---->
ဘဝမှာ
လာခဲ့တဲ့လမ်းလည်း မတူသလို
ပြန်ရမယ့်လမ်းလည်း မတူနိုင်ပါဘူး။
ဒီထမင်းကို စား
ဒီရေကို သောက်ကြပေမယ့်
လျှောက်နေကြတဲ့လမ်းတွေက
တူမှ မတူနိုင်ကြတာ။
တစ်ချို့က မေတ္တာနဲ့ပေးဝေ
တစ်ချို့က ဣဿာနဲ့ညစ်ပေ
တစ်ချို့က သစ္စာနဲ့ထုဆစ်
တစ်ချို့က မစ္ဆရိယနဲ့ဖုထစ်
တစ်ချို့က ဓမ္မနဲ့တည်ဆောက်
တစ်ချို့က အတ္တနဲ့မွှေနှောက်
တစ်ချို့က အကြင်နာနဲ့လွှမ်းခြုံ
တစ်ချို့က ဒေါသနဲ့အုပ်မိုး
ဒါ့ကြောင့်....
လာခဲ့တဲ့လမ်းလည်း မတူသလို
လျှောက်နေကြတဲ့လမ်းလည်း
မတူညီကြလေတော့
ပြန်ရမယ့်လမ်းလည်း မတူနိုင်ကြတော့ဘူးလေ။
No comments:
Post a Comment