✅ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားပါ✅
•••••••••••••••••••••••••••••••••
ဘာဝေဟိ ဗုဒ္ဓါနုဿတိံ၊၊ ဘာ၀နာနမနုတ္တရံ။
ဣမံ သတိံ ဘာ၀ယိတွာ၊ ပူရယိဿသိ မာနသံ။
(အပဒါန၊၁၊၇၆။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၅။)
" ဘာ၀နာတတိ့ုတွင် အသာဆုံးအမြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓါနုဿတိ ဘာ၀နာကို ပွားများအားထုတ် ပါလေလော့။ ဤဗုဒ္ဓါနုဿတိ ဘာ၀နာကို
ပွားများအားထုတ်ခြင်းကြောင့် မိမိစိတ်နှလုံးရဲ့ အလိုဆန္ဒဟူသမျှသည် မချွတ်ဧကန် ပြည့်စုံလာပါပေလိမ့်မယ် "တဲ့
ဒီဂါထာလေးကတော့ ပဒုမုတ္တရဘုရားရှင်က ကောလိယအနွယ်မှ ဖြစ်ပေါ်လာတဲ့
နန္ဒရသေ့ကြီးကို ဟောကြားတော်မူခဲ့တဲ့ ဂါထာဒေသနာတော်လေးဖြစ်ပါတယ်။
မိမိ လိုလားတောင့်တနေတဲ့ ဆုထူးဆုမြတ်က ဧကန် ပြည့်စုံဖို့ရန်အတွက်ဘာလုပ်ရမလဲ?
ဘာ၀နာဟူသမျှတို့တွင် အသာဆုံး အမြတ်ဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ဗုဒ္ဓါနုဿတိဘာ၀နာကို သင်နန္ဒရသေ့ကြီး ပွားများအားထုတ်
ပေတော့။ ပွားများအားထုတ်မယ်ဆိုလျှင် သင့်ရဲ့ စိတ်နှလုံး အလိုဆန္ဒတွေသည် အားလုံး ပြည့်စုံလာပေလိမ့်မယ်လို့ ပဒုမုတ္တရဘုရားရှင်က ဒီလို ဟောကြားပေးပါတယ်။
ဒါကြောင့် ဒါယကာကြီး ဒါယိကာမကြီးတွေ စိတ်နှလုံး အလိုဆန္ဒ ပြည့်စုံချင်တယ်ဆိုလျှင် ချဲကျောင်းကို သွားရမလား? ဒီဒါယကာကြီးတွေလည်း ချဲကျောင်းပဲ အမြဲ သွားနေကြတယ်နဲ့ တူပါတယ်။ ဘုရားရှင်က စိတ်နှလုံး အလိုဆန္ဒတွေ ပြည့်စုံချင်ကြတယ်ဆိုလျှင် ဗုဒ္ဓါနုဿတိဘာ၀နာကို ပွားများပါလို့ တိုက်တွန်းထားပါတယ်။ ဒီလိုဆိုလျှင် ဘယ်လို ပွားရမလဲ? ။
ပွားပုံ ပွားနည်းကိုတော့ နောက်မှပဲ ဘုန်းကြီး ပြောပါ့မယ်။
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၏ ထူးခြားသော အကျိုးအာနိသင်များလည်း ရှိပါတယ်။
ဘဝါဘဝေ သံသရန္တော၊ မဟာဘောဂံ လဘာမဟံ။
ဘောဂေ မေ ဦနတာ နတ္ထိ၊ ဗုဒ္ဓါနုဿ တိယာ ဖလံ။
(အပဒါန၊၁၊၇၇။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၇။)
ဘဝြကီးငယ် အသွယ်သွယ်မှာ ကျင်လည်ခဲ့ရစဉ်မှာ ကြီးကျယ်ဖွံ့ဖြိုး
များမြတ်တဲ့ စည်းစိမ်တွေကို ရရှိခဲ့တယ်။ ဒီလို ရရှိတဲ့ စည်းစိမ်တွေကလည်း
ဆုတ်ယုတ်လျော့ပါးသွားတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါယကာကြီးတွေစဉ်းစားကြည့်ကြစမ်းပါ။
ဒီလို စွမ်းအားရှိနေတဲ့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းမျိုးကိုမပွားသင့်ဘူးလား?
