============
B = ?
U = ?
D = ?
D = ?
H = ?
A = ?
Buddha ( ဗုဒ္ဓ ) ရဲ့အဓိပ္ပါယ်ကို ဂုဏ်တော်များနှင့်အညီ အတတ်နိုင်ဆုံး အကောင်းဆုံး အဓိပ္ပါယ်ဖော်ညွှန်းထားပါတယ်။ ဒီလိုဖော်ညွှန်းထားခြင်းများသည် မည်သည့် သင်ရိုးညွှန်းတမ်း စာပေ ကျမ်းများတွင်မှ ဖော်ပြထားခြင်း မရှိပါဘူး။ လေ့လာ မေးမြန်း စူးစမ်းစိတ်ကြောင့် ရရှိလာသော အကျိုးတရားသည် အကြောင်းတစ်ခုကို ဖန်တီးလို၍ သာဖြစ်ပါတယ်။ ထိုကြောင့် ကျနော် အညတြ ကပ္ပိယ အနေနဲ့ ဖွင့်ဆိုထားသော အဓိပ္ပါယ်များနှင့် ပတ်သက်၍ ဖြည့်စွက် အကြံပြပေးနိုင်ပါတယ် ခင်ဗျာ ။
အရိပ်အမြွက် လမ်းပြပေးပါသော ဆရာတစ်ဦးကို ဦးခိုက်ပါ၏ ။ လမ်းပြပေးခဲ့သည်မှာ Buddha ဆိုသည့် အင်္ဂလိပ်စကားစုကို အကျယ်ဖွင့် ပြဆိုဖို့ ကြိုးစားကြည့်ပါလား ငါ့ညီတဲ့ ။ ကျနော် မနေ့ကအထိ ယခုလို ဖွင့်ဆိုဖို့ကို စိတ်ကူးမရှိခဲ့ပါဘူး ။ အသိ သတိ ပေးလိုက်တဲ့အခါမှာတော့ ရှာဖွေစုဆောင်းမိပါတော့တယ် ။ ထို့ကြောင့် ထိုပုဂ္ဂိုလ်သည် အကျွန်ုပ်၏ စိတ်ကို လမ်းပြပေးသော ဆရာတစ်ဦးဖြစ်ပါတယ်။
လူတို့၏ စိတ်သည် လိုချင် ဖြစ်ချင်သော ဆန္ဒ၏ နောက်သို့လိုက်ကြပါတယ်။ ကျနော် အစပိုင်းမှာ တွေဝေနေမိတာတော့ အမှန်ပါ ။ အတွေးနယ်ချဲ့နေရင်း ဂုဏ်တော်ကိုးပါးကို ပါဠိလိုနဲ့ မြန်မာလို ပြန်လည်ဖွင့်ဆိုသော မေတ္တာပို့ နဲ့ အင်္ဂလိပ်နဲ့ မြန်မာလို့ ပြန်ဆိုထားတာတွေကို အလိုအလျောက် နားထဲသို့ ဝင်ရောက်လာခဲ့ပါတယ်။ ထိုအသံများကို ကြားပြီးသည့်နောက် စာအုပ်စင်ပေါ်မှာ ဗုဒ္ဓနှင့် ပတ်သက်သော စာအုပ်ပေါင်းများစွာ ရှိသည့်အနက် ဒေါက်တာမင်တင်မွန်၏ ဗုဒ္ဓအဘိဓမ္မာ အနှစ်ချုပ် ဆဋ္ဌမအကြိမ် စာအုပ်က်ို ရွေးထုတ်ခဲ့မိပါတယ်။ ထိုထက်ထူးခြားသည်မှာ ဘာရယ်မဟုတ် ပထမဆုံး စတင်လှန်လိုက်မိသည့် စာမျက်နှာ ၂၃၆-၂၃၇ တွင် အဘိဥာဏ် ၅ မျိုးဆိုသည်ကို တွေ့ရှိလိုက်ရခြင်းသာ ဖြစ်ပါတယ်။
ကျနော် အံ့သြဖွယ်စိတ်တွေ ခံစားမိလိုက်ရခြင်းကြောင့် Divine ဆိုသော စကားလုံးကို ထပ်မံအတွေးပေါ်ခဲ့ပြန်ပါတယ်။
ဒါကြောင့်
Divine Eye
Divine Hearing ထိုစကားလုံးများနှင့်အတူ အဘိဥာဏ် ၅ မျိုးမှ ၂ မျိုးသော ဒိဗ္ဗစက္ကု အဘိဥာဉ်နှင့် ဒိဗ္ဗသောတအဘိဥာဉ် တို့ကို ဖွင့်ဆိုလိုက်ရခြင်း ဖြစ်ပါတယ်။
