စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, May 15, 2022

သစ္စာသိအောင်ကြိုးစားပါ

သစ္စာမသိပဲ သေကြပါက လောဘနဲ့သေ ပြိတ္တာဘဝ၊ ဒေါသနဲ့သေ ငရဲပြည်၊ မောဟနဲ့သေ တိရစ္တာန် ဘဝသို့ ရောက်ကြရ၏။

ကဿပဘုရားရှင်လက်ထက်၌ ဘုရား၊သံဃာများအတွက် ရည်စူး၍ ဆွမ်း၊စားဖွယ်များ ချက်ပြုတ်ပေးနေကြပြီး ကုသိုလ်ယူနေကြသည့်.လူအများရှိကြ၏။

ဘုရားနှင့်သံဃာများသို့.ဆွမ်းမကပ်သေးခင်၌ ကလေးတွေ ဗိုက်စာကာ ငိုယိုနေပါ၍  ဘုရားနှင့်သံဃာများသို့ ကပ်လှူမည့် ဆွမ်းစားဦးစားဖျားများကို ယူငင်ကျွေးမိကြ၏။

ဘုရားနဲသံဃာများသို့ ရည်စူးထားသည်ဆွမ်းကို ဘုရားနဲ့သံဃာများသို့ မကပ်လှူရသေးခင်၌ လွယ်ကူစွာပြုမှု၍ စားသုံးမိကြသော လုပ်ရပ်ကြောင့် ထိုကဲ့သို့ဝေယျာဝစ္စကုသိုလ်ယူ​နေကြသည့် လူတစ်စုသည် သေလွန်သည့်အခါ၌ ပြိတ္တာဘဝသို့ရောက်ကုန်ကြ၏။

ကဿပဘုရားရှင်လက်ထက်မှ.ဂေါတမဘုရားရှင်လက်ထက်အထိ ပြိတ္တာဘဝဖြင့်ရှိနေကြပါ၍ ဆွေမျိုးတော်စပ်ခဲ့ဘူးကြသည့် ဗိမ္မိသာရဘုရင်အား.အိပ်မက်ပေး၍ သူတို့ပြိတ္တာဘဝမှ ကျွတ်လွတ်လိုပါသဖြင့် ကုသိုလ်ပြုလုပ်ပေးပါရန်.တောင်းဆိုကြ၏။

ဘုရင်ကြီးမှ ကောင်းမှုကုသိုလ်များပြုပေးလိုက်ရာ ထိုပြိတ္တာများသည် အမျှများရကြပါ၍ သူတို့သည်ပြိတ္တာဘဝမှလွတ်မြောက်သွား​ပြီးဖြစ်ကြောင်းအား ဘုရင်ကြီးသို့ ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာဖြင့် ကိုယ်ထင်ပြ.ကြ၏။

ထိုပုဂ္ဂိုလ်များသည် ဘုရားနဲ့သံဃာအတွက်ချက်ထားသောဆွမ်းကို လုပ်ရင်းကိုင်ရင်း ချက်ရင်းပြုတ်ရင်း၌ လွယ်ကူစွာဖြင့် ယူငင် စားသောက်မိကြကာ အကုသိုလ်ပြုမိကြ၏။

ဤကဲ့သို  မထင်မှတ်သောလုပ်ရပ်သည် အကုသိုလ်ကိုအကြီးကြီးရစေ၏၊ ထိုလူတစ်စုသည် ကဿပဘုရားရှင်လက်ထက်မှ.ဂေါတမ ဘုရားရှင်လက်ထက်အထိ ပြိတ္တာဘဝ ဖြင့်နေကြရ၏။ 

အလွန်ကြောက်စရာကောင်းလှ၏၊ ပြိတ္တာဘဝ၌ အကြာကြီးနေကြရ၏၊ နောက်ဘုရားတစ်ဆူပွင့်မှသာ ကုသိုလ်ပြုပေးသူရှိ၍.ပြိတ္တာဘဝမှကျွတ်လွတ်ကြရ၏၊ ထိုဖြစ်ရပ်ကို သာဓကယူ၍ ကုသိုလ်ပြုလုပ်ရာ၌ သတိမူ၍  အကုသိုလ်မဖြစ်ရေးကို ရှောင်ရှားကြရမည်ဖြစ်၏။

ကောသလဘုရင်ကြီးသည် ဒု၊သ၊န၊သော ဆိုသည်.အသံနက်ကြီးများဖြင့် အော်ဟစ်လိုက်သည် အိမ်မက်ကိုမက်၏၊ ပုဏ္ဏားတွေက.ဤအိမ်မက်က မကောင်းပါ၍.ယစ်ပူဇော်ရမည်ဟု.အကြံပြကြ၏။