ပွားသင့်ပါတယ်။ နောက်တစ်ခုက ---
သတသဟဿိ တော ကပ္ပေ၊ ယံ ကမ္မမကရိံ တဒါ။
ဒုဂ္ဂတိံ နာဘိဇာနာမိ၊ ဗုဒ္ဓါနုဿ တိယာ ဖလံ။
(အပဒါန၊၁၊၇၇။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၇။)
ကမ္ဘာတစ်သိန်းထက်၌ အကြင် ဗုဒ္ဓါနုဿတိဘာ၀နာကို အကြင်အခါ၌ ပြုကျင့်ခဲ့လေပြီ။
ထိုအခါမှစ၍ ဒုဂ္ဂတိဘုံဘ၀သို့ ငါသည် မသိရှိခဲ့ဖူးပေ။ ဤကဲ့သို့ မသိရှိခဲ့ဖူးခြင်းသည် ဗုဒ္ဓါနုဿတ ိဘာ၀နာ၏ အကျိုးတရားပါပေတည်း။
ပဒုမုတ္တရမြတ်စွာဘုရား သာသနာတော်ကနေ ဂေါတမမြတ်စွာဘုရားသာသနာတော်အတွင်းတိုင်အောင် ကမ္ဘာတစ်သိန်းဆိုတဲ့ သံသရာခရီးကို
ဖြတ်ကျော်လာခဲ့ရာမှာ အပါယ်လေးဘုံကို တစ်ခါမှ မရောက်ခဲ့ရဘူး။ တစ်ကမ္ဘာ၊ တစ်ကမ္ဘာဆိုတဲ့ သက်တမ်းမှာ သတ္တဝါတစ်ဦးတစ်ဦးရဲ့ သေကျေ
ပျက်စီးခဲ့ရတဲ့ အရိုးတွေကို စုပုံလိုက်မယ်ဆိုလျှင်တော့ ဒီအရိုးတွေကလည်းမဆွေးမြည့် မပျက်စီးခဲ့ဘူးဆိုလျှင် ဝေပုလ္လတောင်လောက် မြင့်တဲ့ တောင်ကြီးတစ်တောင်လောက် ရှိပါတယ်။
(သံ၊၁၊၃၉၂-၃၉၃။)
ကမ္ဘာတစ်သိန်းဆိုလျှင်တော့တောင်အလုံးပေါင်း တစ်သိန်းလောက် ဖြတ်ကျော်ခဲ့ရပါတယ်။ အဲဒီလောက်ဘဝတွေ များစွာ ကျင်လည်ခဲ့ရတဲ့ အချိန်အခါမှာ အပါယ်လေးပါးကို တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ရဘူးဆိုလျှင် ဒီလို အပါယ်သံသရာဘေးကြီးမှကမ္ဘာတစ်သိန်း ကာလပတ်လုံး ထုတ်ဆောင် ကယ်တင်ပေးနေတဲ့ ဒီဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းမျိုးကို မစီးဖြန်းသင့်ဘူးလား၊? စီးဖြန်းသင့်ပါတယ်။
သို့သော် သံသရာခရီးကို ကောင်းတယ်လို့ ပြောလိုရင်းတော့ မဟုတ်ပါဘူး။ သံသရာခရီးကို မိမိတို့က ဆုံးအောင် မလုပ်နိုင်သေးလို့ သံသရာခရီးကို ဆက်ပြီး ကျင်လည်ကြရမယ်ဆိုလျှင်တော့ အဖော်ကောင်းဆိုတာတော့ မလိုအပ်ဘူးလား?
လိုအပ်နေပါတယ်။
၀ိဇ္ဇာမျိုးစေ့နှင့် စရဏမျိုးစေ့ပါရမီများရှိခဲ့ပါတယ်။
ပဒုမုတ္တရမြတ်စွာဘုရား၏ သာသနာတော်အတွင်းမှာ မိမိ စွမ်းအားရှိသလောက် ပါရမီမျိုးစေ့ကောင်းတွေကို ဖြည့်ကျင့် ဆည်းပူးတော်မူပြီးနောက်
မလျောကျသောစျာန်ရှိလျက် ကွယ်လွန်သွားတဲ့ အချိန်အခါမှာ ဗြဟ္မာ့ပြည်သို့ရောက်ရှိသွားခဲ့ပါတယ်။ ထိုဗြဟ္မာ့ပြည်မှ စုတေပြီးနောက် လူ့ပြည် လူ့လောကသို့ပင်တစ်ဖန် ပြန်ရောက်ရှိခဲ့ပါတယ်။ နောက်ထပ် ဘဝပေါင်း (၅၀၀)တို့ ကာလပတ်လုံး တောရဆောက်တည် ကျင့်သုံးတဲ့ ရသေ့ရဟန်းပဲ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။ (ထေရဂါထာ၊ဋ္ဌ၊၁၊၂၂။)
ကဿပဘုရားရှင်၏ လက်ထက်တော်ကာလ၌လည်း သာသနာဘောင်သို့ ၀င်ရောက်ကာ ရှင်ရဟန်း ပြုတော်မူပြီးနောက် အာရညကင်ဓုတင်ဆောက်တည် ကျင့်သုံးလျက် တောနေ ရဟန်းတော်တစ်ပါးပဲ ဖြစ်ခဲ့ပါတယ်။
ဆွမ်းခံရွာသို့ သွားရာ၌လည်း ကမ္မဋ္ဌာန်းကို ဆောင်လျက် ( ကမ္မဋ္ဌာန်းကို ပွားများလျက်) သွားခြင်း, ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်လာရာ၌လည်း ကမ္မဋ္ဌာန်းကို ဆောင်လျက် (ကမ္မဋ္ဌာန်းကို နှလုံးသွင်း ရှုပွားလျက်) ပြန်လာခြင်းဆိုတဲ့ ဂတပစ္စာဂတ၀တ်ကိုလည်း ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်တော်မူခဲ့
ပါတယ်။
" ဤဂတပစ္စာဂတ၀တ်ကို မဖြည့်ကျင့်ဘဲ ဘုရားရှင်၏ တပည့်ကြီး မဟာသာ၀ကအဖြစ်သို့
ဆိုက်ရောက်သွားကြသည့် ပုဂ္ဂိုလ်တို့မည်သည် မရှိစကောင်းပါ" လို့ ဒီလို ထေရဂါထာ အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။
