြိုးစားပါ ။

ဒါဆိုရင် ဘာအကြောင်းကြောင့်မှ ပြသနာမဖြစ်လာနိုင်တော့ပါဘူး။

(၂ ) သူတစ်ပါးရဲ့ အမှားကိုတွေ့တဲ့အခါငါလဲမှားတတ်တာပဲလို့
ကိုယ်ချင်းစာစိတ်မွေးလိုက်ပါ ။

ဒါဆိုရင် သူများအမှားကို 
ခွင့်လွှတ်နိင်သွားတယ်။

(၃) တစ်စုံတစ်ခု ပျက်စီးဆုံးရှုံးတဲ့အခါဘာပဲဖြစ်ဖြစ် တစ်နေ့ကျရင် စွန့်လွှတ်ရမှာပဲလို့စွန့်လွှတ်ခြင်းနိယာမကို လက်ခံနိုင်အောင် ကြိုးစားပါ ။

ဒါဆိုရင် ဘယ်အရာပဲဆုံးရှုံး ဆုံးရှုံးဝမ်းနည်းမှုမဖြစ်တော့ပါ ။

(၄ ) အဆင်မပြေမှုတွေ ကြုံရတဲ့အခါကံဆိုးလိုက်တာလို့ ညဉ်းနေမယ့်အစားကံကောင်းအောင် ပြုပြင်လိုက်ပါ ။

ဒါဆိုရင် အဆင်မပြေမှုတွေ ကြုံရပေမယ့်အပြုံးမပျက်တော့ဘူး

(၅) ကြိုးစားပါလျှက် ကိုယ်လိုချင်တ်ာမရခဲ့ရင်ကိုယ်ရနေတာလေးကိုပဲ ကျေနပ်လိုက်စမ်းပါ ။

ဒါဆိုရင် ကိုယ်လိုချင်တာ မရခြင်းကြောင့် စိတ်ဖိစီးမှုမဖြစ်တော့ဘူး....။
..
..
..
..crd..သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

No comments:

Post a Comment