စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, May 23, 2022

ပြင်ဆင်ခြင်း

လောကလူတွေ ပြင်ဆင်နေကြတာ ဘာတွေကို ပြင်ဆင်တုန်းဆို ကိုယ့်ခန္ဓာကိုယ်ကိုလှဖို့ပဖို့ ပြင်ကြတယ်။ 

သို့သော် မပြင်ဘဲနေတာ ဘာလဲလို့ဆိုရင် အကျင့်စရိုက်တွေ မပြင်ဘူး၊ စိတ်နေသဘောထားတွေ မပြင်ဘူးတဲ့။ 

လူတွေဟာ စိတ်မပြင်နိုင်လို့ သံသရာထဲမှာ တဝဲလည်လည် ဖြစ်နေတာလေ။
မြတ်စွာဘုရား ကိုယ်တိုင်ကိုက ခန္ဓာကိုယ်ကို သန့်ရှင်းအောင် လုပ်ရမယ်လို့ ဟောတဲ့နေရာ အင်မတန်မှနည်းတယ်၊ မရှိသလောက်ပဲ။
 
“သစိတ္တ ပရိယောဒပနံ ” ကိုယ့်စိတ်လေးကို ကိုယ်ဖြူစင်အောင်လုပ်ပါလို့ပဲဟောတယ်။

စိတ်ဖြူစင်မှုက အဓိကကျတယ်၊ ဒါကြောင့် စိတ်ဖြူစင်မှုကို အရေးပေးပြီးတော့ လုပ်ကြရမှာဖြစ်တယ်။

စိတ်ဖြူစင်အောင်လုပ်တယ် ဆိုတဲ့နေရာမှာ ဘာတွေက မဖြူစင်တာလဲ? ဘယ်အရာတွေ ကိုယ့်စိတ်ထဲ ရှိနေရင် မဖြူစင်တာလဲ? ဘယ်အရာတွေဖြစ်မှ ဖြူစင်တာလဲ? ဆိုတာလည်း သိဖို့လိုတယ်။ 

ပြင်ပဗဟိဒ္ဓမှာ ကိုယ့်အဝတ် ညစ်ပေနေလို့ရှိရင် သိတယ်၊ ဒါက အဝတ်ကို ညစ်ပေစေတတ်တယ်။ ဖုန်တွေ အရောင်မကောင်းတဲ့ အညစ်အကြေးတွေပေါ့။ 

အဲဒါတွေကို စင်ကြယ်အောင် စင်ကြယ်စေတတ်တဲ့ ဆပ်ပြာတို့ ရေတို့နဲ့ရောပြီးတော့ လျှော်ကြ၊ စင်ကြယ်အောင်လုပ်ကြ၊ စင်အောင် ကြိုးစားကြတယ်။ 

သို့သော် ကိုယ့်စိတ်လေးညစ်ထေးနေတာကျတော့ စင်ကြယ်အောင်လုပ်ဖို့ အများက သတိမရဘူး၊ လွှတ်ထားကြတယ်။ လူ့သဘာဝလို့လည်း တွက်တယ်။

 “လူဆိုတာ လှတာမြင်ရင် သဘောကျမယ်၊ မလှတာမြင်ရင် စိတ်ထဲမှာ မခံချိ မခံသာဖြစ်မယ်၊ ဒါ လူ့သဘာဝပဲ” ဆိုပြီးတော့ လွှတ်ထားကြတယ်၊ စိတ်ရဲ့ အညစ်အကြေးမှန်း မသိကြဘူး၊ အညစ်အကြေးလို့ အသိအမှတ်
မပြုကြဘူး။

အဲဒီလို မသိသေးသမျှ ကာလပတ်လုံး စိတ်ဖြူစင်အောင် စိတ်အလှပြင်ဖို့ဆိုတာကို ဘယ်သူမှ လုပ်မှာ မဟုတ်ဘူး။ အခု မြန်မာနိုင်ငံမှာ လူလာဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓဘာသာဝင်မိသားစုက မွေးဖွားလာလို့ မြတ်စွာဘုရား ဟောကြားတဲ့ တရားဓမ္မတွေ
ကို နာယူရလို့ ဘုရားတရားကို သိတတ္လာ
ကြတယ်။ 

ဒီလို ပုဂ္ဂိုလ်တွေထဲကမှ စိတ်ဖြူစင်ဖို့ မကြိုးစားဘူးဆိုရင် ကျန်တဲ့ပုဂ္ဂိုလ်တွေက ဒီဘက်ကို သတိတောင်မရဘူး၊ အမှတ်တောင် မရဘူး။

မြန်မာနိုင်ငံမှာ လူဦးရေ သန်းပေါင်း ၅၀ 
ကျော် ၆၀ နီးပါး ရှိတဲ့အထဲမယ် စိတ်ဖြူစင်ဖို့ စဉ်းစားတဲ့ပုဂ္ဂိုလ် အလွန်နည်းပါလိမ့်မယ်။

ဘာတွေဟာ စိတ်တွေရဲ့ အညစ်အကြေးတွေလဲ၊ Impurity တွေလဲ၊ အဲဒါတွေကို ဘယ်လိုစင်ကြယ်အောင် လုပ်ရမလဲဆိုတာ သိတဲ့ပုဂ္ဂိုလ်တွေကျတော့ ရာခိုင်နှုန်းပိုနည်းသွားပြီ။ ဒါကြောင့်မို့ မြတ်စွာဘုရား သာသနာတော်နဲ့ တွေ့ကြုံလာတဲ့ အခိုက်ကလေးမှာ
စိတ်ရဲ့ အညစ်အကြေးဆိုတာ ဘာတွေလဲ၊ စိတ်မဖြူစင်ဘူးဆိုတာ ဘာလဲ၊ စိတ်ကိုမဖြူစင်စေတဲ့ စိတ်ရဲ့အညစ်အကြေးတွေကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲ ဆိုတာတွေသိရှိနားလည်ဖို့လိုတယ်။ 

အခုလို တရားပွဲကြီးတွေကျင်းပတာ ဒါတွေသိအောင်လုပ်တာနော်။ 

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

#Posted_by_Words_of_Buddha
သုတဂဝေသီဗန်းမော်
သုခိတာဟောထ၊
ဒုက်ခာ မုစ်စထ။

No comments:

Post a Comment