(ထေရဂါထာ၊ဋ္ဌ၊၁၊၂၂-၂၃။)
အလားတူပဲ ဝိသုဒ္ဓိမဂ္ဂအအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၇၂။)မှာလည်း ဖွင့်ဆိုထားပါတယ်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကတော့ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတော်မူကြသည့် အဂ္ဂသာ၀က, မဟာသာ၀က, ပကတိသာ၀ကဆိုတဲ့ သာ၀ကအားလုံးတို့အတွက် ဖွင့်ဆိုချက် ဖြစ်ပါတယ်။ ပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄)ပါးကို ရရှိတော်မူကြသည့် မဟာသာ၀ကကြီး (၈၀)တို့တွင် #အရှင်သုဘူတိမထေရ်မြတ်
လည်း တစ်ပါး အပါအ၀င် ဖြစ်ပါတယ်။
☀️၁။ အဓိဂမ = အရဟတ္တမဂ်သို့ ဆိုက်ရောက်ခြင်း သို့မဟုတ် အရိယမဂ်ဉာဏ်သို့ ဆိုက်ရောက်ခြင်း၊
☀️၂။ ပရိယတ္တ္တိ = ဘုရားရှင်၏ တရားစကားတော်ဆိုတဲ့ ပါဠိတော်ကို သင်ယူခြင်း၊
☀️၃။ သ၀န = တရားတော်ကို အရိုအသေ အလေးအမြတ်ပြု၍ နာယူခြင်း၊
☀️၄။ ပရိပုစ္ဆာ = ပါဠိတော်၏ အနက် အဓိပ္ပာယ်ကို ဖွင့်ဆိုကြောင်းဖြစ်သည့် အဋ္ဌကထာကို အရိုအသေ အလေးဂရုပြုကာ သင်ယူခြင်း နာယူခြင်း၊
ယင်း
အဋ္ဌကထာတို့၌ ခက်ခဲ နက်နဲသော ပုဒ်တို့၏ ( အထုံးအဖွဲ့တို့၏) အဆုံးအဖြတ်ကို သင်ယူခြင်း၊
☀️၅။ ပုဗ္ဗယောဂ --ပေါင်းလိုက်တော့ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိမယ့် သူတော်ကောင်းတို့
ဖြည့်ကျင့်ရမည့် အင်္ဂါရပ် (၅)ခုကို ဖွင့်ဆိုထားပါတယ်။ (ဝိသုဒ္ဓိ၊၂၊၇၂။)
#နန္ဒရသေ့ကြီး သည် ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာရော, ကဿပဘုရားရှင်ရဲ့ သာသ

ယင်း ပါဠိတော် အဋ္ဌကထာတို့၌ ခက်ခဲ နက်နဲသော ပုဒ်တို့၏ ( အထုံးအဖွဲ့တို့၏) အဆုံးအဖြတ်ကို သင်ယူခြင်း၊
☀️၅။ ပုဗ္ဗယောဂ --ပေါင်းလိုက်တော့ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိမယ့် သူတော်ကောင်းတို့
ဖြည့်ကျင့်ရမည့် အင်္ဂါရပ် (၅)ခုကို ဖွင့်ဆိုထားပါတယ်။ (ဝိသုဒ္ဓိ၊၂၊၇၂။)
#နန္ဒရသေ့ကြီး သည် ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာရော, ကဿပဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာရော သာသနာတော် နှစ်ရပ်လုံးမှာပဲ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော ဝိပဿနာဘာ၀နာကမ္မဋ္ဌာန်းတွေကို ဖြည့်ကျင့်ခဲ့တယ်လို့ သိနိုင်ပါတယ်။
သို့သော်လည်း ကဿပဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ ရဟန်းဘ၀နှင့်ယခုလို ပါရမီတွေကို ဖြည့်ကျင့်ပြီးတော့ သံသရာခရီးက မဆုံးသေးတော့ဆက်လက်ပြီး ကျင်လည်ရပြန်တယ်။ ဒီလို ကျင်လည်ရာကနေ ဘုန်းကြီးတို့ဂေါတမမြတ်စွာဘုရားရှင် သာသနာတော်အတွင်းသို့ ရောက်ရှိလာတဲ့ အချိန်အခါမှာတော့ ဘာဖြစ်လာသလဲ?
နောက်ဆုံးဘ၀ --- ရဟန်းပြုတော်မူခြင်း
သာ၀တ္ထိပြည်မှာ သုမနသူဌေးကြီးရဲ့ သားဖြစ်တဲ့ အနာထပိဏ်သူဌေးကြီးရဲ့ညီ သုဘူတိ ဆိုတဲ့ အမည်နဲ့ လူသားတစ်ဦး လာဖြစ်ပါတယ်။ ဒါပေမယ့်ဒီလို လူ့ပြည် နတ်ပြည်ဆိုတဲ့ သံသရာခရီးကို ကျင်လည်ခိုက်မှာ ပဒုမုတ္တရမြတ်စွာဘုရားရှင် သာသနာတော်က ကပ်ပါလာခဲ့တဲ့ ဓာတ်ငွ့တစ်ခုကြောင့်သူက ဘယ်လိုသဘော ရှိနေသလဲ? ဘ၀ငါးရာတို့ ကာလပတ်လုံး တောထွက်ပြီး
တော့ ရသေ့ရဟန်း ပြုခဲ့တယ်။ စျာန်အဘိဉာဏ်တွေကိုလည်း ဘ၀ငါးရာတို့ ကာလပတ်လုံး ထိုရသေ့ရဟန်းဘ၀မှာ ရရှိတော်မူခဲ့တယ်။ ဒါယကာကြီးတွေ ...ဓာတ်ငွေ့များဟာ သိပ်ပြီး အားကိုးဖို့ မကောင်းဘူးလား?
