စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, May 8, 2022

အတိတ်ဘဝက ခွေးမကြီးရဲ့နို့ကို လုစို့ခဲ့ရတဲ့ ဘုရင်နှင့်ယောဂီတယောက်၏ နှစ်ပေါင်းများစွာ ငရဲကျခံခဲ့ရတဲ့ အတိတ်ဘဝအကြောင်း

အတိတ်ဘဝက ခွေးမကြီးရဲ့နို့ကို လုစို့ခဲ့ရတဲ့ ဘုရင်နှင့်ယောဂီတယောက်၏ နှစ်ပေါင်းများစွာ ငရဲကျခံခဲ့ရတဲ့ အတိတ်ဘဝအကြောင်း   

◾ကိုယ့်ရဲ့ ကိုးကွယ်ရာ အားထားရာပြုလုပ်မဲ့ ပုဂ္ဂိုလ်တွေဟာ
ကိုယ်ကျင့် သီလနဲ့ ပြည့်စုံဖို့ မလိုဘူးလား ? လိုအပ်တယ် ၊
သေခါနီးကာလ သိပ်ကြောက်ဖို့ ကောင်းပါတယ်နော်။ 

◾ယောဂီအများစု 
ဘုန်းကြီးသုတေသနပြုပြီးတော့မှတ်တမ်းလေးတွေ ပြုလုပ်ထားပါတယ် သေခါနီးကာ မရဏာသန္တာဇော ဆိုက်ရောက်လာပြီဆိုရင် တချို့တချို့ ပုဂ္ဂိုလ်တွေ မပြောပလောက်တဲ့ အကြောင်း အရာကို အခြေခံပြီးတော့ မကောင်းတဲ့ ဘုံဘဝရောက်သွားတဲ့
ထုံးလေးတွေ ရှိကြပါတယ်။
     
◾အင်မတန် သံဝေဂဖြစ်စရာ ထုံးလေးကတော့ 
ယောဂီတစ်ဦးဆိုကြပါစို့ ၊ အတိတ်ဘဝ အတော်ခပ်များများ သူ့ကို ဘုန်းကြီး
ကလည်း ရှုခိုင်းပါတယ်၊ 

◾ဘုန်းကြီးကလည်း ရည်ရွယ်ချက်ကတော့
ဝိပဿနာဥာဏ်တွေ ရင့်ကျက်လာဖို့ရန် ရည်ရွယ်ချက်တစ်ခုရှိတယ်၊
မိမိရဲ့ ဘဝဟောင်းကို တိတိကျကျမှန်မှန်ကန်ကန် သိခဲ့ရင်ထိုပုဂ္ဂိုလ်
ရဲ့ သန္တာန်မှာ မာန် ၊ မာနတွေ တဖြည်းတဖြည်း လျော့ကျသွားမယ် ဆိုတာ ဘုန်းကြီးသိပါတယ်နော်။ 

◾တချိန်တုန်းက 
ဘုန်းကြီးဟောခဲ့ဖူးပါတယ်နော် ၊ 
စိတ္တသမ္ဘူတဇာတ်နော် အရှင်အာနန္ဒာ အလောင်းမင်းကြီးကို စိတ္တသမ္ဘူတဘုရင်က နေပြီးတော့ တောထွက်ဖို့ရန်အတွက် နန်းစည်းစိမ် စွန့်လွှတ်ပြီး
တောထွက်ဖို့ရာ ခေါ်တဲ့အခါမှာ အရှင်အာနန္ဒာ အလောင်းဖြစ်နေတဲ့ စိတ္တသမ္ဘူတ မင်းကြီးကနေပြီးတော့ နန်းစည်းစိမ်ကို မစွန့်လွှတ်နိုင်ကြောင်း ပြောတဲ့အချိန်အခါမှာ ဂါထာလေးတစ်ခုနဲ့ ဆိုဆုံးမထားတယ်နော်။ 

◾အဲဒီဂါထာလေးရဲ့ အဓိပ္ပါယ်က 
ဘာလဲ တချိန်က လွန်တီးခေါင်မှာ
ခွေးမကြီး နို့ကိုစို့လာတဲ့ လူသားတစ်ဦးကို ရှင်ဘုရင်လို့ ခေါ်နေတာပါလို့ဆိုပြီး ဒီဂါထာလေးက ဆုံးမသွားတယ်။ 

