စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, May 17, 2022

နှမြောစရာအကောင်းဆုံးအချိန်

လိုချင်တဲ့စိတ်နဲ့
လိုက်ရှာနေတုန်း
ရုပ်အိုသွားတာ မသိလိုက်ဘူး။

မကျေနပ်စိတ်နဲ့
ဒေါထန်နေတုန်း
ရုပ်အိုသွားတာ မသိလိုက်ဘူး။

မသိစိတ်နဲ့
တွေဝေနေတုန်း
ရုပ်အိုသွားတာ မသိလိုက်ဘူး။

ထောင်လွှားစိတ်နဲ့
မော်ကြွားနေတုန်း
ရုပ်အိုသွားတာ မသိလိုက်ဘူး။

ကျော်ကြားစိတ်နဲ့
ဂုဏ်ဖော်နေတုန်း
ရုပ်အိုသွားတာ မသိလိုက်ဘူး။

ပျော်ပါးစိတ်နဲ့
သွားလာနေတုန်း
ရုပ်အိုသွားတာ မသိလိုက်ဘူး။

ကိုယ်ပိုင်အမှတ်နဲ့
ထုတ်ကြွားနေတုန်း
ရုပ်အိုသွားတာ မသိလိုက်ဘူး။

ပိုင်ဆိုင်မှုနဲ့
အပျော်လွန်နေတုန်း
ရုပ်အိုသွားတာ မသိလိုက်ဘူး။

ကာမဂုဏ်တွေနဲ့
ယစ်မူးနေတုန်း
ရုပ်အိုသွားတာ မသိလိုက်ဘူး။

"သိမှု"တစ်လုံးကို
အသုံးချတတ်ပါမှ
သံသရာခရီး လမ်းဆုံးထိရောက်မှာပါ။

Credit-Ven Javana

No comments:

Post a Comment