သိပ်ကောင်းပါတယ်။ ဒီလို ကြိုးစားအားထုတ်ခဲ့တဲ့ ဓာတ်ငွေ့တွေက ဘုန်းကြီးတို့ ဂေါတမမြတ်စွာဘုရား သာသနာတော်ကြီး ပွင့်ပေါ်လာတော့ ဘွားကနဲ
လာပြီး ကျေးဇူးပြုပေးတယ်။ ဘယ်လို ကျေးဇူးပြုပေးသလဲ?
အနာထပိဏ်သူဌေးကြီးကလည်း ဇေတ၀န်ကျောင်းတိုက်ကြီး ဆောက်လုပ်ပြီးစီးတဲ့ အချိန်အခါမှာ လှူဒါန်းပူဇော်တဲ့ ကျောင်းလွှတ်ပွဲတစ်ခု ကျင်းပတယ်။ အဲဒီ ကျောင်းလွှတ်ပူဇော်ပွဲမှာ အစ်ကိုဖြစ်သူနှင့် အတူတကွ ဘုရားရှင်ထံ သွားပြီးတော့ ဖူးမြော် ကန်တော့ကြတယ်။ တရားတော်ကိုလည်း အတူတကွ နာယူကြတယ်။ ဒီလို နာယူရတဲ့ အချိန်အခါမှာ ဘုရားရှင်ရဲ့ တရားတော်အပေါ်၌ သက်၀င်ယုံကြည်တဲ့ သဒ္ဓါတရားတွေက သိပ်ပြီး တွန်းအား
ကောင်းနေတဲ့အတွက် ထိုနေ့မှာပဲ သာသနာဘောင်ကို ၀င်ရောက်ပြီးရှင်ရဟန်း ပြုခဲ့ပါတယ်။ အရှင်သုဘူတိမထေရ်မြတ်လို့ အမည်တွင်ပါတယ်။
ဒါယကာကြီးတွေ ...စဉ်းစားကြည့်စမ်းပါ။ သူဌေးသားတစ်ဦးကဘုရားရှင်နဲ့ တစ်ကြိမ်ပဲ တွေ့ပြီး ဘုရားရှင်ရဲ့ တရားတော်ကိုလည်း တစ်ကြိမ်ပဲ
နာကြားခွင့် ရသေးတယ်၊ ချက်ချင်း စည်းစိမ်ချမ်းသာ အားလုံးကို စွန့်လွတ်ပြီးတော့ သာသနာဘောင် ၀င်ရောက်ပြီး ရှင်ရဟန်း ပြုသွားတယ်။ ဒါယကာ
ကြီး ဒါယိကာမကြီးတွေ ဒီလို ပြုနိုင်ပါ့မလား? ဒီနေရာမှာ ဒါယကာကြီးဒါယိကာမကြီးတွေနဲ့ ဘယ်လို ကွာခြားမှု ရှိနေသလဲလို့ မေးလျှင်တော့ မိမိတို့ရဲ့
စိတ်ကို ထုံမွမ်းထားတဲ့ စွမ်းအားတွေက သိပ်ကွာနေပါတယ်။ ရှင်ရဟန်းပြုပြီးတော့ သူက ဘာဆက်လုပ်သလဲ? ဒီနေရာမှာ ဘုန်းကြီး အားလုံး
ပေါင်းပြီး ပြောပြပါ့မယ်။
ဒီမှာ ဗုဒ္ဓါနုဿတိဘာ၀နာစတဲ့ ကမ္မဋ္ဌာန်းတစ်ခုခုကို အခြေခံပြီး ဒကာကြီးတို့တစ်ဘက်ကလည်း ဝိပဿနာ ဘာ၀နာကမ္မဋ္ဌာန်းကို အရဟတ္တဖိုလ်ပေါက်သင်ယူထားပြီးဖြစ်ဖို့ လိုပါတယ်။ ဒီစည်းကမ်းသတ်မှတ်ချက်အတိုင်း သူဟာဒွေမာတိကာကို အာဂုံဆောင်ပြီးတဲ့ အချိန်အခါမှာ မြတ်စွာဘုရားထံမှကမ္မဋ္ဌာန်းတရားတွေကို အရဟတ္တဖိုလ်ပေါက်အောင် သင်ယူရပါတယ်။ ဒီလို သင်ယူတဲ့အပိုင်း
မှာတော့ သူက --
မေတ္တာစျာနံ နိဗ္ဗတ္တေတွာ တံ ပါဒကံ ကတွာ =
မေတ္တာစျာန်ကို ဝိပဿ နာရဲ့ အခြေပါဒကအဖြစ် ပြုပြီးမှ ဝိပဿ နာဘာ၀နာကမ္မဋ္ဌာန်းကို စီးဖြန်းတယ်။ စီးဖြန်းပြီး ဝိပဿ နာဉာဏ်တွေကို တိုးပွားအောင် ကြိုးစားအားထုတ်လိုက်တာ ဘာဖြစ်သွားသလဲ၊? အရဟတ္တဖိုလ်အထိ ဆိုက်သွားပါတယ်။
အရှင်သုဘူတိမထေရ်မြတ် ဖြတ်ကျော်လာခဲ့တဲ့ လမ်းကြောင်းကို လှမ်းမျှော်ပြီး ကြည့်လိုက်မယ်ဆိုလျှင် ဗုဒ္ဓါနုဿ တိဘာ၀နာက တစ်ခု, မေတ္တာဘာ၀နာက တစ်ခုဆိုပြီး နှစ်ခု ရှိနေပါတယ်။ တပည့်တော်တို့လည်း အရှင်သုဘူတိမထေရ်ကို အားကျပြီးတော့ မေတ္တာစျာန်ကို ၀င်စားချင်ပါတယ်၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းတွေကိုလည်း စီးဖြန်းချင်ပါတယ်၊ ထိုမေတ္တာစျာန်ကို အခြေခံပြီး
