စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, May 23, 2022

အသေတတ်ဖို့ ပြင်ဆင်စို့..

ဆွဲထားလို့လည်း မရဘူး
တွဲထားလို့လည်း မရဘူး
အားလုံးကို ထားခဲ့ရမယ်။

နောက်ဆုတ်လို့လည်း မရဘူး
ကြောက်စိတ်များဖြင့် ထွက်ပြေးလို့လည်း မရဘူး။
သင်ဟာ တစ်နေ့ လိုက်သွားရမယ်။

ဝမ်းနည်းလို့လည်း မရဘူး။
ချစ်လွန်းလို့လည်း မရဘူး။
တစ်နေ့ကြ သင့်ကို လာခေါ်သွားမယ်။

မလိုက်ချင်လို့လည်း တားမရဘူး
အချိန်မတန်သေးပါဘူးဆိုပြီးလည်း ငြင်းမရဘူး။ အချိန်မရွေး ရုတ်တရက် လာခေါ်သွားနိုင်တယ်။

အချိန်မီစဉ် ပြင်ဆင်ပါ။
ငါမအိုသေးပါဘူးဆိုပြီး အားလုံးကို ထားခဲ့ရမှ ဝမ်းနည်းပြလို့ မရဘူး။
သေခြင်းတရားဆိုတာ ချက်ချင်းသွားနိုင်တယ်။

သတ္တဝါမှန်သရွေ့တရားတွေ့ အေးငြိမ်းသာယာ ရှိပါစေ...။

              ✍🏾အရှင်ဝိသုတ(မြင်းမူ)

 Credit..

No comments:

Post a Comment