စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, May 24, 2022

ဘုရားနဲ့တရား ဘယ်ဟာကအရင်ပေါ်

🔹ဘုရားနဲ့တရားဘယ်သူကအရင်ပေါ်  
     တုန်းလို့ မေးလေ့မေးထ ရှိကြတယ်။

🔹အဲ့လို မေးလေ့မေးထ ရှိရင်တော့ ခွဲခြား
     ပြီးတော့ ဖြေဆိုရမှာပဲ။

🔹မြတ်စွာဘုရားသိတဲ့တရားက ပဋိဝေဓ
     ဓမ္မ ၊ မြတ်စွာဘုရားဟောတဲ့ တရားက 
     ဒေဿနာ ဓမ္မ ၊

🔹ပဋိဝေဓ ဓမ္မဆိုတာ အဲ့ဒီတရားကို သိပြီး 
     တော့ ဘုရားအဖြစ်ကို ရောက်တာ ဆို
     တော့ တရားက အရင်ပေါ်တယ်လို့ ပြော
     ရမှာပဲ။

🔹အမှန်တရား တစ်ခုဟာ ရှိမြဲရှိနေတာပဲ  
     ဖြစ်တယ်။

🔹ဥပမာမယ် နိဗ္ဗာန်ဆိုတာ အမြဲတမ်းရှိနေ
     တဲ့ သဘောတရား တစ်ခုပဲ ဖြစ်တယ်။

🔹သို့သော် အကောင်အထည်နဲ့ရှိတာတော့ 
     မဟုတ်ဘူး။

🔹သဘာဝအနေ နဲ့ရှိနေတာ။

🔹အဲ့သဘာဝအနေ နဲ့ရှိနေတာက  
     အမြဲတမ်းရှိနေတာ၊ ရှိလိုက် မရှိလိုက် 
     ဒီလိုမဟုတ်ဘူး။

🔹ရှိပြီးတော့ ပျက်စီးသွားတာလည်း 
     မဟုတ်ဘူး။

🔹နိဗ္ဗာန်က အမြဲတမ်းရှိနေတယ်။

🔹အမြဲတမ်းရှိနေတဲ့ အဲ့ဒီအရာကို  
     မြတ်စွာဘုရားကတွေ့ရှိတာပဲ ဖြစ်တယ်။

🔹မြတ်စွာဘုရားက နိဗ္ဗာန်ကို တွေ့ရှိတဲ့ 
     သူ သာဖြစ်တယ်။

🔹နိဗ္ဗာန်ကို ဖန်တီးတဲ့ ပုဂ္ဂိုလ် မဟုတ်ဘူး။

🔹နိဗ္ဗာန်ကို ပြုလုပ်တဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး။

🔹အဲ့တော့ တွေ့တယ်ဆိုတည်းက နဂို
     တည်းကရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ရတာ
     ပေါ့။

🔹နိဗ္ဗာန်ရောက်ကြောင်း တရားကလည်းပဲ 
     နဂိုတည်းက ရှိတယ်။

🔹ဘုရားတစ်ဆူတစ်ဆူ ပေါ်တော့မှ 
     ဒီဘုရားရဲ့ဟောပြောချက်ကြောင့်-
 
🔹ဒီတရားကို သိကြရတာ ဖြစ်တယ်။

🔹အဲ့တော့ ပဋိဝေဓ ဓမ္မ ဆိုတဲ့  
    မြတ်စွာဘုရားတွေ တွေ့ရှိတဲ့ တရား ဆို
    တာ ထာဝရ ရှိနေတဲ့ အရာသာဖြစ်တယ်။

🔹တရားဓမ္မကို ကျင့်ကြံကြိုးကုတ် 
     အားထုတ်ပြီးတော့ ရှာလိုက်တဲ့ အခါ
     ဒီတရားကို သိသွားတယ်။

