လောကမှာ ကောင်းကျိုးချမ်းသာရဖို့ အချက် လေးချက် လိုအပ်တယ်။
၁။ မိမိသန္တာန်မှာ ကုသိုလ်စိတ်တွေ များများဖြစ်စေရမယ်။
-----------------
ကုသလ - ကုသိုလ်
ကု ဆိုတာ အဆိုးတရားတွေကို
သလ ဖယ်ရှားပေးနိုင်တဲ့ စွမ်းအားရှိတဲ့
သဘာဝတရားမျိုးကို ခေါ်တယ်။
အဲဒီသဘာဝစွမ်းအားတွေဟာ
ဘာကို ပြောသလဲဆိုရင်
အလောဘ အဒေါသ အမောဟတို့ကို ခေါ်တယ်။
အလောဘဆိုတာ
ကိုယ့်ရဲ့ပစ္စည်းကိုအများနဲ့ မျှဝေခံစားနိုင်ဖို့၊ စွန့်လွှတ်နိုင်တဲ့ စိတ်မျိုး၊
အလောဘစိတ်ကို ထားနိုင်ရမယ်။
အဒေါသဆိုတာ
အများရဲ့အကျိုးကိုလိုလားတဲ့ မေတ္တာဖြစ်တယ်။
အမောဟဆိုတာ
ဘာကိုလုပ်သင့်သလဲ၊ မလုပ်သင့်ဘူးလဲ ဆိုတာကိုသိတဲ့ အသိပညာမျိုး ဖြစ်တယ်။အဲဒီ သဘာဝတရားတွေဟာ အဆိုးတရားတွေကို ဖယ်ရှားနိုင်တာမို့ ကုသိုလ်လို့ ခေါ်တယ်။
အဲဒီကုသိုလ်တရားတွေ ကိုယ့်ရဲ့သန္တာမှာ
ဖြစ်အောင် လုပ်ရမယ်တဲ့။
သဒ္ဓါတရားတွေ၊ သီလတရားတွေဖြစ်စေရမယ်။သမာဓိစွမ်းအားတွေ ဖြစ်စေရမယ်။အကောင်းအဆိုး အကြောင်းအကျိုးကို ခွဲခြားသိနိုင်တဲ့ အသိဥာဏ်
အသိပညာစွမ်းအားတွေ ငါ့သန္တာန်မှာ ဖြစ်စေရမယ်လို့ စိတ်ထဲမှာ
သန္နိဋ္ဌာန်ချထားလိုက်ရမယ်။
၂။ ကုသိုလ်စိတ်ဖြစ်ဖို့အတွက် သမုဒါစာရ အလေ့အကျင့် လိုအပ်တယ်။
-----------------------------
ဆိုပါစို့...
မနက်အိပ်ရာထရင် မျက်နှာသစ်မယ်။ ဘုရားရှိခိုးမယ်။ ဘုရာရှိခိုးလို့ ပြီးမှ မနက်စာစားမယ်။ ဘုရားမရှိခိုးဘဲနဲ့ မနက်စာ မစားဘူး။ နောက်မေတ္တာပို့
မယ်ပေါ့။ကုသိုလ်စိတ်ဖြစ်အောင် အလေ့အကျင့်ဆိုတာလုပ်ပေးရတယ်။
ဥပမာ အိမ်ရှင်မတွေဆိုလည်း ထမင်းချက်ရင်းနဲ့ငါချက်ထားတဲ့ ထမင်းဟင်းတွေ စားရင်းဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါစေ။အားလုံးချမ်းသာသုခတွေ ပြည့်ဝကြပါစေ ဆိုပြီးတော့ မေတ္တာထားကြရမယ်။
မေတ္တာပွားမယ်ဆိုလည်း ဘယ်အချိန်မှာမဆို ပွားလို့ရတယ်။ ကာယကံမတ်ေတာ ဝစီကံမတ်ေတာ မနောကံမေတ္တာတွေဖြစ်အောင် လမ်းသွားရင်း ဆူးတွေ့လို့ ဖယ်ရှားပေးတာမျိုးက ကာယကံမေတ္တာ၊ကောင်းတဲ့အကြံဥာဏ်ပေးတာမျိုး ဝစီကံမေတ္တာ၊ စိတ်ထဲကနေ သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေလို့ ပွားများပေးတာမျိုး မနောကံမေတ္တာ၊
အဲဒီလို ကာယကံမတ်ေတာ၊ ဝစီကံမတ်ေတာ၊မနောကံမေတ္တာနဲ့ နေထိုင်တဲ့အတွက် အကုသိုလ်မဖြစ်ပဲ ကုသိုလ်နဲ့ နေတယ်လို့ ခေါ်တယ်နော်။
ငါ့ရဲ့ သန္တာန်မှာ ကုသိုလ်စိတ်တွေ
များများဖြစ်စေရမယ်။ မြင်မြင်သမျှ အပေါ်မှာ မေတ္တာစိတ်နဲ့ပဲ လုပ်ကိုင်ဆောင်ရွက် ပြောဆိုဆက်ဆံရမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက် ချထားလိုက်ပါတဲ့။
၃။ အမြဲတမ်း ကိုယ့်ရဲ့စိတ်ကလေးကို အကောင်းဘက်ကိုပဲ ညွတ်နေအောင် ထားပေးရမယ်။
-------------------------------------------
တစ်ယောက်တည်း အေးဆေးစွာ နေမိရင် ဘာကိုတွေးမိလည်းဆိုတာ ပြန်ဆန်းစစ်ကြည့်။ ကိုယ့်စိတ်ကလေးဟာ ကောင်းတဲ့ဘက်ကို ညွတ်နေရမယ်။
မကောင်းတဲ့ဘက်ကို ညွတ်နေမိရင် ကောင်းတဲ့ဘက်ကို သတိထားပြီး ညွတ်မိအောင် ထိန်းသိမ်းလေ့ကျင့်ပေးရမယ်။ ဒါ လေ့ကျင့်ရင် ရနိုင်တယ်။
၄။အာဘုဇိတ - နှလုံးသွင်းတရား၊
--ယောနိသောမနသိကာရ၊
ဘယ်ကိစ္စမဆို မှန်မှန်ကန်ကန် စဉ်းစားတာ၊ အသိဥာဏ်နဲ့ စဉ်းစားတာ၊နှလုံးသွင်းမှု မှန်ကန်တာ၊ ကုသိုလ်မှန်သမျှတို့သည် ယောနိသောမနသိကာရပေါ် အခြေခံသည်လို့ မြတ်စွာဘုရားက ဟောထားတယ်။
ဒါကြောင့်မို့ ကုသိုလ်ဖြစ်ဖို့ရာ ဟောဒီအချက်လေးချက်နဲ့ ပြည့်စုံရမယ်တဲ့။
ကုသိုလ်တွေ များလာခြင်းဖြင့်
ကောင်းကျိုးချမ်းသာတွေ ရရှိလာမယ်။ဒီဘဝမှာလည်း ကောင်းကျိုးချမ်းသာတွေ ရရှိမယ်။နောင်ဘဝမှာလည်း ကောင်းတဲ့အကျိုး ခံစားရမယ်။နှစ်ဘက်လုံး ကောင်းမွန်တဲ့ တရားဖြစ်လို့ ဒီလိုကုသိုလ်မျိုး များများရအောင် လေ့ကျင့်ယူရမယ်။
ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ
No comments:
Post a Comment