စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, May 17, 2022

လူလိမ်ကိုအနိုင်ယူရင်း

လူလိမ်ကို အနိုင်ယူနည်း...
———————————————

“သစ်စနောလိကဝါဒိန”တဲ့။

“အလိကဝါဒီ” ဆိုတာ ဘယ်တော့မှ မှန်မှန်မပြောဘူး။

မဟုတ်တာ မမှန်တာကို အမြဲ ပြောနေတဲ့ ပုဂ္ဂိုလ် မျိုးကို သစ္စေန-မိမိကမှန်တာကိုသာ ပြောခြင်းဖြင့် အနိုင်ယူပါတဲ့။

ဆိုလိုတာက လိမ်တတ်တဲ့သူကို မလိမ်ဘဲနဲ့ပွင့်ပွင့် လင်းလင်း မှန်မှန်ကန်ကန် ပြောခြင်းဖြင့် အနိုင် ယူရမယ်။

ဒါ ပစ္စုပ္ပန်ဘဝမှာ အနိုင်ယူပုံ ကို ပြောတာ။

ဘယ်လောက် လိမ်လိမ် ကိုယ်က မှန်တာ ကို ပဲ ပြော တယ်။

မှန်တာ ပြောလို့ မှန်တာပြောတဲ့သူ ဒုက္ခရောက်ချင် ရောက်သွားမယ်။

လိမ်ပြောတဲ့ သူ က အထက်တန်း ရောက်ချင် ရောက် သွား မယ် ပေါ့။ 

လောကီ လူတွေ အမြင်ကို ကြည့်မယ် ဆိုရင် မလိမ် လို့ နေရာတကာ မှန်မှန်ကန်ကန် ပြောလို့ ဒီလူ ဒုက္ခရောက်တာ၊မကြီးပွားတာလို့ ပြောမယ်။

ဟို လူ က တော့ လိမ်ပြီးတော့ ပစ္စုပ္ပန် ဘဝမှာကြီးပွား တိုးတက်နေတာလည်း ရှိနိုင်တာပေါ့။

အဲဒီတော့ အနိုင်အရှုံးဟာ လိမ်တဲ့ပုဂ္ဂိုလ်က နိုင်သယောင် ရှိတယ်။

မှန်မှန်ပြောတဲ့ ပုဂ္ဂိုလ် က အရှုံးသမား ဖြစ်နေ တယ်။

သို့သော် သံသရာနဲ့ ကြည့်လိုက်မယ် ဓမ္မ အမြင်နဲ့ ကြည့်လိုက်မယ် ဆိုရင် လိမ်တဲ့ ပုဂ္ဂိုလ် သည်ဘယ် လောက် ထိအောင် နိမ့်ကျ သွားလဲ ဆိုတာ မြတ်စွာဘုရား က ဟောထား တယ်။

"ဧကံ ဓမ္မံ အတီတဿ၊မုသာဝါဒိဿ ဇန္တိနော ဝိတိဏ္ဏ ပရလောကဿ၊နတ္ထိ ပါပံ အကာရိယံ"

မှန်ကန်စွာ ပြောဆိုမှု ဝစီ သစ္စာတရား တစ်ခုကိုကျော် လွန်ပြီး လိမ်ညာ ပြောဆိုတတ်တဲ့ ပုဂ္ဂိုလ် တစ်ယောက် ဟာ သူ မလုပ်တဲ့ အကုသိုလ် ဆိုတာ မရှိဘူး တဲ့။

အဲဒီတော့ လူတစ်ယောက် ရဲ့သန္တာန်မှာအကုသိုလ် မျိုးစုံ ဝင်နေတယ်။

အကုသိုလ် တွေ ဝင်လာတယ် ဆို ကတည်းက ဒီ ပုဂ္ဂိုလ် ဟာ ဆုတ်ယုတ် ဖို့ပဲ။

မှန်မှန်ကန်ကန် ပြောတဲ့ ပုဂ္ဂိုလ် တစ်ယောက် ဟာ အကုသိုလ် ဘယ်တော့မှ မလုပ်ဘူးဆိုတဲ့အဓိပ္ပါယ် ရ တယ်။

အေး၊ဒါကြောင့် အကုသိုလ်ရဲ့ လွှမ်းမိုးမှု ခံရတဲ့ ပုဂ္ဂိုလ်ဟာ အကုသိုလ်ဟာ ဘယ်ကိုပို့သလဲ ဆိုရင်

“ယေကေစိအကုသလာ ဓမ္မာ၊ သဗ္ဗေ တေ အဓော ဘာ ဂင်္ဂမနီယာ”

အကုသိုလ် မှန်သမျှ ဟာ အောက်ဆွဲ ချတာပဲ။ ကုသိုလ် မှန်သမျှ ဟာ အထက်ကို မ တင်တယ်။

အကုသိုလ် တွေ လွှမ်းမိုး နှိပ်စက်မှု ခံရတဲ့ လိမ် လည် တတ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ သန္တာန်မှာ..

