စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, May 17, 2022

သေဖို့သာပြင်ပေတော့

☆ “ သေဖို့သာပြင်ပေတော့ ” ☆
▬▬▬▬▬▬▬▬▬▬▬▬▬

☆ အထက်ပါ ခေါင်းစီးလေးကို ထပ်ဆင့်ထပ်ဆင့် ကြည့်ပါ။ တစ်ဘဝ တစ်နပ်
စာအတွက် မကြည့်ပါနဲ့၊ သမိုင်းရေးမှားလိမ့်မယ်။ အနာဂတ်ဘဝတွေ အများ
ကြီးနော်၊ ရဟန္တာမဖြစ်သေးရင် ခန္ဓာတွေ အမျိုးစုံရအုံးမယ်။

☆ ဒီတော့ ယခုချိန်ကစပြီး အသေကောင်း ဖြစ်စေဖို့ အနေကောင်းရပါမယ်။
စေတနာကောင်းမှ ကံကောင်းတယ်နော်။ စေတနာဆိုးရင် ကံဆိုးတယ်။
စေတနာနည်းရင် ကံမွဲတယ်။

☆ အတိတ်က စိတ်ကောင်းစေတနာကောင်းခဲ့လို့ ယခုဘဝဟာ မိကောင်း
ဖခင်သားသမီးဖြစ်ရ ဘုရားသာသနာမှာ ဆုံကြရတာပါ။ ဒီလိုအချိန်ကောင်း၊ 
ဘဝကောင်း၊ ကာလကောင်းမှာ အကောင်းဆုံး ကျင့်စဉ်တွေကို ကျင့်ပြီး ကိုယ့်ရဲ့ဘဝသမိုင်းကို အကောင်းဆုံး ရေးစေချင်တယ်။

☆ ဒီလို လောဘ၊ ဒေါသ၊ မောဟ၊ မာန မခြံရံတဲ့ ကုသိုလ်ကာယကံ၊ ကုသိုလ်
ဝစီကံ၊ ကုသိုလ် မနောကံတွေ ပြည့်ဝလာတဲ့ သင်ဟာကျန်းမာပြီး သဒ္ဓါတရား
ရှိတဲ့အခါ ပြုသင့် ပြုထိုက်တဲ့ အလုပ်တွေ အားထုတ်နေခြင်းသည် သေဖို့ပြင်
နေခြင်းပါ။

■ ‘မသေခင်မှာကုသိုလ်သာ မှန်စွာအားထုတ်ကြ’

■ ‘သေခါနီးမှ နောင်တရ မှားကြလေတော့မှာ’။

¤ မြောက်ဦးဆရာတော်အရှင်ဝါယာမိန္ဒ ¤

 Buddhavasa Tiloka

No comments:

Post a Comment