တော့ ဝိပဿနာဘာ၀နာတွေကိုလည်း ပွားများအားထုတ်ချင်ပါတယ်၊ ဒီမေတ္တာဘာ၀နာနဲ့ ဗုဒ္ဓါနုဿတိဘာ၀နာတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ပွားများအားထုတ်ရမလဲ ? ဘယ်လို ကြိုးစားရမလဲလို့တော့
မေးမြန်းဖွယ်ရာ ရှိလာပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ကလေးကို ဟောကြားကြရအောင် ---
🙏🏿ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း🙏🏿
..............................
အာရကတ္တ္တာ ဟတတ္တ္တာ စ၊ ကိလေသာရီန သော မုနနိ။ ဟတသံံသာရစတ္က္ကာရော၊ ပစ္စ္စယာဒီန စာရဟော။ န ရဟော ကရောတိ ပါပါနိ၊ အရဟံ တေန ဝုစ္စတိ။(ဝိသုဒ္ဓိ၊၁၊၁၉၅။)
🙏🏿⚜️၁။ ဝါသနာအငွေ့ဓာတ်နှင့်တကွ ကိလေသာတို့ကို အကြွင်းမဲ့ ဖျက်ဆီးနိုင်သဖြင့် ကိလေသာတို့မှ အဝေးကြီး ဝေးကွာတော်မူခြင်းတည်းဟူသော
ဤအကြောင်းကြောင့် "အရဟံံ" မည်တော်မူပါပေသော မြတ်စွာဘုရား၊
🙏🏿⚜️၂။ တစ်ထောင့်ငါးရာ ကိလေသာတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့်ချိုးဖဲ့ဖျက်ဆီးတော်မူတတ်ခြင်း တည်းဟူသော ဤအကြောင်းကြောင့် "အရဟံံ" မည်တော်မူပါပေသော မြတ်စွာဘုရား၊
🙏🏿⚜️၃။ အဝိဇ္ဇာ-တဏှာ ဦးစီးသည့် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏ ထောက်အကန့်တို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူခြင်း တည်းဟူသော ဤအကြောင်းကြောင့် "အရဟံံ" မည်တော်မူပါပေသော မြတ်စွာဘုရား၊
🙏🏿⚜️၄။ သူမတူသော သီလ-သမာဓိ-ပညာ-ဂုဏ်သကတ်ကြောင့် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ မြတ်သောအလှူ ပူဇော်အထူးကို ခံယူတော်မူထခြင်း တည်းဟူသော ဤအကြောင်း ကြောင့် "အရဟံံ" မည်တော်မူပါပေသော မြတ်စွာဘုရား၊
🙏🏿⚜️၅။ ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှု ဟူသမျှတို့ကို ပြုတော်မမူ ပြောတော်မမူကြံစည်တော်မမူခြင်းတည်းဟူသော ဤအကြောင်းကြောင့် "အရဟံံ" မည်တော်မူပါပေသော မြတ်စွာဘုရား၊ ဤကား အရဟံဂုဏ်တော်၏ အနက်ငါးနက် ဖြစ်သည်။
ဤအနက် အဓိပ္ပါယ်တို့ကို ကျေပွန်အောင် နှုတ်တက်ရအောင် လေ့ကျက်ထားပါ။ ဤ အရဟံဂုဏ်တော် ကမ္မဋ္ဌာန်းကို ပွားများလိုသော အသင်သူတော်ကောင်းသည်ရှေးဦးစွာ သြဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိကို သို့မဟုတ် အာနာပါန
စတုတ္ထစျာန်သမာဓိကို တစ်ဖန် ထူထောင်၍ ထိုသမထဘာ၀နာဉာဏ်ကြောင့်ဖြစ်ပေါ်လာသော အရောင်အလင်း အကူအညီဖြင့် မိမိ ကြည်ညိုလေးစားသည့် ရုပ်ပွားတော်တစ်ဆူကို မြင်အောင် ထိုးစိုက် အာရုံယူကြည့်ပါ။
သက်တော်ထင်ရှား မြတ်စွာဘုရားကို မဖူးမြင်ရသဖြင့် သက်တော်ထင်ရှား ဘုရားရှင်၏ကိုယ်စား ရုပ်ပွားတော်ကို စတင်ကာ အာရုံယူခြင်းဖြစ်ပါသည်။ ထင်ထင်ရှားရှား တွေ့မြင်သောအခါ ယင်းပုံတော်ကို သက်တော်ထင်ရှားဘုရားဟုအမှတ်ြပုကာ အာရုံတင်ကြည့်ပါ။ အတိတ်ကဘုရားဖူးခဲ့ဘူးပါက
ထိုဘုရားရှင်၏ ရုပ်ပုံတော်သည် ပေါ်လာတတ်ပါ
