ကိုယ့်မှာ မေတ္တာစိတ်ရှိရင်
ထိတွေ့လာတဲ့သူမှန်သမျှဟာ
အေးချမ်းသွားကြလိမ့်မယ်။
ကိုယ့်မှာ သည်းခံနိုင်စိတ်ရှိရင်
တိုက်ခိုက်လာသူတွေဟာ
အလိုလိုရှုံးနိမ့်သွားကြလိမ့်မယ်။
ကိုယ့်မှာ စာနာစိတ်ရှိရင်
နာကျင်နေကြတဲ့သူတွေဟာ
နွေးထွေးသွားကြလိမ့်မယ်။
ကိုယ့်မှာ နားလည်စိတိရှိရင်
အပြစ်မြင်ခံနေရတဲ့သူတွေဟာ
လွတ်လပ်သွားကြလိမ့်မယ်။
ကိုယ့်မှာ စွန့်ကြဲလိုစိတ်ရှိရင်
လိုအပ်နေတဲ့သူတွေဟာ
ပြည့်စုံအဆင်ပြေသွားလိမ့်မယ်။
ကိုယ့်မှာ ဝမ်းမြောက်တဲ့စိတ်ရှိရင်
မနာလိုတတ်တဲ့သူတွေဟာ
အားကျလာကြပါလိမ့်မယ်။
ကိုယ့်မှာ သတိသာစွဲမြဲထားရင်
ပူလောင်နေတဲ့စိတ်တွေဟာ
အနည်ထိုင်သွားကြပါလိမ့်မယ်။
No comments:
Post a Comment