တရားမနာနိုင်တဲ့မိဘ ကျေးဇူးဆပ်နည်း
🌟🌟🌟🌟🌟🌟🌟🌟🌟🌟
ဒကာမမေးတဲ့ မိခင်ကြီးကို ပုတီးစိပ်ခိုင်းလည်း မရဘူး တရားနာ
ခိုင်းလည်း မရဘူး ဘယ်လိုလုပ်ပေးရမလဲမေးတဲ့မေးခွန်းကိုဦးဇင်းသိသလောက် ဖြေပေးလိုက်ပါတယ်။
တစ်ခါက အရှင်သောဏ လို့့ခေါ်တဲ့ရဟန္တာ မထေရ်မြတ်တစ်ပါးဟာ
သူ့ရဲ့ဖခင်တောထွက်ရဟန်းကြီးနှင့့်တောင်ပေါ်ကျောင်းလေးမှာ နေပါ
တယ်။ ဖခင်ရဟန်းကြီးက လူ့ဘ၀တုန်းက မုဆိုးလုပ်ပြီး အသက်မွေး
မှုပြုလုပ်ပြီးနေပါတယ်။အခုတော့ သားဦးဇင်းဆီမှာ ရဟန်း၀တ်ပြီးနေ
တာပေါ့။
ဒီလို့နဲ့တစ်နေ့့ဖခင်ရဟန်းကြီးသေခါနီးအခါ ခွေးနက်ကြီးတွေလာ
ကိုက်နေသယောင်နိမိတ်ထင်ပြီး သားရဟန်းကို ခွေးနက်ကြီးလာနေပြီး
မောင်းထုတ်ပါ လို့အော်ဟစ်သတဲ့။
ဒီအကြောင်းကို သားရဟန်းကသိတော့ငါ့ရဲ့ဖခင်တော့ သူလုပ်ခဲ့တဲ့အကုသိုလ်ကံတွေကြောင့် ငရဲရောက်တော့မှာပဲ။ မဖြစ်သေးဘူး ငရဲမကျအောင်လုပ်မှာပဲဆိုပြီး ကိုရင်လေးကို ပန်းခူးခိုင်းပြီးစေတီရင်ပြင်ပေါ်မှာ
ဖခင်အတွက် သားရဟန်းက ပန်းပူဇော်ပေးပါတယ်။
ပြီးတော့သူ့ရဲ့ဖခင်ကြီးကို စေတီပေါ်ခေါ်ပြပြီး အဖေ့အတွက်ဘုရားကို
သား ပန်းပူဇော်ပေးထားပါတယ် ကြည်ညိုပါ အဖေလို့ ပြောလိုက်
ပါတယ်။
ဖခင်ကြီးက ကြည်ညို၀မ်းသာနေတုန်း စောစောကမြင်လိုက်တဲ့
ခွေးနက်ကြီးတွေပျောက်ပြီး နတ်သမီးတွေမြင်ရတော့တယ်တဲ့။
နတ်သမီးတွေလာနေတယ် ဖယ်ပေးပါ ဖယ်ပေးပါလို့ပြောရင်း...
ဖခင်ရဟန်းကြီးပျံလွန်တော်မူသွားပြီး ကောင်းရာသုဂတိရောက်သွားရ
တဲ့အကြောင်းကိုသင်္ဂြိုဟ်ဘာသာဋီကာမှာ ဖတ်ဖူးပါတယ်။
ဒါကြောင့်ဒကာမလည်းပဲ မိမိရဲ့မိခင်ကို ပုတီးစိပ်ခိုင်းလို့မရဘူး
တရားနာခိုင်းလို့မရဘူးဆိုရင် အရှင်သောဏရဟန္တာမထေရ်မြတ် ဖခင်ကို ကျေးဇူးဆပ်သလို့လုပ်လို့ရပါတယ်။ မိမိရဲ့မိခင်ကြီးအတွက် ကုသိုလ်ကောင်းမှု့တွေလုပ်ပြီး မိခင်ကြီးကို ကုသိုလ်တွေကြည်ညို
ခိုင်းပါ။သာဓုခေါ်ခိုင်းပါ။
ဦးဇင်းတို့ဆိုရင် မိဘတွေနဲ့အဝေးမှာနေရပါတယ်။ဒါကြောင့် ဟိုတစ်လောက မိဘတွေအတွက် သံဃာတော်အပါး (၇၀)လောက်ကို
ကိုယ်တတ်နိုင်သလောက် ရေသန့်နဲ့အချိုရည်တွေကပ်လှူပါတယ်။
မဟာဗောဓိဘုရားသွားပြီး မိဘတွေအတွက် ဘုရားစာရွတ်ပေးပါတယ်။
ဒါအတုယူတတ်အောင်ပြောပြတာပါ။
ဒီလောက်ဆိုရင် အဆင်ပြေလောက်ပါပြီ။
သတ္တဝါ ခပ်သိမ်းတရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
♕ အရှင်ဝိစက္ခဏ (မဟာလယ်တီ)
No comments:
Post a Comment