စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, May 20, 2022

စိတ်ထားတတ်မှ အေးချမ်းတာပါ

စိတ်ထားတတ်မှ အေးချမ်းတာပါ
----------------------

တကယ်တော့ လောကကြီးက
စိတ်ထားတတ်မှ အေးချမ်းတာပါ။

မိမိပြုလုပ်မှုအတွက်
တူသောအကျိုး ပေးစမြဲပါ။

နံနက်စောစော အိပ်ရာမထပဲ
နံနက်ခင်းရဲ့အလှကို
နေ့လည်မှ ခံစားလို့မရပါဘူး။

နံနက်ခင်းရဲ့အလှကို မြင်တွေ့ချင်ရင်
နံနက်စောစော အိပ်ရာထပါ။

သစ်ပင်စိုက်သူက စိုက်တယ်။
တန်ဖိုးထားရကောင်းမှန်း မသိတဲ့
လူတွေက သစ်သီးခြွေချကြတယ်။

လောကကြီးက တရားပါတယ်။
မိမိကသာ အရင်းမစိုက်ပဲ 
အမြတ်မလိုချင်ပါနဲ့။
ထိုက်တန်တဲ့ ရလာဒ်တွေ
သင့်ဆီ ရောက်လာမှာပါ။

Credit-Original Uploader

No comments:

Post a Comment