🔹ဆိုပါတော့ ကဿပမြတ်စွာဘုရား   
     လက်ထက် ဒီတရားကိုပဲဟောခဲ့တာ။

🔹ဒီ သစ္စာလေးပါးကိုပဲ ဟောခဲ့တာ။

🔹ကက္ကုသန္တ ဘုရားလည်းပဲ ဒီတရားကိုပဲ
     ဟောခဲ့တယ်။

🔹ဟိုးရှေးက ဘုရားတွေလည်းပဲ ဒီတရား 
     ကိုပဲ ဟောခဲ့တယ်။

🔹သို့သော် ဘုရားတစ်ဆူ ပရိနိဗ္ဗာန်စံပြီး 
     သွားတဲ့နောက်မှာ ဒီတရားက ပြန်လည် 
     ပျောက်ကွယ်သွားပြန်တယ်။

🔹ပျောက်ကွယ်တယ်ဆိုတာ လူတွေရဲ့ 
     ရင်ထဲက ပျောက်ကွယ်တာကိုပြောတာ။

🔹တရားအနေ နဲ့ကတော့ ရှိနေတာပဲ။

🔹လူတွေရဲ့ ရင်ထဲ မရောက်တာကို ပျောက်   
     ကွယ်တယ် လို့ ပြောတယ် နော်။

🔹အဲ့ဒီပျောက်ကွယ်သွားတဲ့ အရာကိုပဲ  
     မြတ်စွာဘုရားက ပြန်လည် ရှာဖွေ တွေ့
     ရှိတယ်လို့ ခေါ်တယ်။

🔹ဒါကြောင့်မို့   (ပါဠိလို . .   ) ငါသိတဲ့ 
     တရားလို့ မြတ်စွာဘုရားကပြောတဲ့အခါ
     မှာ ငါသိတယ်ဆိုတာ ငါရှာလို့တွေ့တဲ့ 
     တရား ။

🔹ဒါကြောင့်မို့ အင်္ဂလိပ်ဘာသာနဲ့ပြန်တဲ့ 
     အခါ Discover လို့ပြန်တယ်။

🔹Discover ဆိုတာ ပြန်တွေ့တာ လို့ 
     ဆိုလိုတယ်ပေါ့နော်။

🔹အဲ့တော့ ပဋိဝေဓ ဓမ္မလို့ဆိုတဲ့     
     သစ္စာလေးပါးတရားဟာ နဂိုတည်းက
     ရှိတာ။

🔹သတ္တဝါတွေ သန္တာန်မှာ မသိကြခြင်း 
     အားဖြင့် ရင်ထဲမရောက် ပဲနဲ့ပျောက်
     ကွယ်သွားတယ်။

🔹အဲ့ဒါကို ကြိုးစားပြီးတော့ တရား
     အားထုတ် ရှာလိုက်တဲ့အခါမှာ ပြန်ပြီး
     တော့တွေ့တယ်။

🔹ပျောက်ဆုံးနေတဲ့ ရတနာကို ပြန်တွေ့
     သလိုပဲ တရားကိုတွေ့တယ်။

🔹အဲ့ဒီတရားဟာ အဲဒီတရားကို သိလို့  
     ဘုရားဆိုတာ ဖြစ်ရတာ။

🔹အဲ့ဒီတရားမသိခင်က ဘုရားမဟုတ်ဘူး။ 
     ဘုရားမဖြစ်သေးဘူး။

🔹အဲ့တော့ မြတ်စွာဘုရားသန္တာန်မှာ ရှိတာ 
     ကအသိဉာဏ်ပဲ။

🔹အဲ့ဒီအသိဉာဏ်နဲ့ တရားကို ရှာတွေ့တာ။

🔹ဒါဖြင့် ပဋိဝေဓ ဓမ္မလို့ဆိုတဲ့ ထိုးထွင်း သိ
     တဲ့တရားသည် ထာဝရ ရှိနေတဲ့ တရား 
     ဖြစ်သည့်အတွက်ကြောင့်-

