နေတတ်ဖို့ ကြိုးစားပါ
-------------------------------------
အစွဲလမ်းတွေက
ဘဝကို အသေသတ်တတ်သည်မို့
တစ်ယောက်ထဲ
နေတတ်ဖို့ ကြိုးစားပါ။
ဟန်ဆောင်ခြင်းတွေနဲ့
ဟန်ဆောင်ပြီး အဖော်ပြုမနေပါနဲ့
လောကကြီးကို ရိုးသားစွာ ပြုံးပြလိုက်ပါ။
နေတတ်ဖို့ ကြိုးစားရင်း
မကျေနပ်ချက်တွေကို
မမွေးမိပါစေနဲ့
နေတတ်လို့ ပြန်တွေးတဲ့အခါ
နေရခက်လို့ပါ။
တစ်ယောက်ထဲ နေတဲ့အခါ
အမှန်တရားတို့ဖြင့်
အတွေးတွေကို စကားပြောပါ``
အများနဲ့နေတဲ့အခါ
ရိုးသားခြင်းတို့ဖြင့် ပေါင်းသင်းပါ``
နှလုံးသားနဲ့ဦးနှောက်မှာ
အလိမ်ညာတွေ မဖုံးလွှမ်းပါစေနဲ့``
ဖြောင့်မတ်စွာ နေတတ်အောင်ကြိုးစားပါ။
မကောင်းမှုဖြင့် ကြီးပွားခြင်းကို
မနှစ်သက်ပါနှင့်
ကောင်းသောတရားတို့ဖြင့်သာ
နေတတ်အောင် အားထုတ်ပါ။
စိတ်ရင်းမှ လာသော
စေတနာကို အရင်းခံပါ
စေတနာဟာ ကံတရားမို့
မိမိရဲ့စေတနာအတိုင်း
မိမိအထံကို ပြန်စံစားရပါလိမ့်မယ်။
နေတတ်အောင် နေပါ
နေတတ်အောင် ကြိုးစားပါ
နေတတ်အောင် အားထုတ်ပါ
ကုသိုလ်တရားတို့ဖြင့်သာ
ဘဝကို ကျေနပ်စွာ နေတတ်အောင်ကြိုးစားပါ။
အပူပင်တွေနဲ့ မနေတတ်ချင်ပါနဲ့
အစွဲလမ်းတွေနဲ့ မနေတတ်ချင်ပါနဲ့
မာနတွေနဲ့ မနေတတ်ချင်ပါနဲ့
သံယောဇဉ်တွေနဲ့ မနေတတ်ချင်ပါနဲ့
ထိုအရာတွေဟာ...
ဘဝကို အသေသတ်ချင်လာအောင်
တစ်ဖြည်းဖြည်းနဲ့ ဆွဲဆောင်လာပါလိမ့်မယ်။
တကယ်တမ်း ငြိမ်းအေးခြင်းဟာ
ရင်ထဲ နှလုံးသားထဲမှာ
လိုချင်မှုတွေ ကင်းကင်းရှင်းရှင်းနဲ့
နေတတ်ခြင်းကိုသာဆိုပါတယ်။
ဘဝကို ဓမ္မတွေနဲ့ နေတတ်ဖို့ ကြိုးစားပါ။
No comments:
Post a Comment