အကုသိုလ်တွေ လွှမ်းမိုးနေသည့် အတွက် ကြောင့် ထိုပုဂ္ဂိုလ်ဟာ ကြည့်လိုက်မယ် ဆိုရင် အောက် တန်း နောက်တန်း ကျတဲ့ ဘဝမျိုးနဲ့ သံသရာမှာ ကျင် လည် ရမယ်။

သူက အရှုံးသမား ဖြစ်နေတယ်။

မှန်ကန်စွာ ပြောတတ် တဲ့ လူ တစ်ယောက်ရဲ့ သန္တာန် မှာ အကုသိုလ် ဆိုတဲ့ အညစ်အကြေးတွေ ကင်းစင်တဲ့ အတွက် ဒီဘဝ မှာ သူဟာ ရှုံးသလိုလို ကြုံရသော်လည်း ပဲ သံသရာမှာ သူက အဆင့်မြင့် သ ထက် မြင့်လာတယ်။

ဘာ နဲ့ ဥပမာ တူ လဲဆိုရင် နီတိကျမ်း တွေမှာ ပြော တယ်။

“တွင်းတူးတဲ့ လူ နဲ့ တံတိုင်းစီ တဲ့ လူ” တဲ့။

တွင်းတူးတဲ့သူ ဆိုတာ တွင်းနက်လေ အောက် ရောက် သွားလေ ပဲ။

ဘာဖြစ်လို့လဲ ဆိုတော့ ပထမ စ တူးခါစ မြေကြီး ပေါ်မှာ ထိုင် တူး မှာပေါ့။

တွင်းနက် သွား ရင် တွင်းထဲ ဆင်းတူးရတာ၊ သူက တဖြေးဖြေး နိမ့်ကျ သွားတယ်။

တံတိုင်းစီတဲ့ လူ က အဲဒီလို မဟုတ်ဘူး။ တံတိုင်း မြင့် လာလေ လူကလည်း အထပ်မြင့်လာတယ်။ 

အဲဒီလိုပဲ လိမ်တတ်တဲ့ ပုဂ္ဂိုလ် ဟာ အကုသိုလ်ရဲ့ လွှမ်းမိုးမှု ကြောင့် နိမ့်ကျ သွားတယ်။

တွင်းတူးတဲ့ ပုဂ္ဂိုလ်နဲ့ အလားတူတယ်။

မှန်ကန်တဲ့ စကားကို ဆိုတဲ့သူဟာ တဖြည်းဖြည်း မြင့် တက် လာတယ်။

မှန်ကန်တဲ့စကားတွေ ဆို မှု ကို အကြောင်း ပြုပြီး သူ့ရဲ့ သန္တာန်မှာ ကုသိုလ်တွေ တဖြေးဖြေး မြင့် တက် လာ တယ်။

ဒါကြောင့် သံသရာနဲ့ ကြည့်မယ် ဆိုရင် ဓမ္မ ရှု ထောင့် က ကြည့်မယ် ဆိုရင် လိမ်တဲ့ လူဟာ အရှုံး သမား ဖြစ်ပြီး မှန်ကန်စွာ ပြောဆိုတဲ့ ပုဂ္ဂိုလ် က အနိုင် ရတယ်ပေါ့။

ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိတ်သတ် တို့ လောက အမြင်နဲ့ “နိုင်သူနှင့် ရှုံးသူ”ဟာ ပုံစံ တစ်မျိုး နဲ့ မြင်ရမှာ ဖြစ်သော်လည်း ဓမ္မအမြင်နဲ့ ကြည့်မှ တကယ့်နိုင်သူ အစစ်နဲ့ ရှုံးသူ အစစ်ကို မြင်ကြ ရမှာ။

တို့တတွေ ဟာ နိုင်သူ ဘက်က နေမလား၊ ရှုံးသူ ဘက် က နေမလား၊ သို့မဟုတ် တို့တတွေဟာ ဘယ် နည်းနဲ့ အနိုင် ယူမလဲ ဆိုတာ ကို လည်းပဲ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ ဒေသနာတော်အရ မှတ် သား သင့်တယ်။

မှတ်သားပြီးတော့ မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ လက် တွေ့ ကျင့်သုံး ဖို့ လိုအပ်တယ်။

လက်တွေ့ ကျင့်သုံးခြင်းဖြင့် ဘုန်းကြီးတို့တတွေ ဟာ သံသရာမှာ အရှုံးသမားများ မဖြစ်ဘဲ အနိုင်ရ သူ များ ဖြစ်အောင် ကြိုးစား အားထုတ်ရမယ်။

ဒါကြောင့် တရားချစ်ခင်သူတော်စင် ပရိသတ်
တို့သည် ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ ...

“အက္ကောဓေန ဇိနေ ကောဓံ၊`အသာဓု သာဓုနာ ဇိနေ”
“ဇိနေ ကဒရိယံ ဒါနနေသစ်စနော'လိကဝါဒိနံ။”
ဟူသော ဒေသနာတော်ကို ဦးထိပ်ထားပြီးသံသရာ ဘဝမှာ အနိုင်ရတဲ့ပုဂ္ဂိုလ်တွေ သာ ဖြစ်ကြ ပါစေ ကုန်သတည်း။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ

Credit  -

No comments:

Post a Comment