သည်။ ထိုဘုရားပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုရန် ဖြစ်သည်။
အကယ်၍ ထိုသို့ အာရုံယူကြည့်ရာ၌ သက်တော်ထင်ရှား ဘုရားရှင်၏ ပုံတော်မပေါ်ခဲ့
သော် မိမိ အာရုံယူထားသော ရုပ်ပွားတော်ကိုပင် သက်တော်ထင်ရှားဘုရားဟု အမှတ်ထား၍ ထိုပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုပါ။ အထက်ပါ
အရဟံဂုဏ်တော်၏ အနက်အဓိပ္ပါယ် ငါးမျိုးတို့တွင် မိမိ နှစ်ခြိုက်ရာ အနက်အဓိပ္ပါယ် တစ်မျိုးမျိုးကို အာရုံယူ၍ "အရဟံ-အရဟံ"ဟု ပွားများပါ။ သမာဓိ
အားကောင်းလာသောအခါ ပုံတော်ပျောက်၍ ဂုဏ်တော်အပေါ်၌ ဘာ၀နာစိတ်သည် ငြိမ်၀ပ်စွာကပ်၍ တည်နေပေလိမ့်မည်။
ထိုအခါ ပုံတော်ကို လိုက်၍အာရုံ မယူပါနှင့်။ လိုက်၍ မရှာဖွေပါနှင့်။ ဂုဏ်တော်အပေါ်၌သာ ဘာ၀နာ စိတ်ကို ငြိမ်၀ပ်စွာကပ်၍ တည်နေအောင် ပွားများပါ။ တစ်နာရီခန့် ဘာ၀နာစိတ်သည် ငြိမ်၀ပ်စွာကပ်၍ ဂုဏ်တော်အာရုံ၌ တည်နေခဲ့သော် စျာန်အင်္ဂါတို့ကို ပြန်ဆင်ခြင်ကြည့်ပါ။ သို့သော် ဤစျာန်မှာ ဥပစာရစျာန်မျှသာဖြစ်သည်။
ယင်းဥပစာရစျာန်သို့ ဆိုက်အောင် ပွားများပါ။ ကြွင်းကျန်သော ဂုဏ်တော်တို့၌လည်း နည်းမှီ၍ ပွားများပါလေ။ ၀သီဘော်နိုင်နင်းအောင် လေ့ကျင့်ပါ။
🔶ဂုဏ်တော်ကိုးပါး မြန်မာပြန်🔶
...................................
🔶⚜️ မြတ်စွာဘုရားသည် ကိလေသာတို့မှ ကင်းဝေးတော်မူ၏၊ ကိလေသာ ရန်သူတို့ကို ပယ်သတ်ပြီးဖြစ်၏၊ သံသရာစက်၀န်း၏ အကန့်အထောက်များကို ဖျက်ဆီးပြီးဖြစ်၏၊ ပစ္စည်းလေးပါး ပူဇော်အထူးကို ခံယူတော်မူထိုက်၏၊ ဆိတ်ကွယ်ရာအရပ်၌ ပင်လျှင် မကောင်းမှုဒုစရိုက်ကို
ရှောင်တော်မူ၏။ သို့ဖြစ်၍ "#အရဟံ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေသည်။
🔶⚜️မြတ်စွာဘုရားသည် ကောင်းမွန်လှစွာ သယမ္ဘူဉာဏ်မြတ်မဟာဖြင့် မိမိအလိုလို သစ္စာလေးပါး တရားမြတ်ကို ထိုးထွင်း၍သိတော်မူ၏။ သို့ဖြ
စ်၍ "#သမ္မာသမ္ဗုဒ္ဓေါ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
🔶⚜️မြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးတို့နှင့် လုံး၀ဥဿုံ ပြည့်စုံတော်မူပေ၏။ သို့ဖြစ်၍ "#ဝိဇ္ဇာစရဏသမ္ပန္နော" ဟူသော ဂုဏ်တော် နှင့် ပြည့်စုံတော်မူပါပေ၏။
🔶⚜️မြတ်စွာဘုရားသည် နိဗ္ဗာန်သို့သာလျှင် ဖြောင့်ဖြောင့်မတ်မတ် ကောင်းစွာ သွား တော်မူ၏၊ စကားဆိုရန် ခွင့်ခြောက်တန်တို့တွင် ဟုတ်မှန်ကျိုးကြောင်း စကားကောင်းကိုသာ ဆိုတော်မူတတ်၏။ သို့ဖြစ်၍ "#သုဂတော" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
🔶⚜️မြတ်စွာဘုရားသည် ကာမလောက၊ ရူပလောက၊ အရူပလောကဟူသော လောက သုံးပါး၊ တစ်နည်းအားဖြင့် သတ္တလောက၊ သင်္ခါရလောက၊
သြကာသလောက ဟူသော လောကကြီးသုံးပါးတို့ကို မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် အမှန်ထိုး
