မကျန်းမာချိန် ဉာဏ်ဖြင့်ချိန်
🌺🌺🌺🌿🌿🌿🌺🌺🌺
လောကမှာ စိတ်ဓာတ်အကျဆုံးအချိန်က ဘယ်အချိန်တုန်းဆိုရင် မကျန်းမမာ ဖြစ်တဲ့အချိန်ပဲဖြစ်တယ်။
အဲဒီလို စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ စဉ်းစား ရမယ်။ စိတ်ဓာတ်ကျနေတာ အဖြေလားလို့ ?? အဖြေ မဟုတ်ဘူး။
စိတ်ဓာတ် ကျနေရမယ့်အစား လုပ်သင့်တာလုပ်ဖို့က ပိုအရေးကြီးတယ်။
လောကကြီးမှာ အဆိုးဆုံး ကြုံတွေ့တဲ့ အခါ အကောင်းဆုံး ဖြစ်အောင် ကြိုးစား အားထုတ် ရမယ်။
မြတ်စွာဘုရား "ဂိလာနသုတ္တန် " မှာ ဟောထားတာ ကို နာယူ မှတ်သားကြည့်ပါ။
လောကလူသားတွေဟာ ကျန်းမာတဲ့အခါ ရှိသလို မကျန်းမာတဲ့အခါ ရှိတယ်။
ကျန်းမာနေတဲ့ အခါမှာ လူတွေဟာ ပျော်ရွှင်နေ တော့ ဘာလုပ်လုပ်အဆင်ပြေနေကြတယ်။ အဆင်ပြေနေပြီဆိုရင် ပျော်စရာတွေက လွှမ်းမိုး နေတာမို့ အားကိုးရာ သိပ်မရှာကြဘူး။
မကျန်းမမာ ဖြစ်လာပြီဆိုရင်တော့
စိတ်ဓာတ် ကျလာကြတယ်။
အားကိုးရာ ရှာလာကြတယ်။ကိုယ်ရော သူရော အတူတူပဲ ဖြစ်တယ်။
မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကိုလည်း နာယူ မှတ်သားခြင်းဖြင့် အကျိုးရှိအောင် လုပ်ရမယ်။
ရောဂါဆိုတာ လူတိုင်းမှာ ရှိတာ။ ရောဂါ ဝေဒနာတွေဟာ ရှိနေတာပဲ မရှိဘူးမဟုတ်ဘူး။
လူကြားထဲ သွားတာပဲဖြစ်စေ ကိုယ့်ဟာကိုယ် နေရင်း ထိုင်ရင်းဖြစ်စေ။ ကိုယ့်ကိုယ်ကို ထိန်းပြီး နေရတဲ့ ပင်ပန်းတဲ့ ဆင်းရဲဒုက္ခ ဟာ သေးတာမဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် ဒါတွေကို မေ့ထားနိုင်ဖို့အတွက် အကျိုး ရှိတဲ့ အလုပ်တစ်ခုကို လုပ်နေဖို့ အရေးကြီး တယ်။
မြတ်စွာဘုရား ဟောကြားတဲ့ ဒီသုတ္တန်ဟာ မှတ်သားနာယူဖို့ အလွန်ကောင်းတဲ့ သုတ္တန်ဖြစ်တယ်။ ဂိလာနသုတ်လို့ခေါ်တယ်။
ဂိလာနဆိုတာ မကျန်းမာသူ လို့အဓိပ္ပာယ် ရတယ်။
လူတိုင်းလူတိုင်းဟာ အမြဲတမ်း ကျန်းမာနေတာ မဟုတ်ဘူး မကျန်းမာတဲ့အခါ ရှိတယ်။
အသက်အရွယ် ကြီးလာရင်လည်း
ကျန်းမာမှု ဆိုတာ လျော့နည်းလာ
တတ်တယ်။ မကျန်းမမာ ဖြစ် လာ တတ်တယ်။
လူတိုင်းလူတိုင်းမှာ အမေအို၊အဖေအို၊ အဖိုးအဖွား အိုမင်းမစွမ်း ပုဂ္ဂိုလ်တွေ ရှိလာတတ်တယ်။
