စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, May 13, 2022

ဗြဟ္မစိုရ်တရား လေးပါး

ဗြဟ္မစိုရ်တရား လေးပါး
🌿🌿🌿🌺🌺🌺🌿🌿🌿

၁။မေတ္တာ – ချစ်ခင်ခြင်း။
၂။ ဂရုဏာ – သနားကြင်နာခြင်း။
၃။ မုဒိတာ – ဝမ်းမြောက်ခြင်း။
၄။ ဥပေက္ခာ – လျစ်လျူရှုခြင်း။

————***————

ဗြဟ္မစိုရ်တရားနှင့်အညီ ဆက်ဆံခြင်း အလင်္ကာ

၁။ တန်းတူတွေ့လျှင် မေတ္တာဝင်၊ မဝင်နိုင်က ပြိုင်တတ်တယ်။ပြိုင်မည့်အစား မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပ့ါမယ်။

၂။ နိမ့်သူတွေ့လျှင် ဂရုဏာဝင်၊ မဝင်နိုင်က နိုင်တတ်တယ်။နိုင်မည့်အစား ဂရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

၃။ မြင့်သူတွေ့လျှင် မုဒိတာဝင်၊ မဝင်နိုင်က ရွဲ့တတ်တယ်။ရွဲ့မည့်အစား မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

၄။ မိုက်သူတွေ့လျှင် ဥပေက္ခာဝင်၊ မဝင်နိုင်က မဲ့တတ်တယ်။မဲ့မည့်အစား ဥပေက္ခာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

၅။ စိတ်ကိုလည်းပြင် ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းရ ပြုတိုင်းရ သုခ နိဗ္ဗာန် တိုင်လိမ့်မယ်။

No comments:

Post a Comment