ထွင်း အလင်းထင်ပေါ် သိမြင်တော်မူ၏။ သို့ဖြစ်၍ "#လောကဝိဒူ" ဟူသော ဂုဏ် တော်နှင့် ပြည့်စုံတော်မူပါပေ၏။
🔶⚜️မြတ်စွာဘုရားသည် မိမိကိုယ်တိုင်လည်း အတုမရှိ၊ သူတစ်ပါးတို့အားလည်း အတုမရှိသောမိမိ၏တရားဖြင့် ဆုံးမတတ်၏၊ ဆုံးမထိုက်သော လူ၊ နတ်၊ ဘီလူး၊ တိရစ္ဆာန်ကြမ်းများကိုပင် သေ၀ပ်ငြိမ်သက်အောင် နိုင်နင်းစွာ ဆုံးမတော် မူနိုင်၏။ သို့ဖြစ်၍ "#အနုတ္တရောပုရိသ_ဒမ္မသာရထိ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
🔶⚜️မြတ်စွာဘုရားသည် လူအပေါင်း၊ နတ်အပေါင်းတို့အား ကောင်းစွာ သွန်သင် ဆုံးမတတ်သော လူနတ်တို့၏ ဆရာကောင်းဖြစ်တော်မူ၏။ သိြု့
ဖစ်၍ "#သတ္ထာဒေ၀_မနုဿာနံ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
🔶⚜️မြတ်စွာဘုရားသည် တရားအားလုံးကို ကိုယ်တိုင်လည်း ထိုးထွင်းသိမြင်တော် မူ၏၊ သူတစ်ပါးတို့အားလည်း သစ္စာလေးပါးတရားကို သိမြင်အောင် ဟောပြော ပြသနိုင်၏။ သို့ဖြစ်၍ "#ဗုဒ္ဓေါ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
🔶⚜️မြတ်စွာဘုရားသည် အစိုးရခြင်း တရားရှိခြင်း အခြံအရံများခြင်း ကျက်သရေ ရှိခြင်း အလိုအတိုင်းဖြစ်ခြင်း လုံ့လစွမ်းအား အပြည့်ရှိခြင်းဟူသော ဘုန်းတော် ခြောက်ပါးနှင့်လည်း ပြည့်စုံတော်မူပေ၏။ သို့ဖြစ်၍ "#ဘဂဝါ" ဟူသော ဂုဏ်တော် နှင့် ပြည့်စုံတော်မူပါပေ၏။
🔹ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၏ စွမ်းအား🔹
*************************
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ရဟန်းတော်သည်ကား---
🔹၁။ ဘုရားရှင်အပေါ်၌ ရိုသေလေးစား ကြည်ညိုမြတ်နိုးသော စိတ်ထားရှိ၏။
🔹၂။ သဒ္ဓါ၏ ကြီးကျယ်ပြန့်ပြောခြင်း ။ သတိ၏ ကြီးကျယ်ပြန့်ပြောခြင်း ။ ပညာ၏ ကြီးကျယ်ပြန့်ပြောခြင်း ။ ကောင်းမှုကုသိုလ်၏ ကြီးကျယ်ပြန့်ပြောခြင်းကိုလည်း ရရှိနိုင်၏။
🔹၃။ နှစ်သက်၀မ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရား များပြား၏။
🔹၄။ ထိတ်လန့်ကြောက်ရွံ့ဖွယ် ဘေးအသွယ်သွယ်ကို သည်းခံနိုင်၏၊ ဆင်းရဲ
ဒုက္ခ အ၀၀ကိုလည်း သည်းခံနိုင်သော စွမ်းအား ရှိ၏။
🔹၅။ ဘုရားရှင်နှင့် အတူတကွ နေထိုင်ရခြင်း အမှတ်သညာကို ရရှိနိုင်၏။
🔹၆။ ဗုဒ္ဓါနုဿတိ စိတ်ထားဖြင့် လွှမ်းမိုးလျက် နေထိုင်နေသော ယောဂီပုဂ္ဂိုလ်၏ ခန္ဓာကိုယ်သည်လည်း စေတီအိမ်ကဲ့သို့ ပူဇော်ထိုက်၏။
🔹၇။ ဘုရားအဖြစ်တည်းဟူသော ဗုဒ္ဓဘုံ၌ စိတ်ဓာတ်သည် ညွတ်ကိုင်းရှိုင်းတတ်၏။
🔹၈။ သီလကို လွန်ကျူးဖို့ရန် အကြောင်း၀တ္ထုနှင့် ဆုံစည်းမိသောအခါ ထိုယောဂီသူတော်ကောင်း၏ မျက်မှောက်၀ယ် ဘုရားရှင်ကို ဖူးမြင်ရသကဲ့သို့ဖြစ်ကာသီလကို ချိုးဖောက်ဖို့ရန် ရှက်ခြင်း-ကြောက်ခြင်း ဟိရိ-သြတ္တပ္ပတရားသည် ရှေ့ရှုတည်လာ၏။
