စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, May 24, 2022

နေလျှင်(၆)ချက်´ သေလျှင်( ၆)ချက်

‘နေလျှင်(၆)ချက်´ သေလျှင်( ၆)ချက်
🌺🌺🌿🌺🌺 🌺🌿🌺🌺🌺🌿🌺🌺

၁။    အဖိုးမထိုက်သော ကိလေသာ
အခွါရ ခက်သည်။

၂။    မထင်ရှားသော ကြိုးဆယ်စင်း 
အဖြည်ရ ခက်သည်။ ( သံယောဇဉ် ၁၀ပါး )

၃။    အခိုးမထွက်သော ရာဂမီး
အငြိမ်းရ ခက်သည်။ (၁၁မီး)

၄။   မဝေးသော နိဗ္ဗာန်ခရီး
အသွားရ ခက်သည်

၅။    အရှင်မရှိသော ဥစ္စာ 
အရှာရ ခက်သည်။
( သဒ်ဓါ သီလ သုတ စာဂ ပညာ ဟိရီ၊ ဩတ်တပ်ပ
သူတော်ကောင်းတရား(၇)ပါး )

၆။    ကိုယ်ဝန်ဆောင်သော ယောက်ျား
အဖွားရ ခက်သည်။
( အရိယာစာရင်းဝင်မှ 
ယောက်ျားစစ်စစ်ဖြစ်သည် ဟုခေါ်သည်။ )
_____________________________

`သေလျှင်(၆)ချက်´

၁။ အစားအသောက် 
မည်မျှစားနိုင်သည် ဆိုစေကာမူ
အပြီးသတ် ငတ်၍ သေပါလိမ့်မည်။

၂။ ပစ္စည်းဥစ္စာ
မည်မျှ ချမ်းသာသည် ဆိုစေကာမူ 
မွဲ၍ သေပါလိမ့်မည်။

၃။ ဆဒ္ဒါန်ဆင်မင်းခွန်အား
မည်မျှကောင်းသည် ဆိုစေကာမူ 
အားကုန်၍ သေပါလိမ့်မည်။

၄။ စကားပြော 
မည်မျှကောင်းသည် ဆိုစေကာမူ 
'အ'၍ သေပါလိမ့်မည်။

၅။ နတ်မမီ လူမမျှ 
လှပသည် ဆိုစေကာမူ
အရုပ်ဆိုး၍ သေပါလိမ့်မည်။

၆။ စုံမက်ချစ်ခင်သူ 
မည်မျှများသည် ဆိုစေကာမူ 
အမုန်းခံ၍ သေရပါလိမ့်မည်။

ရွှေမင်းဝံဆရာတော်ဘုရားကြီး

Credit..

No comments:

Post a Comment