B = Byamana ( ဗွဟ်မဏ )
ဗြဟ္မဏဆိုသည်မှာ မကောင်းမှုမှန်သမျှကို
စွန့်ပယ်ထားသော သူတော်ကောင်း ၊
အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်လို့ အဓိပ္ပါယ်ရပါတယ် ။
U = Understanding ( သိမြင်နားလည်ခြင်း )
ထိုအဓိပ္ပါယ်ရဲ့အကျယ်ကတော့
သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်
သစ္စာလေးပါး ခပ်သိမ်းသောတရားတို့ကို
သူတပါးထံ နည်းမခံဘဲ ကိုယ်ပိုင်ဥာဏ် အဟုန်အစွမ်းဖြင့်
စူးစမ်းရှာဖွေကာ မှန်ကန်စွာ သိတော်မူပါပေသော
D = Divine Eye ( အံ့ဖွယ်ကောင်းသော အမြင်အာရုံ )
ဒိဗ္ဗစက္ကု အဘိဥာဉ် -
နတ်မျက်စိကဲ့သို့သော မြင်နိုင်သည့်
အဘိဥာဉ်ကို ရရှိပိုင်ဆိုင်ထားခြင်း
D = Divine Hearing ( အံ့ဖွယ်ကောင်းသောအကြားအာရုံ )
ဒိဗ္ဗသောတအဘိဥာဉ် -
နတ်နားကဲ့သို့သော ကြားနိုင်သည့်
အဘိဥာဉ်ကို ရရှိပိုင်ဆိုင်ထားခြင်း
H = Human ( လူသားတစ်ဦးဖြစ်ခြင်း )
A = Art ( ပါရမီ )
၁ ) ဒါနပါရမီ ( စွန့်ကြဲပေးကမ်းလျှုဒါန်းခြင်း )
၂ ) သီလပါရမီ ( အားထုတ်၍ စောင့်စည်းခြင်း )
၃ ) နိက္ခမ္မပါရမီ ( စွန့်ခွာ၍ ကျွတ်လွတ်ခြင်း )
၄ ) ပညာပါရမီ ( ဟုတ်မှန်စွာ အမှန်ကို သိမြင်ခြင်း )
၅ ) ဝိရိယပါရမီ ( သက်စွန့်ကြိုးပမ်း အားထုတ်ခြင်း )
၆ ) ခန္တီပါရမီ ( မယိမ်းမယိုင် သီးခံနိူင်ခြင်း )
၇ ) သစ္စာပါရမီ ( ဖြောင့်မတ်စွာအမှန်ကို ဆိုခြင်း )
၈ ) အဓိဌာန်ပါရမီ ( မဖြစ်မနေဇွဲကောင်းခြင်း )
၉ ) မေတ္တာပါရမီ ( တွေ့မြင်သမျှ ချမ်းသာစေခြင်း )
၁၀ ) ဥပက္ခာပါရမီ (ချီးမြှောက်ရှုံ့ချ နှစ်ဌာန၌လစ်လျုရှု့ခြင်း )
ထိုသို့သော ပါရမီ ၁၀ ပါတို့နှင့် ပြည့်စုံခြင်း ။
ဒါဆိုရင်တော့ BUDDHA ( ဗုဒ္ဓ ) ရဲ့ အဓိပ္ပါယ်ကို ဂုဏ်တော်များနှင့် အညီ
ဖွင့်ဆိုထားတာကို လက်ခံနိုင်ကြလိမ့်မယ် ထင်ပါတယ် ။
မှတ်ချက်တစ်ခုအနေနဲ့က Byamana ဆိုသည်မှာ ပါဋိစကားဖြစ်လို့ ပညတ်အနေနဲ့ တိုက်ရိုက် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ လိုအပ်သည်များ အမှားများရှိပါက ထောက်ပြပြောဆို လမ်းညွှန်ပေးနိုင်ကြပါတယ်။
ဓမ္မဖြင့် ဗုဒ္ဓကို ဆည်းကပ်ပူဇော်နိုင်ကြပါစေ။
✍✍✍.....အရှင်ဇဝနဉာဏ
No comments:
Post a Comment