🔹၉။ အထက်ဖြစ်သော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ထိုးထွင်း၍ မသိသေးခဲ့သော် သံသရာခရီးကို ဆက်ရန် ရှိနေသေးလျှင် သုဂတိ သံသရာခရီးက ထိုသူတော်ကောင်းကို ဆီးကြို ဖိတ်ခေါ်လျက် ရှိပေသည်။
(ဝိသုဒ္ဓိ၊၁၊၂၀၆။)
အရှင်သုဘူတိ အလောင်းအလျာဖြစ်သည့် သူတော်ကောင်းကား ဗုဒ္ဓါနုဿတိဘာ၀နာ ကမ္မဋ္ဌာန်းကိုလည်း အထက်တန်းကျကျ မျက်နှာပန်းလှလှ
အားပါးတရ ပွားများအားထုတ်ခဲ့သူလည်း ဖြစ်ပေသည်။ သူ၏ ဗုဒ္ဓါနုဿတိဘာ၀နာကမ္မဋ္ဌာန်းကို ပွားများပုံကိုလည်း ဤကျမ်းစာငယ်တွင် တစ်စိတ်တစ်ဒေသတင်ပြထားပေသည်။
သူမျှော်လင့် တောင့်တထားသည့် အရဏ
၀ိဟာရ, ဒက္ခိဏေယျဝိဟာရခေါ်သည့် ဧတဒဂ်ဘွဲ့ထူး နှစ်တန်တို့ အထွတ်တပ်ထားသည့် အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ပါရမီ မရင့်ညောင်း မစုံညီသေးသဖြင့် မရရှိသေးခင် သံသရာတစ်ခွင်၌ ကျင်လည်ရခိုက် ထိုဗုဒ္ဓါနုဿတိဘာ၀နာ၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် ကုသိုလ်တရားတို့က အထက်တန်းကျသည့် လူချမ်းသာ၊ နတ်ချမ်းသာတွေကို ဖြစ်ပေါ်လာအောင် ရွက်ဆောင်ပေးခဲ့ပေသည်။ လူမင်းစည်းစိမ်၊ နတ်မင်းစည်းစိမ်၊ စကြ၀တေးမင်း စည်းစိမ်တို့ကိုလည်း ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ခံစား စံစားရအောင် ထိုဗုဒ္ဓါနုဿ တိ ကောင်းမှုကုသိုလ်က တည်ထောင် ဖန်ဆင်းပေးလိုက်ပေသည်။
သို့သော် ထိုကောင်းမှုကုသိုလ်တို့က တည်ထောင်ဖန်ဆင်းပေးလိုက်သည့်ထိုလူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့အပေါ်၌ တွယ်တာမက်မောမှုကား မရှိခဲ့ပေ။ သူမျှော်လင့်ထားသည်မှာကား ---
☀️၁။ အရဏဝိဟာရ = ကိလေသာ ကင်းကင်းရှင်းရှင်းဖြင့် နေထိုင်နိုင်ခြင်း၊
☀️၂။ ဒက္ခိဏေယျဝိဟာရ = မြတ်သော အလှူကို ခံယူထိုက်သည့် ဒက္ခိဏေယျ ဂုဏ်နှင့် ပြည့်ပြည့်စုံစုံ နေထိုင်နိုင်ခြင်း ---
ဟူသည့် ဧတဒဂ်ဘွဲ့ထူးနှစ်တန်တို့ အထွတ်အထိပ်ထားသည့် အရဟတ္တဖိုလ်ပန်းကို ဆင်မြန်းနိုင်ရန်သာ ဖြစ်ပေသည်။
ထိုကဲ့သို့ သံသရာ၀ဋ်မှလွတ်မြောက်လိုသည့် မွန်မြတ်သော ဦးတည်ချက်ဖြင့် ပါရမီကုသိုလ်တို့ကို
ဆည်းပူးခဲ့သည်ဖြစ်သောကြောင့် ပါရမီ မရင့်ညောင်းသေးသည့်အတွက်သံသရာခရီး၌ တစ်ထောက်နားကာ စောင့်ဆိုင်းနေရခိုက် ကြုံကြိုက်လာရသည့် လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့အပေါ်၌ ငြိကပ် တွယ်တာမှုကား လုံး၀ မရှိခဲ့ပေ။
ထိုကြောင့် မိမိ မျှော်လင့်ထားသည့် အရဟတ္တဖိုလ်ပန်းကို ဆင်မြန်းရတော့မည့် အခွင့်အလမ်းနှင့် ကြုံကြိုက်လာသည့် နောက်ဆုံးဘ၀တွင်ကားမိမိ ရရှိထားသည့် ပိုင်ဆိုင်ထားသည့် သက်ရှိသက်မဲ့ ကာမ၀တ္ထုအစုစုတို့ကိုတံတွေးလောက်မျှ ငဲ့ကွက်မှုမရှိ ယတိပြတ် စွန့်လွှတ်ကာ သာသနာဘောင်သို့
၀င်ရောက်၍ ရှင်ရဟန်းပြုခဲ့ပေသည်။ မိမိ မျှော်လင့်တောင့်တထားသည့် အရဟတ္တဖိုလ်ပန်းကိုလည်း ဆင်မြန်းနိုင်ခဲ့ပေသည်။
" ဖားအောက်တောရဆရာတော် "
No comments:
Post a Comment