ဘုရားဂုဏ်ကို နည်းအမျိုးမျိုးနဲ့
ပွားများအားထုတ်မယ်ဆိုရင်
ဘာအကျိုးရတုန်းလို့ ဒီလို မေးဖွယ်ရှိတယ်။
လောကမှာ လူတွေ ကတော့
မျှော်မှန်းချက်တွေ အများကြီးပေါ့။
လိုချင်တဲ့ အကျိုးတွေကလည်း အများကြီးပဲ။တစ်ယောက်နဲ့တစ်ယောက် တူချင်မှ တူမယ်ပေါ့။
စိတ်ဆန္ဒတွေ အမျိုးမျိုးနဲ့ အဲ့ဒီ စိတ်ဆန္ဒ အမျိုးမျိုးကို ဘုရားဂုဏ်ကို အမြဲတမ်း အမှတ်ရနေတဲ့ သတိတရားကို မိမိသန္တာန်မှာ ဖြစ်အောင်လုပ်မယ်
တိုးပွားအောင် လုပ်မယ်ဆိုလို့ရှိရင်
စိတ်ရဲ့ အလိုဆန္ဒတွေ အားလုံးဟာ
ပြည့်လာမယ်လို့ ပြောတာပဲ။
အလိုဆန္ဒပြည့်ဖို့ဆိုတာ အင်မတန်မှ ခဲရင်းတယ်လေလူတိုင်း လူတိုင်းဟာ
အလိုဆန္ဒ မပြည့်ကြတာပဲများတယ်။
အဲ့တော့ ကိုယ့်ရဲ့ စိတ်ဆန္ဒတွေ ပြည့်ဝဖို့ဆိုရင် ဘာလုပ်ရမလဲဆိုတော့ အမြတ်ဆုံးသော ဘာဝနာကို အားထုတ်ကြရမယ်။
အဲ့ဒီအမြတ်ဆုံးသော ဘာဝနာဆိုတာ
ဘာလဲဆိုရင် ဗုဒ္ဓါနုဿ တိပါပဲ၊
ဗုဒ္ဓါနုဿ တိဟာ ဘာဝနာတွေထဲမှာ
ဘာလို့ အမြတ်ဆုံးဖြစ်ရလဲလို့ဆိုရင်
အဖြေကတော့ ရှင်းရှင်းပဲ။
လောကမှာ အမြတ်ဆုံး ပုဂ္ဂိုလ်
ဘယ်သူလဲဆိုရင် ဘုရားပဲပေါ့။
ဒီထက် မြတ်တဲ့ပုဂ္ဂိုလ် မရှိဘူးလေ၊
အဲ့ဒီ အမြတ်ဆုံး ပုဂ္ဂိုလ်နဲ့
ပတ်သက်လာတဲ့ ဂုဏ်ရည်ဂုဏ်သွေးတွေ အမြတ်ဆုံးသော တရားဓမ္မတွေကို ကြည်ညို တာ။
ဘုရားကို ကြည်ညို တဲ့သူဟာ
အမြတ်ဆုံးသော အရာကို ကြည်ညိုတာပဲတဲ့။
ဘုရားကို ကြည်ညို တယ်
ကိုးကွယ်တယ်ဆိုတဲ့နေရာမှာ
ကိုယ့်ကိုယ်ကို ပြန်ပြီးတော့
ဆန်းစစ်ကြည့်ရမှာပေါ့။
ကိုယ့်အိမ်မှာ ဘုရားပူဇော်ထားတယ်
၂၄ နာရီရှိတဲ့ထဲမယ် ၈နာရီ အိပ်ချိန် နှုတ်လိုက်ပါဦး၊ကျန်တဲ့အချိန်မှာ ဘုရား ဘယ်နှစ်ခါ သတိရသလဲ ဆန်းစစ်ကြည့်ရမယ့် အချက်ပဲလေ။
ဆန်းစစ်မကြည့်ရင် မသိဘူးလေ၊
အဲ့တာမို့ ဘုရားကို ဘယ်နှစ်ခါ သတိရလဲ၊ ဗုဒ္ဓါနုဿ တိကို ဘယ်နှစ်ခါပွားလဲ ဆိုတာကို စဉ်းစားဆင်ခြင်ကြည့်မယ် ဆိုရင် အဖြေဟာ လူတိုင်းအတွက် ထွက်လာနိုင်ပါတယ်။
အမြတ်ဆုံးသော အရာကို
ကြည်ညို ချင်တယ်ဆိုရင် ဘုရားကိုပဲ ကြည်ညို အဲ့ဒီ အမြတ်ဆုံးသော ဘုရားကို ကြည်ညို ရရင် ဘာဖြစ်လဲဆိုတော့
အမြတ်ဆုံးသော အကျိုးကို ရပါတယ်တဲ့။
များသောအားဖြင့် လူတွေက
အကောင်းဆုံးကို ရချင်တယ်
အကျိုးတရားနဲ့ ပတ်သက်လာရင်
အကောင်းဆုံးကို လိုချင်တယ်၊
အကောင်းဆုံးသော အကျိုးကို ရချင်တယ်။
အကောင်းဆုံးသော
အကျိုးတရားကို ရချင်လို့ရှိရင်
အကောင်းဆုံးသော ဘာဝနာ၊
အမြတ်ဆုံးသော ဘာဝနာ၊
အမြတ်ဆုံးသော ဘုရားကို
အလေးအနက် ကြည်ညို တတ်ဖို့ မလိုဘူးလား။အင်မတန်လိုတယ်။
သမိုင်းမှာ မှတ်တမ်းတင်ရလောက်အောင် အင်မတန်ကြီးကျယ်တဲ့ လုပ်ငန်းကြီးတစ်ခုကို သာမာန်ပုဂ္ဂိုလ်တွေ မလုပ်နိုင်ဘူး။
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
No comments:
Post a Comment