🔹ဘုရားမပွင့်လည်းပဲ ဒီတရားက ရှိမြဲရှိနေ
     တယ်။

🔹သို့သော် လူတွေရဲ့ ရင်ထဲမှာ မရောက်
     ဘူး။ လူတွေမသိကြဘူးလို့ ဒီလိုဆိုလို
     တယ်။

🔹သတ္တဝါတွေ မသိဘူး။

🔹နောက် ဒေသနာ ဓမ္မ ဆိုတာ ကျတော့   
     မြတ်စွာဘုရားက ပဋိဝေဓ ဉာဏ်နဲ့ သိရှိ
     နားလည်ပြီးတဲ့အခါမှာ သတ္တဝါတွေကို 
     ဟောပြောတာ ။

🔹လိုက်နာကျင့်သုံးရမယ့် တရားတွေကို 
     ဟောပြောတယ်။

🔹ရှောင်ရမယ့်တရားတွေကိုဟောပြော
     တယ်။

🔹အဲ့တာကျတော့ ဘုရားဟော တဲ့ဓမ္မဆို
     တော့ ဘုရားပွင့်ပြီးမှ ဖြစ်တာ။

🔹ဘုရားဟောမှ သိကြရတာ။

🔹သာမန်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင် 
     ပဋိဝေဓ ဓမ္မဆိုတာလည်း ဒါပဲ။

🔹ဘုရားကဟောတာလည်း သူသိတာကို 
     ဟောသည့်အတွက်ကြောင့် ဒေသနာ 
     ဓမ္မလည်း ဒါပဲဆိုတော့ ဓမ္မသည် ထာဝရ
     ရှိနေတာ။

🔹ဘုရားက ထာဝရမဟုတ်ဘူး။
     ဓမ္မက ထာဝရ လို့ ဒီလိုဆိုလိုတယ်ပေါ့
     နော်။  ဒီလိုဆိုတယ်။

🔹ဒါကြောင့်မို့ ဘုရားအဆူဆူဟာ တရား
     ကို အလေးမူပြီးတော့  နေလေ့ ရှိကြ
     တယ်။

🔹ဘုရားအလေးပြုရမယ့် ရိုသေရမယ့် 
     ပုဂ္ဂိုလ်ဆိုတာ လောကမှာ မရှိဘူး။

🔹ဘာကြောင့်မရှိတာတုန်းဆိုရင် 
     မြတ်စွာဘုရားထက် သီလအရည်အချင်း 
     
🔹သမာဓိအရည်အချင်း၊ ပညာ
     အရည်အချင်း ကြည့်လိုက်မယ်ဆိုရင်- 

🔹သာတဲ့ ဘက်ကိုမပြောနဲ့မှီတဲ့ ပုဂ္ဂိုလ် မရှိ
     နိုင်ဘူး။

🔹ဘုရားအဆင့်ရောက်တဲ့ ပုဂ္ဂိုလ်မရှိဘူး။

🔹ဒါကြောင့်မို့ လူပုဂ္ဂိုလ် လူထဲတင်မကဘူး 
     နတ်ပဲဖြစ်ဖြစ် ဗြဟ္မာပဲဖြစ်ဖြစ် -

🔹သတ္တလောကကြီးတစ်ခုလုံးကို ကြည့်
     လိုက်လို့ရှိရင် -

🔹မြတ်စွာဘုရားက လေးစားရမယ့်ပုဂ္ဂိုလ်
     ဆိုတာ ပုဂ္ဂိုလ်အနေနဲ့ မရှိဘူး။

🔹ဒါကြောင့်မို့ ဘုရားကိုယ်တိုင်က ဓမ္မ ကို
     အလေးစားပြုပြီးတော့ နေတယ်။

🙏ပါမောက္ခချုပ်ဆရာတော်🙏
🙏ဒေါက်တာ နန္ဒမာလာဘိဝံသ🙏

🌹ဓမ္မ,တရားဖြင့် ငြိမ်းအေး ကြပါစေ။🌹

Crd,,,,,🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

No comments:

Post a Comment