◾အဲဒီဂါထာလေးကိုလည်း 
ပရိသတ်စုံတဲ့ လူဘုံအလယ်ရောက်ရင် အမြဲတမ်းရွတ်ဖတ်ပါဆိုပြီး သံဝေဂဥာဏ်ဖြစ်ဖို့ရန် အတွက် တိုက်တွန်းပါတယ်။ 

◾ဘာဖြစ်လို့လဲ 
မိမိရဲ့ဘဝဟောင်းကို မှန်မှန်ကန်ကန် တိတိကျကျသိတဲ့ ပုဂ္ဂိုလ်ဟာ ဘာမှ မာန်၊မာနတွေ ရှိနေစရာအကြောင်းမရှိဘူး။ 

◾ဒီဂါထာလေးကို 
ရသေ့ကြီးက ရှင်အာနန္ဒာလောင်းဖြစ်တဲ့
ဒီရှင်ဘုရင်ကို ဘာကြောင့်ဆိုဆုံးမနေရသလဲ နန်းစည်းစိမ်မှာ မွေ့လျော်ပျော်ပိုက်နှစ်ခြိုက်နေတဲ့ ဒီလောဘဇောပြဒါန်းနေတဲ့ အကုသိုလ် တရားတွေက အပါယ်ဘုံသို့ ပို့ဆောင်ပေးတော့မယ်ဆိုတာကိုမြင်တယ်။ 

◾အပါယ်ဘေးမှ ထုတ်ဆောင် ကယ်တင်ချင်တဲ့ စိတ်ထားရှိတယ် ၊ကြည့်လိုက်တဲ့ အချိန်ကျတော့ ဒီစိတ်ထားတွေ ပေါ်လာရေးအတွက် ဒီဂါထာလေးက  လှုံဆော်ပေးတဲ့ ဒေသနာတစ်ခုဖြစ်သွားတယ်နော် !
ဘာကိုဆိုလိုသလဲဆိုတော့ ဦးဇင်းတို့ဘုရားအလောင်းနဲ့ အရှင်အာနန္ဒာအလောင်းလွန်ခဲ့တဲ့ လေးဘဝ လောက်က ဆိုကြပါစို့။ 

◾စိတ္တသမ္ဘူတမင်း မဖြစ်ခင် ဘဝတစ်ခုမှာ 
ဒွန်းစန်းဒါး အမေအိုကြီးရဲ့သား၊ သမီးဖြစ်ခဲ့ကြရပါတယ်။ ဒွန်းစန်းဒါးဟာ အမေအိုကြီးက အစာရှာဖွေသွားတဲ့အချိန်အခါမှာ မိခင်ကြီးပြန်လာတဲ့အခါ မစောင့်နိုင်ကြဘူး။ 

◾မစောင့်နိုင်တော့ ဘာလုပ်သလဲဆိုတော့ ခွေးမကြီးတစ်ကောင်က သားကျနေတယ်သားကျနေတဲ့ ခွေးမကြီးတစ်ကောင်ရဲ့ နို့ကိုခွေးလေးတွေနဲ့ လုပြီးစို့ကြရပါတယ် ၊ နေရတဲ့ အချိန်အခါကျတော့ ဘယ်မှာနေရသလဲမေးတော့ လွန်တီးခေါင်မှာ နေထိုင်ခဲ့ရပြီး ဒီဂါထာလေးသင်ပေးသွားတယ် ။ 

◾သင်ပြီးတော့ !
ပရိသတ်စုံတဲ့ လူဘုံအလယ်ရောက်ရင်
အဲဒီ ဂါထာလေးရွတ်ဖို့ တိုက်တွန်းသွားတယ် ၊ တိုက်တွန်းပြီး ကောင်းကင်ခရီးကနေပြီး ဟိမဝန္တာ ပြန်ကြွသွားတယ်။
     
◾ဒီဂါထာလေးက 
ရှင်အာနန္ဒာအလောင်း ဘုရင်မင်းမြတ်ကြီးကို တိုင်ပြည်ကိုစွန့်ခွါပြီး ရသေ့ ၊ ရဟန်းတရားတွေ ပွားများအားထုတ်
ဖို့ရန်အတွက် တိုက်တွန်းပေးတဲ့ လှုံဆော်ချက်လေး တစ်ခုဖြစ်သွားတယ်၊ 

◾ဒကာကြီးတွေ  ဒကာမကြီးတွေ 
အဲ့ဒီလို သိတတ်ကြောင်းအမှန်ကို သိမယ်ဆိုရင် မိမိအတွက် သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ ငါလွတ်အောင်ရုန်းမယ်ဆိုတဲ့ ဒီစိတ်ထားလေး ပေါ်မလာနိုင်ဘူးလား။
ပေါ်လာနိုင်တယ်နော်။
   
