ဖိအားနဲ့ သတိတရား
------------------------
ဘဝမှာ သိပ်မွန်းကြပ်လာရင် ရုန်းထွက်နိုင်အောင် ကြိုးစားရမယ်။ ဟိုဖိအား ဒီဖိအားတွေများလို့ အသိတရားတွေ ပါးလားရင် ရှိထားတာတွေထားပြီး သတိအားပါအောင် တရားဆောင်သင့်တယ်။ သတိတရားက တဒင်္ဂအရှိကို ဓမ္မအသိနဲ့ ညှိပေးနိုင်တယ်။
တကယ်တော့ ဘဝအရှိဆိုတာ ဓမ္မအသိမပါရင် အလှကြည့်ရုံထက်ပိုပြီး ငြိမ်းချမ်းမှုကို မပေးနိုင်ဘူး။ သိပ်လေးလာရင် လွှတ်ချရဲတဲ့ သတ္တိရှိမှ အတွယ်ကြောင့်ပူတဲ့ အပူကို လျှော့ချနိုင်လိမ့်မယ်။ တွယ်တာမှုရဲ့ သဘောက လူကိုပဲတွယ်တွယ် ပစ္စည်းဝတ္ထုကိုပဲတွယ်တွယ် တွယ်ရင်ပူတာပဲ။ အတွယ်များရင် အပါယ်တောင် သွားနိုင်တာ မဟုတ်လား။
ဒါကြောင့် ဘဝမှာ အကောင်းအဆိုး၊ အကြောင်းအကျိုး စတဲ့ လောကဓံတရားများအောက် ဖိအားတွေရောက်ပြီး ပူလောင်မှုတွေနဲ့ မွန်းကြပ်လာတဲ့အခါ တဒင်္ဂဘဝအရှိကို ဓမ္မအသိနဲ့ညှိပြီး အခိုက်အတန့်ဖြစ်ဖြစ် ရုန်းထွက်ဖို့ ကြိုးစားရမယ်။ စွန့်လွတ်မှုဆိုတာ စွန့်နိုင်မှ လွတ်မှာပါ။ မစွန့်နိုင်ရင် လွတ်ဖို့လည်း မလွယ်ပါဘူး။
မေတ္တာဖြင့်
မနာပ ဒါယီ ကိုရီးယားဆရာတော်
အရှင်ဝိစိတ္တ
No comments:
Post a Comment