မိဘ ဘိုးဘွားတွေ မကျန်းမမာလို့ ပြုစု နေရတဲ့ အခါ၊မိမိကိုယ်တိုင် မကျန်းမမာဖြစ်နေတဲ့အခါ ဘဝ မှာ lonely ဖြစ်လာတတ်တယ်။
အဲဒီအခါ ဘာနှလုံးသွင်းသင့်သလဲ။ ဘာနဲ့နေမလဲဆိုတာဟာ အရေးကြီးတယ်။
ဒါကြောင့်မို့ -
“မကျန်းမာ သူများ အတွက် အထူးနှလုံးသွင်းရမည့်တရား” ကို မြတ်စွာဘုရား ဟောကြားခဲ့တာ ဖြစ်တယ်။
လောကမှာ လူတိုင်းလူတိုင်းဟာထာဝရ ကျန်းမာနေကြမှာ မဟုတ်ဘူး။မကျန်းမာဘူးဆိုရင် “ဘာလုပ်မလဲ” မြတ်စွာဘုရားရဲ့ အဆုံးအမတရားကို မှတ်သားနာ ယူထားကြရမှာ ဖြစ်တယ်။
မြတ်စွာဘုရားက ချစ်သားရဟန်းတို့၊ ဒီလိုမကျန်းမမာဖြစ်ပြီး အလွန့်ကိုအားနည်းနေတဲ့ ဂိလာနရဟန်း မျိုးကို-
ဒီနှလုံးသွင်းတရား ငါးမျိုးက စွန့်ခွါမသွားဘူးဆိုရင် မကြာမီ အာသဝကင်းကွာ ရဟန္တာဖြစ်ဖို့ မျှော်လင့်နိုင်တယ်။
ဆိုလိုတာက ဒီနှလုံးသွင်းတရား ငါးမျိုးဟာ၊ မကျန်း မမာဖြစ်နေတဲ့ ပုဂ္ဂိုလ်နဲ့ အတူတကွ ရှိနေမယ် ဆို လို့ ရှိရင် ကြီးမားတဲ့အကျိုးကျေးဇူး တစ်ခုကိုရနိုင်တယ်။
“သူ့ သန္တာန်မှာရှိတဲ့ ကိလေသာ အာသဝတွေကို ကင်းကွာပြီးတော့ ရဟန္တာအဖြစ်ထိအောင် ရောက်နိုင်တယ်”။
ရဟန္တာဖြစ်နိုင်တဲ့ ဒီ နှလုံးသွင်းတရားတွေကို နှလုံး သွင်းဖို့ လိုအပ်တယ်လို့ဆိုလိုတာ ဖြစ်တယ်။
ကိုယ် ချစ်ခင်သူ ရဲ့ သေဆုံးခြင်းကြောင့် သောကဖြစ်သွားမယ် ဆိုလို့ရှိရင်လည်း လမ်းချော်သွား ခြင်းသာ ဖြစ်တယ်။
ကိုယ်နဲ့မုန်းတဲ့ပုဂ္ဂိုလ်၊မတည့်တဲ့ ပုဂ္ဂိုလ်ရဲ့ သေခြင်း ကို ကြည့်ပြီး ဝမ်းသာမှုဖြစ်ရင်လည်း လမ်းချော်ခြင်းပဲ ဖြစ်တယ်။
ကိုယ်နဲ့လုံးဝမသိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သေဆုံးခြင်းကို ကြည့်ရင်လည်း သံဝေဂ မဖြစ်ဘူးတဲ့။
ဒါကြောင့်မို့လို့ သေဆုံးခြင်းနဲ့ ပတ်သက်လာလို့ ရှိရင် သံဝေဂဖြစ်ရမယ်။
အသိဉာဏ်ဖြစ်ရမယ်လို့ ဒီလို ဆိုလိုတယ်။
မသေခင်ကြိုတင်ပြီး လုပ်ရမယ့် ကိစ္စ တွေကို ကြိုတင် ပြင်ဆင်ပြီး လုပ်လေ့လုပ်ထရှိခြင်းဟာအင်မတန်မှ စိတ်နှလုံးအေးချမ်းမှုကို ဖြစ်ပေါ် စေတယ် လို့၊ ဒီလိုဆိုတယ်။
**ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
No comments:
Post a Comment