◾ခုနက ယောဂီတစ်ဦးအကြောင်း ပြောကြစို့နော် ၊သူရဲ့အတိတ်ဘဝ အတော်ခပ်ရှည်ရှည်ကပါ ဘဝတစ်ခုမှာ သူက ဒီးဒုတ်ငှက်ဖြစ်စဉ် အချိန်အခါမှာ သူက ရေအိုင်လေးတစ်ခုအနားမှာ ကျက်စား
တယ် ၊ရေအိုင်နားမှာ ကျက်စားနေတဲ့ အချိန်အခါမှာ ဘာဖြစ်လာလဲ 

◾လောကမှာ 
စီးပွားရေး စားကျက်တယ်လုတယ်ဆိုတာ လူ့လောကမှာသာ စီးပွားရေး စားကျက်နယ်လုတာ မဟုတ်ဘူး၊ တိရစ္ဆာန်ဘဝမှာလည်း စီးပွားစားကျက်နယ်လုတဲ့ သဘောတွေရှိပါတယ် ။

◾တိရစ္ဆာန်ဘဝက ပိုပြီးဆိုးတာကတော့ 
သူတို့ကနိုင်ရာစား လောကဖြစ်တယ် ၊ ဒီ ဒီးဒုတ်က အင်အားကြီးမားနေတဲ့အတွက် သူကျက်စားနေတဲ့ ရေအိုင်အနားလာပြီး ကျက်စားတဲ့ ဇီးကွက်ငယ်လေးတစ်ကောင်ကို သူက နုတ်သီးနဲ့စိတ်ရှည်လက်ရှည် အားရှိပါးရှိပေါက်ပြီး
တော့ သတ်ခဲ့တယ်၊ 
ဒီကံတစ်ခုတည်းနော် ၊ 

◾အဲဒီ ကံဘဝတစ်ခုမှာ
ထူထောင်လိုက်တာ ဘာဖြစ်လဲ ငရဲမှာ နှစ်သောင်းပေါင်းများစွာခံရတယ်၊ ငရဲဘဝက လွတ်ပြန်တော့လည်း ပြိတ္တာဘဝ၊ ပြိတ္တာဘဝက လွတ်လာပြန်တော့လည်း တိရစ္ဆာန်ဘဝ စသည် ဘဝတွေမှာလည်း နှစ်သောင်းနဲ့ချီပြီးတော့ ခံခဲ့ရတယ်၊ ဘာဖြစ်လို့လဲ ?
မနေ့ညက ပြောခဲ့ပြီးပြီ ကုသိုလ်ကံပဲ ဖြစ်ဖြစ် ၊ အကုသိုလ်ကံပဲ ဖြစ်ဖြစ်ပေါ့နော်။
     
◾အင်အားပြည့်ဝနေတဲ့ ကံတစ်ခု ၊ စေတနာတစ်ခုသည် ဘဝတစ်ခုကို အကျိုးပေးနိုင်တဲ့ စွမ်းအင်ရှိတယ် ၊ 

◾ဒီ ဇီးကွက်ကလေးကို သူပေါက်ပြီးသတ်နေတာ ခေတ်အရ နားလည်အောင်ပြောရင်တော့ ငါးမိနစ်လောက် ကြာမယ်ဆိုပါစို့၊ ငါးမိနစ်အတွင်းမှာ သူပေါက်သတ်
လိုက်လို့ သေသွားပြီဆိုရင် ! 

◾အဲ့ဒီ ငါးမိနစ်အချိန်ကာလအတွင်းလေးမှာ ဒီ ဇီးကွက်တစ်ကောင်ကို ပေါက်သတ်နေတဲ့ လောဘဇော ပြဒါန်းနေတဲ့ အကုသိုလ်ဇောတွေ လှမ်းမျှော်ပြီး ကြည့်လိုက်နော်။
     
◾မျက်စိတစ်မှိတ် ၊ လျှပ်တစ်ပစ်လို့ ခေါ်ဆိုအပ်တဲ့ အချိန်ကာလအတွင်းမှာ 
ဒီအကုသိုလ်ဇောတွေသည် သိန်းနဲ့ချီပြီး အမှုတော်ကို ထမ်းရွက်ကြပါတယ်နော် ! 