ယစ်ပူဇော်ရန်အတွက် သားကောင်တွေဖမ်းနေသည်ကို မလ္လိကာမိဖုရားမှမြင်သော် ဤအဖြစ်ကိုစူးစမ်း၍ ဘုရင်ကြီးကိုတား၏၊ မလ္လိကာမိဖုရားသည် ထက်မြက်၍ဥာဏ်ပညာဖြင့်ပြည့်စုံသောကြောင့် မြတ်စွာဘုရားထံသို့.လင်တော်မောင်ဘုရင်ကြီးအားခေါ်သွား၏။

မြတ်စွာဘုရားသည် ငရဲသို့ကျရောက်နေသည့် သူဌေးသားလေးဦး၏အဖြစ်ကိုရှင်းလင်းဟောကြား၏၊.ထိုသူဌေးသားလေးဦးသည် လူ့ဘဝ၌ အပျော်မှန်သမျှအကုန်ပြု၏၊.ကာမဂုဏ်သောင်းကျန်းကြ၏။

အိမ်ထောင်ရှိမိန်းမတွေကိုဖျက်ဆီးကြ၏၊ သေလွန်ကြသည့်အခါ ဤအကုသိုလ်ကံကြောင့် ပူ​လောင်၍ ပွက်ပွက်ဆူနေသော.ငရဲရေပြင်ထဲသို့ ကျသွားသွားသည်မှာ နှစ်သုံးသောင်းကြာ၏။

ကျသွားသည့် ငရဲကြမ်းပြင်မှ အပေါ်သို့ ပြန်၍ပေါ်လာသည်မှာ နှစ်သုံးသောင်းကြာ၏။ ဒီလောက်ကြောက်စရာကောင်းသည့် ဒုက္ခငရဲတွေကို ခံစားနေကြရပါ၍ မကောင်းမှုတွေကိုရှောင်ရှားကြဖို့ သူဌေးသားလေးဦးသည် ငရဲအိုးဝသို့​ပေါ်လာသည့်အချိန်လေး၌ အချင်းချင်းစကားလှမ်းပြောကြသည့်အသံနက်ကြီးအား.ဘုရင်ကြီးမှကြားသိ၍ ကြောက်လန့်နေခြင်းဖြစ်၏။

မြတ်စွာဘုရားသည် သူဌေးသားလေးဦးမှပြောလိုသည့်စကားအဓိပ္ပါယ်ကိုသိပါ၍ ထိုသူဌေးသားလေးဦး၏ဖြစ်စဥ်အား ကောသလဘုရင်ကြီးသို့ရှင်းလင်းဟောကြား၏။

 ဤအိမ်မက်သည် ဘုရင်ကြီးနှင်​့မပတ်သက်ကြောင်း၊ ဘုရင်ကြီး၌ အန္တရာယ်တစ်စုံတစ်ရာ မကျရောက်နိုင်ကြောင်း မြတ်ဗုဒ္ဓမှ  ပြောကြားသည့်အတွက် ယစ်ပူဇော်ခြင်းကိစ္စအား ပယ်ဖျက်လိုက်၏။

ငရဲဆိုသည်က ဤလောက်နှစ်အကြာကြီးခံရသည်ဖြစ်၏၊ စက္ကန့်မလပ်.နားချိန်မရှိခန္ဓာဝဋ်ဖြင့်ဆပ်နေကြရ၏၊ ငရဲအိုးထဲကျပါက အရည်ပျော်သွားနိုင်သော်လည်း
ငရဲဆိုသည်က သေဖို့ရန်မဟုတ်၊ ခံဖို့ရန်ဖြစ်၏။ 

မောဟနဲ့သေပါက.တိရစ္ဆာန် ဘဝသို့ရောက်ကြရ၏၊ ကျွန်မတို့ လူပြည်၌ပင်.လူနဲ့တိရစ္ဆာန် အချိုးချကြည့်ပါက တိရစ္တာန်က.ပို၍များ၏။

အိမ်တစ်အိမ်မှာလူလေးယောက်ရှိသည်ဆိုပါက ခြင်တွေအုပ်လိုက်ရှိနိုင်၏၊ ပုရွက်ဆိတ်တွေအုံလိုက်ရှိနိုင်၏၊ ယင်ကောင်တွေရှိနိုင်၏၊ ပိုးဟပ်၊ အိမ်မြောင်၊ ကြောင်၊ခွေး အစရှိသဖြင်​ ထိုအိမ်၌့ လူထက် တိရစ္တာန် အရေအတွက်ကပို၍များနေနိုင်၏၊ မျက်စိဖြင့် မမြင်နိုင်သော ပိုးမွှားလေးတွေလည်းရှိနိုင်ကြ၏။

