" တလှမ်းလျှောက်ရင် တလှမ်းနီးမယ် "
🌷🌿🌷🌿🌷🌿🌷🌿🌷🌿🌷🌿
မြတ်စွာဘုရားက
လမ်းညွှန်ထားတာကတော့
အစအဆုံး လမ်းညွှန်တာပဲ။
ရောက်တဲ့သူ ရောက်သွားတယ်။
မရောက်တဲ့သူ မရောက်ဘူး။
ဒါနဲ့ပတ်သက်ပြီး ပုဏ္ဏားကြီးတယောက်က မြတ်စွာဘုရားကိုမေးတဲ့ မေးခွန်းတခုရှိတယ်။ "အရှင်ဘုရားက...
နိဗ္ဗာန်ရောက်ကြောင်းတရားကိုလည်းဟောတယ်၊ နိဗ္ဗာန်ဆိုတာကိုလည်း ဟောတယ်၊ ဒါဆိုရင် အားလုံး နိဗ္ဗာန်ရောက်ကြရဲ့လား" တဲ့ ၊ မေးပုံကနော်...
မြတ်စွာဘုရားက... ငါပြောမယ်တဲ့...
မင်းက ရာဇဂြိုလ်ပြည် နေတာဆိုတော့
ရာဇဂြိုလ်လမ်း ကောင်းကောင်းသိမှာပေါ့ တဲ့..သိပါတယ် တဲ့၊
ဒါဆို ရာဇဂြိုလ်မြို့ကြီးလည်းရှိတယ်၊
မင်းကလည်းပဲ ဘယ်ကနေ သွားဆိုပြီး
လမ်းညွှန်လိုက်တယ်။
အဲဒီလို လမ်းညွှန်တဲ့အထဲမှာ
မင်းပြောတဲ့အတိုင်း သွားတဲ့သူက ရောက်တယ်၊ နောက်တယောက်က
နောက်ပြန်လျှောက်ပြီးသွားရင်
ရောက်ပါ့မလားတဲ့၊ မရောက်ပါဘူး တဲ့၊
အဲ..ဒါဆိုရင် ရာဇဂြိုလ်ပြည်လည်း ရှိတယ်၊ သွားရာလမ်းလည်း ရှိနေလျက်နဲ့
ဘာလို့အဲဒီလူ မရောက်တာလဲ...ဆိုတော့...
သူနဲ့မဆိုင်ပါဘူးတဲ့၊
သူ မသွားလို့ မရောက်တာပါ..တဲ့။
အဲဒီတော့ မြတ်စွာဘုရားက...
ဟုတ်တယ်.. အဲဒီအတိုင်းပဲတဲ့။
ငါဟောတဲ့တရားလဲ ငါနဲ့မဆိုင်ဘူးတဲ့၊
ကျင့်တဲ့သူနဲ့သာ ဆိုင်တယ် တဲ့။
ငါက လမ်းချပေးတာပဲ၊
သွားတဲ့သူမှ ရောက်မယ်လေ။
သွားတဲ့သူတောင်မှ တ၀က်တပျက်နဲ့
ရပ်နေရင် ဘယ်ရောက်မလဲ။
ခရီးက တခါတလေ ရှည်ချင်ရှည်မယ်ပေါ့။
ဘာဖြစ်လို့လဲဆိုတော့..
ဉာဏ်စွမ်းအား သတိစွမ်းအားဆိုတာက
တဦးနဲ့တဦး တူတာ မဟုတ်ဘူးလေ။
မတူတာကို သွားပြီးတော့
သူက တမိနစ်နဲ့ရောက်တယ်၊
ငါလဲ တမိနစ်နဲ့ရောက်ရမယ်လို့
ဒီလိုလုပ်လို့ မရဘူးလေ။
သတိစွမ်းအားတွေ၊
ဉာဏ်စွမ်းအားတွေနဲ့ သွားကြရတဲ့အခါ
စွမ်းအား ထက်ပြီးသား ပုဂ္ဂိုလ်ဆိုရင်
မြန်မြန်ရောက်တယ်။
စွမ်းအား ညံ့နေရင် မရောက်ဘူးလို့
ဒီလိုဆိုလိုတယ်ပေါ့၊ သို့သော်
သွားနေရင်တော့ ရောက်လာမှာပဲ၊
ရပ်တော့ မနေနဲ့ပေါ့၊
ဒီဘ၀မှာ ဒီလောက်ပေါက်တယ်၊
နောက်ဘ၀ကျတော့
ဒီထက် ပိုပေါက်သွားမှာပေါ့၊
အကယ်၍ မသွားဘူး၊ သို့မဟုတ်
နောက်ပြန်လျှောက်နေရင်တော့
ဝေသထက် ဝေးမှာပဲ။
သတ္တဝါတွေဆိုတာက
နောက်ပြန် လျှောက်တာက များတယ်။
ကျောခိုင်းပြီးတော့ လျှောက်ကြည့်ပါလား၊ ဘယ်ရောက်မလဲ။
မျက်နှာမူဖို့က အင်မတန် အရေးကြီးတာနော်။ မြတ်စွာဘုရားရဲ့တရားတော်ကို မျက်နှာမူပြီးတော့ လုပ်နေတာက ကျင့်နေတာပဲ။ အဲဒီတော့.. ကျင့်နေရင်
တလှမ်းလျှောက်ရင် တလှမ်းနီးတာပဲ။
နှစ်လှမ်းလျှောက်ရင် နှစ်လှမ်းနီးတာပဲ။
နောက်ပြန်ဆုတ်ရင်တော့
တလှမ်းဆုတ်ရင် တလှမ်း ဝေးသွားမှာပဲ။။
ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
No comments:
Post a Comment