စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, May 18, 2022

လက်ရှိဘဝကအရေးအကြီးဆုံး

မနုဿတ္တဘာဝေါ ဒုလ္လဘော
--------------------------------------------
ရခဲ့တဲ့ လူ့ဘဝကို ရနေကြတယ်။
ရခဲလှတဲ့ လူ့ဘဝကို ရနေတဲ့လူတိုင်းဟာ
ရရှိထားတဲ့ ဘဝတစ်ခုကို အကျိုးရှိအောင် အသုံးချသွားကြသလားဆိုတော့
အသုံးချမသွားကြဘူး။

ရရှိထားတဲ့ ဘဝတစ်ခုကိုမှန်မှန်ကန်ကန် အသုံးမချတတ်ရင်အချိန်ဆိုတာ တစ်နေ့ ကုန်ဆုံးလာမှာ ဖြစ်တယ်။
မိမိလုပ်သမျှ ကံအရာမြောက်ပြီး
အကြောင်းတရားတွေအဖြစ် အကျိုးပေးဖို့အဆင်သင့်ဖြစ်လာမှာ ဖြစ်တယ်။

လူ့ဘဝရတဲ့ အခိုက်လေးမှာအမှတ်တမဲ့ မနေကြဘဲ `သတိသမ္ပဇည` ရှိကြရမယ်။
သတိသမ္ပဇည ဆိုတာ သတိထားပြီး
ဆင်ခြင်တုံတရားရှိခြင်း ဖြစ်တယ်။
ဒါဟာ အရေးကြီးဆုံးပဲ။

လောကမှာ မစဉ်းစားရင် ဘာမှမသိဘူး။
စဉ်းစားမှုဟာ အင်မတန်မှ အရေးပါတယ်။စဉ်းစားနိုင်အောင် အရာရာကို
သတိထားတတ်ဖို့ လိုတယ်။

ကိုယ်ရ,ထားတဲ့ ဘဝဟာထာဝရလား တစ်ခဏလား၊အချိန်ကောင်းဆိုတာ
ထာဝရလား တစ်ခဏလား။ဘယ်အချိန်ထိအောင်ကိုယ်ဟာ အသုံးကျနေတဲ့ ပုဂ္ဂိုလ်ဖြစ်မလဲ။

ကျန်းမာရေးဆိုတာထာဝရလား တစ်ခဏလား ဆင်ခြင်စဉ်းစားကြည့်ရမယ်။
ကျန်းမာနေတဲ့အခိုက် ဘာတွေလုပ်ရမယ်ဆိုတာကိုလည်း ပြတ်ပြတ်သားသားဆုံးဖြတ်တတ်ဖို့လိုတယ်။

အဲဒီလိုမှမဟုတ်ဘဲ စားကာ, အိပ်ကာ,
ပျော်ကာ, ပါးကာ, ရှာကာ, ဖွေကာနဲ့
ဘဝတစ်ခု အဆုံးသတ်သွားရင်
ကိုယ်ရ,ထားတဲ့ ဘဝရဲ့အကျိုးအမြတ်ကိုရလိုက်မှာမဟုတ်ဘူး။

အင်မတန်မှ တန်ဖိုးရှိတဲ့
ဒီလူ့ဘဝကြီးရဲ့အခြားမဲ့ဘဝမှာ
အင်မတန်မှ ကြောက်စရာကောင်းလောက်တဲ့အနေအထားမျိုးကို ကြုံတွေ့နိုင်တယ်။

မှန်မှန်ကန်ကန် အသုံးမချတတ်ဘူးဆိုရင် ဤဘဝ၏ အခွားမဲ့ဆိုတာ
အင်မတန်မှ ကပ်နေပြီနော်။ မျက်စိလေးမှိတ်သွားတာနဲ့ တစ်ပြိုင်နက်အကြီးအကျယ် ပြောင်းလွဲသွားမှာ ဖြစ်တယ်။

အပြောင်းအလွဲဆိုတာ
အကောင်းလည်း ရှိတယ်၊
အဆိုးလည်း ရှိတယ်။
ဒီဘဝ လုပ်ရပ်တွေပေါ်မှာ မူတည်ပြီး
အပြောင်းအလွဲဆိုတာ ဖြစ်တယ်။
ဒါကြောင့် အခုလက်ရှိဘဝဟာ ဘဝတွေထဲမှာအရေးကြီးဆုံးပဲလို့ ဒီလိုနှလုံးသွင်းရမယ်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်အရှင်နန္ဒမာလာဘိဝံသ
(ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား စာအုပ်မှ)

bwar99.blogspot.com

Credit..

No comments:

Post a Comment