◾ဒီတော့ ငါးမိနစ် လောက်ဆိုရင်တော့ ဘယ်လောက်ကြာမလဲ ဇောပေါင်း ဘယ်လောက်ဖြစ်မလဲ ကြည့်ပေါ့နော်၊
အဲဒီ ဇောတစ်ခုသည် အင်အားပြည့်ဝခဲ့မယ်ဆိုရင် အပါယ်လေးဘုံမှာ
ပဋိသန္ဓေကို ဖြစ်စေနိုင်တဲ့ စွမ်းအားအပြည့်အဝရှိပါတယ်။ 

◾အပါယ်လေးဘုံက ကျွတ်လာပြီ လွတ်လာပြီဆိုလို့ရှိရင်လည်း အခုလို လူ့လောကမှာအကြောင်းအားလျော်စွာ ရောက်ရှိခဲ့ပြီဆိုကြပါစို့ ၊
အနာရောဂါ ထူပြောခြင်းစတဲ့ မကောင်းတဲ့အကျိုးတွေ ဆက်တိုက်ပေါ်လာတတ်တယ်။
   
◾ဒါဘာကိုအခြေခံခဲ့လည်း မေးရင်တော့ !
မိမိရဲ့ကိုယ်ကျင့်သီလကို
မိမိက ဖြူစင်အောင် ကျင့်ကြံကျိုးကုတ်အားထုတ်ခြင်း အပေါ်မှာ အခြေ
ခံမနေဘူးလား ?တည်နေတယ် ၊ 

◾ဒါကြောင့် 
အခုလိုအသိဥာဏ်ရှိတဲ့ ဘဝတစ်ခုရကြပြီ ဘုန်းကြီးလည်း တရားတွေအကြိမ်ကြိမ်ဟောနေပြီ မိမိတို့ သာသနာကြည်ညိုတဲ့ စိတ်ထားတွေလည်း ပေါ်နေပြီ ၊ တရားဘာဝနာတွေလည်း ကျင့်ကြံကျိုးကုတ် အားထုတ်နေပြီဖြစ်ပါတယ်နော်၊ 

◾အဲ့ဒီလို ပုဂ္ဂိုလ်တွေဟာ 
ဒီလိုမကောင်းတဲ့ အကျိုးကိုပေးတတ်တဲ့ ကိုယ်ကျင့်သီလ ပျက်စီးမှုဆိုတဲ့ လုပ်ငန်းရပ်တွေကို ပြုလုပ်သင့်ပါ့မလား။
မပြုလုပ်သင့်ဘူး ! 

◾ဘာကြောင့် မပြုလုပ်သင့်သလဲ မိမိရဲ့အကျိုးကို မျှော်လင့်တောင်းတခဲ့တယ်ဆိုရင် ဒီမကောင်းတဲ့ သီလပျက်စီးကြောင်းဖြစ်တဲ့ ဒုစရိုက်တွေကို လွန်ကျူးသင့်ပါ့မလား ?
မလွန်ကျူး သင့်ဘူးနော်! 

◾ဒါကြောင့် 
မြတ်စွာဘုရားက အကောင်းဆုံးနည်းလမ်းတွေကို သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးမှ ငါဘုရားလွတ်မြောက်အောင် ပြုလုပ်သလို  သင်ချစ်သားတို့လည်းလွတ်မြောက်အောင်ပြုလုပ်ကြပါ၊ ပြုလုပ်ချင်ရင်ဘာလုပ်ရမလဲ 

◾မိမိရဲ့ ကိုးကွယ်ရာ ၊ အားထားရာတွေကို သင်ချစ်သားတို့ ပြုရမယ် ၊ ကိုးကွယ်အားထားရာတွေကို ဘယ်လိုပြုလုပ်ရမလဲဆိုတော့
❝ အပ်ပမတ္တာ သတိမန်တော ၊ သုသီလာ ဟောထ ဘိတ်ကဟော
သုတာမဟိတ သင်ကပါတံ စိတ္တမနုယက္ခာတာ ❞

ဘိတ်ခဝေ-ရဟန်းတော်များ အိုချစ်သားတို့ တုန်မေ-သင်ချစ်သားတို့သည် သုသီလ-ကိုယ်ကျင့်သီလရှိတဲ့ ပုဂ္ဂိုလ်တို့သည် ဟောထ- ဖြစ်ကြပါကုန်လော့။
     
◾ကိုယ်ကျင့်သီလနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြပါ၊ ဘာအတွက်လည်း
မိမိရဲ့ မှီခိုအားထားရာ အတွက်ပဲနော် ! သူများအတွက် ဟုတ်ကဲ့လား၊
မဟုတ်ပါဘူး 

◾မိမိရဲ့ မှီခိုအားထားရာအတွက် နံပါတ်(၁)ဖြည့်ကျင့်တဲ့
တရားက ဘာလဲ ကိုယ်ကျင့်သီလ ဖြူစင်အောင်ပြုလုပ်ခြင်းနော် ! 