မြစ်​၊ချောင်း၊ပင်လယ်ထဲ၌ ရေသတ္တဝါတွေအများကြီးရှိကြ၏၊ လေထဲ၌ငှက်မျိုးစုံရှိကြ၏၊ ကုန်းပေါ်၌ နွားတွေ၊ခွေးတွေ၊ဝက်တွေ၊ မြွေ၊ ဆိတ်၊ပျားအုံတွေ အစရှိသဖြင့် အပါယ်ဘုံသားတွေ တိရစ္ဆာန်တွေ လူပြည်၌  အလွန်များပြားစွာရှိကြ၏။ သူတို့သည်လည်း ယခင်ဘဝက လူသားတွေဖြစ်ခဲ့ကြမည်ဖြစ်နိုင်၏၊ သစ္စာမသိခဲ့ကြပါ၍ အကုသိုလ်ကံမှအကျိုးပေးနေပါ၍ အပါယ်လေးဘုံ၌ ရောက်နေကြရ၏။

တိရစ္ဆာန် တွေ၏ဘဝသည် အရမ်းသနားစရာကောင်း၏၊ 
နွားများအား လယ်ထဲ၌ခိုင်းကြ၏၊.ခိုင်း၍မကောင်းတော့ဘူးဆိုပါက အသုံးမတည့်တော့ဘူးဆိုပါက.သားသတ်သူထံသို့ရောင်းပြစ်လိုက်ကြ၏။

အသူရကာယ်ဘုံဆိုသည်က နေ့စံ၊ညခံ ဘုံဖြစ်၏၊ အသူရကာယ်များသည် နေ့ဘက်၌ နတ်စည်းစိမ်ချမ်းသာကိုခံစားကြရပြီး၊ ညဘက်၌ ငရဲခံကြရ၏။

အသူရကာယ်ဘုံများသို့ ရောက်ရခြင်းသည် ကုသိုလ်နဲ့အကုသိုလ်တွေ ဆတူ​လုပ်ခဲ့ကြ၍ဖြစ်၏၊ လူတစ်ဦးသည့် သားသတ်လုပ်ငန်းဖြင့် အသက်မွေးသော်.ထိုအကုသိုလ်ကံ၏ ဆိုးကျိုးပေးခံရမည်ကိုကြောက်၍၊ တစ်ဘက်မှကုသိုလ်ကောင်းမှုတွေ များစွာပြု ပြန်၏၊.ထိုပုဂ္ဂိုလ်များသည် သေလွန်သောအခါ.အဖြူအမည်းကံ အကျိုးပေးပါ၍ နေ့စံ၊ညခံ ဘုံဖြစ်သည့် အသူရကာယ်ဘုံသို့ရောက်ကြရ၏။

အထက်ပါ အပါယ်လေးဘုံသို့ မရောက်တော့သည့်.ပုဂ္ဂိုလ်များသည်.သစ္စာသိမြင်ထားကြသည့် ပုဂ္ဂိုလ်များသာဖြစ်ကြ၏၊ ဝိပဿနာတရားအားထုတ်၍ မဂ်ဥာဏ်၊ဖိုလ်ဥာဏ် တစ်ကြိမ်ဆိုက်ရောက်ပါက အောက်ဆုံးမဂ်၌ပင် သောတာပန် တည်၍ အပါယ်လေးပါးတံခါးပိတ်သွားရပြီဖြစ်၏။

သစ္စာသိမြင်ထားခြင်းမရှိ​သေးပါက ထိုအပါယ်လေးဘုံသည်  မိမိတို့နှင့်မသက်ဆိုင်ဟူ၍ ပြော၍မရ၊ ကုသိုလ်တွေအများကြီးပြုထားပါစေ ၊ အကုသိုလ်ကံမသေးသေးပါ၍၊ ကံကိုဥာဏ်မှမဖြတ်တောက်နိုင်သေးပါလျှင် အပါယ်လေးပါးဘေးဆိုးရန်သည်.အားကြီးလျက်ရှိကြ၏။

လူဘဝသည် အပိုင်ရထားခြင်းမဟုတ်ကြ၊ လူ့ဘဝ၌ ခိုင်တယ်မြဲတယ်ဆိုသည်က ဘာမှမရှိကြ၊ ဖြစ်နေသမျှပျက်နေကြ၏။ မမြဲသောဘဝထဲ၌ မြဲသောတရားကို ရှာဖွေကြရမည်ဖြစ်၏။

