စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, May 17, 2022

ခန္ဓာအပေါ်ကို စွဲမထားနဲ့..

ပြင်းထန်တဲ့ဝေဒနါခံစားရပြီဆိုရင်

-မကြောက်ပါနဲ့
-စိတ်ကိုလျော့ထားပေးပါ
-ကြောက်တဲ့စိတ်က ရုပ်ကိုပိုပြီး
  ဖောက်ပြန်စေပါတယ်။

ဖောက်ပြန်ပျက်စီးတတ်တဲ့သဘောဖြစ်လို့ဖောက်ပြန်ပျက်စီးနေတာကို
"ငါ့ရုပ်"လို့ မယူမိပါစေနဲ့။

သေရင်လည်း ထားခဲ့ရမယ့်ရုပ်ကို
အခုကတည်းက စိတ်နဲ့ခွာပြီး
အရင်စွန့်ထားလိုက်ပါ။
#ကိုယ်သာနာပြီးစိတ်မနာပါစေနဲ့

ရှင်သန်ချင်လွန်းတဲ့စိတ်ကို လျော့ပေးပါ။
ရှင်သန်ချင်လွန်းတဲ့စိတ်က
#ပိုပြီးသေစေနိုင်ပါတယ်

အသက်ရှူလို့မရ ဖြစ်လာရင်
ရှူချင်လွန်းတဲ့စိတ်ကို လျော့ပေးပါ။

တကယ်အသက်ရှူ အရမ်းကြပ်လာတဲ့အခါမှာအတင်းရှူရင် ပိုကြပ်ပါတယ်။
မရှူတော့မှပဲ ပြန်ရှူလို့ရသွားတာပါ။

ရုပ်ကို စိတ်နဲ့ ဆုပ်ကိုင်မထားပါနဲ့။
#ဆုပ်ကိုင်ထားတဲ့စိတ်က
ရုပ်ကို ပိုတင်းကြပ်ပြီးဖောက်ပြန်စေပါတယ်။

သေရမှာကို ကြောက်နေမယ့်အစား
သေခြင်းတရားကို စွန့်လွှတ်တဲ့စိတ်နဲ့
ဉာဏ်အားကိုးပြီး ရင်ဆိုင်လိုက်ပါ။

ဒါမှသာ-စွန့်လွှတ်တဲ့ကုသိုလ်စိတ်ကြောင့်
ကံပြောင်းပြီး ကောင်းသွားနိုင်သလို
သေခဲ့ရင်တောင် ပူစရာမရှိပါဘူး။

မေတ္တာဖြင့်
ဆရာလေးခေမာရံသီ

No comments:

Post a Comment