◾အဲဒီ ကိုယ်ကျင့်သီလဖြူစင်အောင် မပြုလုပ်ဘူး၊ ကာယကံလည်း စောင့်ထိန်း
မှု မရှိဘူး ၊ ဝစီကံလည်း စောင့်ထိန်းမှုမရှိဘူး၊ မနောကံလည်း စောင့်စည်းမှု မရှိဘူး ၊ အဲ့ဒီလို စောင့်စည်းမှုမရှိတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မိမိရဲ့ကိုးကွယ်အားထားရာ ဖြစ်နိုင်ပါ့မလား ၊ မဖြစ်နိုင်ဘူး ၊ 

◾ပစ္စုပ္ပန်မှာလည်း
စိတ်ချမ်းသာမှုဆိုတဲ့ ပေါ်နိုင်ပါ့မလား ၊ မလာနိုင်ဘူး၊ သံသရာမှာလည်း
မှီခိုအားထားရာ ဖြစ်နိုင်ပါအုံးမလား ၊ မဖြစ်နိုင်တော့ဘူး ၊သိပ်ကြောက်
ဖို့ ကောင်းတယ်နော်။
     
◾အကယ်၍များ ခုနက ပြောခဲ့တဲ့ ယောဂီပေါ့ ဒီဇီးကွက်လေး တစ်ကောင်ကို ပေါက်ပြီး သူမသတ်ခဲ့ဘူး၊ သူဖာသာလည်း စားပါစေ၊ အစာရှာစားတာပဲ ၊ငါလည်း ငါ့ဟာ ငါစားမယ်၊ ဒီစိတ်ထားလေးများ ဝင်ခဲ့မယ်ဆိုရင် ငရဲရောက်နိုင်တဲ့ အကုသိုလ်ကံတွေ မွေးမြူရေး လုပ်နိုင်ပါအုံးမလား ၊ မလုပ်တော့ဘူး ၊ 

◾စိတ်ပြုပြင်ပြောင်းလဲ ရေးလေးကို မလုပ်ခဲ့တဲ့အတွက် ငါ့စားကျက်ထဲ အတင်းဝင်ပြီး နှောက်ယှက်ရသလားဆိုတဲ့ 
ဒီ စိတ်ထားလေးတစ်ခုက သူ့ကို ငရဲမှာ နှစ် သောင်းနဲ့ ချီပြီးတော့ ခံစား
ဖို့ရာအတွက် အကြောင်းတစ်ခု ဖြစ်မသွားဘူးလား၊ ဖြစ်သွားတယ်၊ 

◾ဒီကောင်မ ငါ ကျေနပ်တာ မဟုတ်ဘူး 【ဆရာတော်အမေး-ဟုတ်ကဲ့လားနော် !】ဒီကောင်ကို ငါနည်းနည်းမှ မကျေနပ်ဘူး ၊ မကျေနပ်ချက်တွေ တပုံကြီးထမ်းပြီးတော့ စကားပြောနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဒေါသဇောပြဒါန်းနေတဲ့ အကုသိုလ်တွေက အမှုတော်ထမ်းမနေဘူလား
ထမ်းနေပြီ ၊ 

◾ဒီ အကုသိုလ်တရားတွေက ဘယ်ရောက်အောင် ပို့မလည်း ညက ပြောပြီးပြီ ငရဲရောက်တဲ့အထိ သူက ပို့မှာနော် ၊ 

◾ဒါကြောင့် မြတ်စွာဘုရားက မိမိရဲ့ ကိုးကွယ်အားထားရာအတွက် သင်ချစ်သားတို့တတွေ သီလ သီလစင်ကြယ်တဲ့ ပုဂ္ဂိုလ်တွေ ၊ သီလရှိတဲ့ ပုဂ္ဂိုလ်တွေ
ဖြစ်ကြပါစေ တိုက်တွန်းတယ်နော်။ 

ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်ဘုရားကြီး
🌹🌹🌹🌹🌹🙏🌹🌹🌹🌹🌹

Credit...

No comments:

Post a Comment