တရားရရှိထားပါက.သစ္စာသိမြင်ထားပါက ဂတိမြဲသွား၏၊ အပါယ်ငရဲမီးငြိမ်းသွား၏၊.သုဂတိဘုံ၌နတ်စည်းစိမ်ချမ်းသာကိုခံစားကြရပြီး နောက်ဆုံးဘဝသည် နိဗ္ဗာန်သို့ဝင်ရောက်ရ၏။

တရားရရှိထားသူများသည်.နတ်ပြည်၌ချမ်းသာစွာနေရရေးကိုစိတ်မဝင်စား၊ အပါယ်ငရဲသို့.ဘယ်တော့မှမရောက်ရတော့သည်ကိုသာ.ဝမ်းသာ၍ ကျေနပ်ရ၏။

တရားရရှိထားသည့် သူများသည် ကောင်းဆိုးနှစ်တန် လောကဓံတရားကို အပြုံးမပျက်ရင်ဆိုင်နိုင်သွား၏၊  မိမိကို ချီးမွန်းခြင်းကဲ့ရဲ့ခြင်းများကိုလည်း စိတ်မတုန်လှုပ်ပါပဲ ဥ​ပေက္ခါစိတ်ဖြင့် နေနိုင်သွား၏။

ကျွန်မက အာရုံနောက်သည့်အဖြစ်တွေကိုမကြိုက်၊ စိတ်ရှင်းစွာနေထိုင်၏၊ ကိုယ်မရှိမှ အဆင်ပြေသွားကြမည် အရပ်ကိုရှောင်၍ မိမိ၏ငြိမ်းချမ်းရာကိုရှာ၏။

ကျွန်မသည်.ဓမ္မကိုဖက်တွယ်၏၊ ဓမ္မသည် ကိုယ်ယူသလောက်ရ၍ ရသလောက်သည် ဘဝကိုငြိမ်းအေးစေ၏၊ မြတ်စွာဘုရားသည် သစ္စာသိမြင်အောင်ကြိုးစားကြဟုမိန့်၏။

သို့ပါ၍ သစ္စာသိမြင်အောင် လုံးလဝီရိယထားကာ ဝိပဿနာ တရားကို အားထုတ်၏၊ မဂ္ဂင်ရှစ်ပါးပွားများ၍ ခန္ဓာဥာဏ်ရောက် မဂ်ဖိုလ်ဆိုက်အောင်ပြုနိုင်ပါ၍ ပထမအကြိမ်နိဗ္ဗာန်မြင်သို့မြင်ရ၏။

 သစ္စာသိမြင်ပါမှ.အမှန်ငြိမ်းချမ်းကြရ၏၊ သစ္စာဆိုက်လိုက်သည့်အတွက် အပါယ်လေးပါးတံခါးပိတ်သွားရပါ၍ ဒုဂ္ဂတိဘဝကင်း၍.သုဂတိ ဘဝ၌တည်ပြီး နိဗ္ဗာန်ဖြစ်ပါ၍ အကြင်ပုဂ္ဂိုလ်သည် သံသရာအတွက် စိတ်အေးချမ်းသွားရပြီဖြစ်၏။

သိုပါ၍.လူ့ဘဝသို့ရောက်တုန်းကာလ၌ သစ္စာသိမြင်ပြီး သောတာပန်တည်ကာ အပါယ်မျိုးစေ့အား အမြစ်ဖြုတ်နိုင်ကြရန်နှင့် ၊.အို၊နာ၊သေ ရပ်ပြီး.ဒုက္ခကုန်သည့် .ရဟန္တာ ဘဝရပ်သည့်နိဗ္ဗာန် ရောက်အောင် ဝိပဿနာ အလုပ်ဖြင့်.တရားအားထုတ်ကြပါဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်ရှင်။

မြတ်ဗုဒ္ဓ၏သစ္စာလေးပါးမြတ်တရားအားကိုယ်ပိုင်ဥာဏ်ဖြင့်ထိုးထွင်းသိမြင်၍သောတာပန်၊သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာအဖြစ်သို့ ဆိုက်ရောက်နိုင်ကြပါစေကြောင်း မေတ္တာပို့သပေးလိုက်ပါသည်ရှင်။
🙏🙏🙏🙏🙏။

ရင်တွင်း၌ တရား​ကိန်း၍ ငြိမ်းကြပါစေ၊ သံသရာခရီးလမ်းဖြောင့်ဖြူးကြပါစေရှင်၊ သာဓုသာဓုသာဓုပါရှင် 🙏။

မေတ္တာဖြင့်............ရှင်ငြိမ်း။

Credit.. ရှင်ငြိမ်း

No comments:

Post a Comment